အပိုင်း ၆ နိဒါန်း
အစ္စရေးလူမျိုးဟာ ကတိပေးထားတဲ့ပြည်ကို ရောက်လာတဲ့အခါ တဲတော်ဟာ စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ အဓိကနေရာ ဖြစ်လာတယ်။ ပညတ်တရားကို ပုရောဟိတ်တွေ သွန်သင်ပေးပြီး တရားသူကြီးတွေက အုပ်ချုပ်ခဲ့တယ်။ လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်တွေက သူများကို ဆိုးကျိုး၊ ကောင်းကျိုးဖြစ်စေတယ်ဆိုတာ ဒီအပိုင်းမှာ ဖော်ပြတယ်။ အစ္စရေးတစ်ဦးစီက ယေဟောဝါနဲ့ အချင်းချင်းအပေါ် ထမ်းဆောင်ရမယ့်တာဝန် ရှိတယ်။ ဒေဗောရ၊ နောမိ၊ ယောရှု၊ ဟန္န၊ ယေဖသ သမီး၊ ရှမွေလတို့ဟာ သူတို့ဝန်းကျင်မှာနေတဲ့သူတွေအပေါ် အကျိုးပြုခဲ့တယ်ဆိုတာ ဖော်ပြတယ်။ အစ္စရေးလူမျိုးမဟုတ်တဲ့ ရာခပ်၊ ရုသ၊ ယေလ၊ ဂိဗောင်မြို့သားတွေတောင် ဘုရားသခင်ဟာ အစ္စရေးလူမျိုးနဲ့ အတူရှိတယ်ဆိုတာသိလို့ အစ္စရေးဘက် ပါလာတယ်ဆိုတာ အလေးပေးဖော်ပြပါ။