ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lmd သင်ခန်းစာ ၂
  • သဘာဝကျကျ စကားဖောင်ဖွဲ့ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သဘာဝကျကျ စကားဖောင်ဖွဲ့ပါ
  • လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖိလိပ္ပု ဘာလုပ်သလဲ
  • ဖိလိပ္ပုဆီကနေ ဘာသင်ယူရသလဲ
  • ဖိလိပ္ပုကို အတုယူပါ
  • ဖိလိပ္ပု—စိတ်အားထက်သန်သော ဧဝံဂေလိဟောပြောသူတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—အလွတ်သဘော သက်သေခံနိုင်ဖို့ အစပြုစကားပြောဆိုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • တခြားသူတွေကို စိတ်ဝင်စားပါ
    လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • “ယေရှုအကြောင်း သတင်းကောင်းကို” ဟောပြောခြင်း
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
နောက်ထပ် ကြည့်ပါ
လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
lmd သင်ခန်းစာ ၂

စကားစမြည် စပြောခြင်း

မြင်းရထားပေါ်မှာ ကျမ်းလိပ် ဖတ်နေတဲ့ အီသီယိုးပီးယား မိန်းမစိုးနဲ့ သတင်းကောင်း ဟောပြောသူ ဖိလိပ္ပု စကားပြောနေ။

တ. ၈:၃၀၊ ၃၁

သင်ခန်းစာ ၂

သဘာဝကျကျ စကားဖောင်ဖွဲ့ပါ

ကျမ်းစာမူ။ “သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ သိပ်ကောင်းတယ်။”—ပညာ. ၁၅:၂၃။

ဖိလိပ္ပု ဘာလုပ်သလဲ

မြင်းရထားပေါ်မှာ ကျမ်းလိပ် ဖတ်နေတဲ့ အီသီယိုးပီးယား မိန်းမစိုးနဲ့ သတင်းကောင်း ဟောပြောသူ ဖိလိပ္ပု စကားပြောနေ။

ဗီဒီယို။ အီသီယိုးပီးယား မိန်းမစိုးကို ဖိလိပ္ပု သတင်းကောင်း ဟော

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် တမန်တော် ၈:၃၀၊ ၃၁ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1. က။ ဖိလိပ္ပု ဘယ်လို စကား စသလဲ။

  2. ခ။ စကား စပြောဖို့၊ ကျမ်းစာထဲက မသိသေးတဲ့ အကြောင်းအရာ ပြောပြဖို့ ဒါ ဘာကြောင့် သဘာဝကျတဲ့ နည်း ဖြစ်သလဲ။

ဖိလိပ္ပုဆီကနေ ဘာသင်ယူရသလဲ

၂။ သဘာဝကျကျ စကားဖောင်ဖွဲ့တဲ့အခါ တစ်ဖက်သား စိတ်ပေါ့ပေါ့ပါးပါး ရှိလာမယ်။ ကျွန်တော်တို့ ပြောတာ ပိုနားထောင်ချင်လာမယ်။

ဖိလိပ္ပုကို အတုယူပါ

၃။ အကဲခတ်ပါ။ မျက်နှာနေ မျက်နှာထား၊ ကိုယ်ဟန်အမူအရာ ကြည့်ပြီး လူတစ်ယောက်အကြောင်း အများကြီး သိနိုင်တယ်။ သူ စကားပြောချင်ပုံ ပေါ်သလား။ စကားပြောချင်ပုံ ပေါ်တယ်ဆိုရင် “. . . အကြောင်း ကြားဖူးသလား” လို့ ရိုးရိုးလေး မေးပြီး ကျမ်းစာထဲက အကြောင်းအရာ တစ်ခုခု စပြောနိုင်တယ်။ စကား မပြောချင်တဲ့သူကို ဇွတ်မပြောပါနဲ့။

၄။ စိတ်ရှည်ပါ။ ကျမ်းစာအကြောင်း ချက်ချင်း ပြောရမယ်လို့ မတွေးပါနဲ့။ စကား လမ်းကြောင်း တည့်လာမယ့်အချိန် စောင့်ပါ။ တစ်ခါတလေကျတော့ နောက်တစ်ခေါက် ပြန်တွေ့မှ စကားလမ်းကြောင်း တည့်လာတာ ဖြစ်နိုင်တယ်။

၅။ ပြောင်းသာလဲသာ ရှိပါ။ ပြောရင်း ပြောရင်း တစ်ဖက်လူ စကားကြောင့် စကားလမ်းကြောင်း ပြောင်းသွားနိုင်တယ်။ ကိုယ် စဉ်းစားထားတာက တစ်ခု၊ ဦးတည်သွားတာက တစ်ခု ဖြစ်နေရင်တောင် သူနဲ့ ကိုက်တဲ့ အကြောင်းအရာကို စိတ်လိုလက်ရ ပြောပါ။

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ

ဒေ. ၃:၁၊ ၇။ ၁ ကော. ၉:၂၂။ ၂ ကော. ၂:၁၇။ ကော. ၄:၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ