ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၂/၁၅ စာ. ၅-၈
  • ငြိမ်းချမ်းရေး—အစစ်အမှန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငြိမ်းချမ်းရေး—အစစ်အမှန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟေရှာယ၏သတင်းတော်
  • မြင့်မြတ်သောညွှန်ကြားချက်
  • စစ်မှန်သောဝတ်ပြုရေး
  • ဆုံးဖြတ်ရန်အချိန်
  • ယေဟောဝါ၏ အိမ်တော် ချီးမြှောက်ခြင်း ခံရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ကမ္ဘာ့ငြိမ်းချမ်းရေး ဘယ်လိုရနိုင်မလဲ။
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • စစ်မှန်သောငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်စေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ‘ထာဝရဘုရား၏ တောင်တော်သို့ တက်သွားကြကုန်အံ့’
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၂/၁၅ စာ. ၅-၈

ငြိမ်းချမ်းရေး—အစစ်အမှန်

ငြိမ်းချမ်းရေးရရန်ယူအဲန်၏ ကြိုးပမ်းချက်နောက်ကွယ်ရှိစိတ်ကူးကို လူအများအပြစ်တင်ကြမည်မဟုတ်ချေ။ “ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာ ထုလုပ်ကြပါစို့’ ဟုကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယူအဲန်၏ပန်းတိုင်ကိုဖော်ပြထားကြောင်း” “The World Book Encyclopedia” ဆိုထားပြီး၊ ယူအဲန်၏အဓိကပန်းတိုင်နှစ်ရပ်မှာ ငြိမ်းချမ်းရေးနှင့်လူ့သိက္ခာဖြစ်ကြောင်း ထပ်ဆင့်လိုက်သည်။

ဤဖော်ပြထားသော ရုပ်တုအောက်မှစာတန်းသည် ဟေရှာယအခန်းကြီး ၂ အခန်းငယ် ၄ ရှိသမ္မာကျမ်းပရောဖက်ပြုချက်မှ စကားများဖြစ်သည်။ ခေတ်မီဘာသာပြန်ကျမ်းစောင်တစ်ခုအရ ဤသို့ဆိုထားသည်။

“သူတို့သည်သူတို့၏ဓားများကို ထွန်သွားအဖြစ်နှင့်သူတို့၏လှံများကို တံစဉ်အဖြစ်ထုလုပ်ကြလိမ့်မည်။”

ဤထည်ဝါသောစကားများက ယူအဲန်အဖွဲ့ဝင်များ ထာဝရငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းရေးရရှိရန်အတွက် လှုံ့ဆော်ချက်ဖြစ်ခဲ့ပေသည်။ သို့သော်ဝမ်းနည်းဖွယ်ကား ၁၉၄၅ ဒုတိယကမ္ဘာစစ်အကုန်တွင် အစပြုခဲ့သောယူအဲန်၏ရာဇဝင်က တစ်မျိုးတစ်ဖုံတင်ပြလျက်ရှိလေသည်။ အဘယ်ကြောင့်နည်း။ အခြေခံအားဖြင့် ဟေရှာယမှကိုးကားထားသော အထက်ပါစကားများကို လူအုပ်စိုးရှင်များပြုလုပ်ခဲ့သကဲ့သို့ သီးခြားယူ၍မရချေ။ ဤကျမ်းပိုဒ်၏အထက်အောက်စကားများလည်း အားလုံးပင်အရေးကြီးလေသည်။ အရေးကြီးပုံကိုသုံးသပ်ကြည့်ပါ။

ဟေရှာယ၏သတင်းတော်

ဟေရှာယသည်ပရောဖက်တစ်ဦးဖြစ်သည်။ သူကလူအမျိုးအနွယ်ခပ်သိမ်းအတွက် ညီညွတ်စည်းလုံးသော၊ ဘုန်းတန်ခိုးနှင့်ပြည့်စုံသော ရူပါရုံအကြောင်းပြောပြသည်။ ဤရူပါရုံအကောင်အထည်ပေါ်လာရန် လူများသည်တစ်စုံတစ်ခုပြုလုပ်ရမည်။ အဘယ်နည်း။ အခန်းငယ် ၄ နှင့်ဆက်နွယ်နေသော အခန်းငယ် ၂ နှင့် ၃ ၏အရေးကြီးပုံကို သုံးသပ်ကြည့်ပါ။

“[၂] နောက်ဆုံးသောကာလ၌ထာဝရဘုရား [ယေဟောဝါ၊ NW] ၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့စည်းဝေးကြလိမ့်မည်။ [၃]များပြားသောသူတို့ကလည်း လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည်ခြေတော်ရာသို့လိုက်သွားကြမည်ဟု ခရီးသွားလျက်ပြောဆိုကြလိမ့်မည်။ တရားတော်သည်ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။ [၄] ထာဝရဘုရားသည်လူမျိုးတို့တွင်တရားစီရင်၍ များပြားသောလူမျိုးတို့ကို ဆုံးမတော်မူသဖြင့် သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကိုတံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက် စစ်အတတ်ကိုလည်းနောက်တစ်ဖန်မသင်ရကြ။”

ပထမဆုံး၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ယေဟောဝါသည် ကျွန်ုပ်တို့အား “လမ်းခရီးတော်တို့ကို” သွန်သင်ပေးရန် အခွင့်အာဏာရှိကြောင်း အသိအမှတ်ပြုရမည်။ နောက်ပိုင်းတွင်ဟေရှာယမှတ်တမ်းတင်ထားသည့်အတိုင်းယင်းသည် ‘ကျွန်ုပ်တို့၏အကြံအစည်ထက်သာ၍မြင့်’ လေသည်။ (ဟေရှာယ ၅၅:၉၊ NW) လူအများသည်၊ အထူးသဖြင့်ကိုယ့်ကိုယ်ကို အရေးပါသည်ဟုထင်သော ကမ္ဘာ့ခေါင်းဆောင်များသည် ယင်းကိုအသိအမှတ်ပြုရန် ခက်ခဲကြသည်။ သူတို့မျက်စိတွင် သူတို့လမ်းစဉ်များသာမှန်သည်။ သို့သော်လည်း၊ သူတို့၏လမ်းစဉ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လက်နက်ဖျက်သိမ်းခြင်းသို့ မပို့ဆောင်နိုင်သောကြောင့် ထိုသို့သောလမ်းစဉ်ဆက်လက်လိုက်လျှောက်ခြင်း၏ အချည်းနှီးဖြစ်ပုံကို အတိအလင်းဖော်ပြလေသည်။

ဒုတိယမှာ၊ လူတစ်ဦးစီသည်ဘုရားဥပဒေများနှင့်အညီ ပုံသွင်းခံရန်ဆန္ဒ အလွန်အမင်းလိုအပ်ကြောင်းသတိပြုပါ။ “ငါတို့သည်ကိုယ်တော်၏ ခြေတော်ရာသို့လိုက်သွားကြမည်”။ (NW) ထိုအခြေခံပေါ်၌သာလျှင် ဓားလက်နက်များကိုထွန်တုံးနှင့် လှံများကိုတံစဉ်အဖြစ်ကမ္ဘာချီအတိုင်းအတာဖြင့် ထုလုပ်လိုက်မည်။ ထိုသို့သောတောင့်တမျှော်လင့်နေသည့် ပန်းတိုင်ကိုမည်သို့ရရှိနိုင်မည်နည်း။

မြင့်မြတ်သောညွှန်ကြားချက်

လူအများသည် ယေဟောဝါရှင်၏ညွှန်ကြားချက်များပါဝင်သောစာအုပ် သမ္မာကျမ်းစာရရှိထားသည်။ သို့သော်ယင်းကိုပိုင်ဆိုင်ထားရုံထက်မက ပို၍လိုအပ်ပါသည်။ ဟေရှာယက ယေဟောဝါရှင်၏ပညတ်တော်နှင့် နှုတ်ကပတ်တော်သည် “ယေရုရှလင်” မှပေါ်ထွက်လိမ့်မည်ဟု ဆိုထားသည်။ ယင်းကဘာကိုဆိုလိုသနည်း။ ဟေရှာယလက်ထက်တွင် စာသားအရမြို့သည် ဘုရင်ဆိုင်ရာအာဏာတော်၏ပင်ရင်းဖြစ်ပြီး၊ သစ္စာရှိဣသရေလများအားလုံးကြည့်မျှော်ရာ ဖြစ်လေသည်။ (ဟေရှာယ ၆၀:၁၄) နောက်ပိုင်းတွင် ယေရှုခရစ်၏တမန်တော်များအချိန်၌ယေရုရှလင်သည် ထိုမြို့တွင်ရှိခရစ်ယာန်အုပ်ချုပ်ရေးအဖွဲ့မှလာသော ညွှန်ကြားချက်များအတွက် ဗဟိုချက်မဖြစ်နေဆဲပင်။—တမန်တော် ၁၅:၂။ ၁၆:၄။

ယနေ့ကောမည်သို့နည်း။ “နောက်ဆုံးသောနေ့ရက်များ၌” ဟုဟေရှာယကသူ၏သတင်းကို စကားပလ္လင်ခံထားသည်ကို သတိပြုပါ။ အချို့ဘာသာပြန်များက “နောက်ဆုံးသောနေ့ရက်ကာလ၌” ဟုဆိုထားသည်။ (သမာ) ၁၉၁၄ မှစ၍ကျွန်ုပ်တို့သည် ဤလက်ရှိကမ္ဘာ့အစီအစဉ်၏ နောက်ဆုံးနေ့ရက်များတွက် အသက်ရှင်နေကြောင်းထောက်ခံရန် ဤမဂ္ဂဇင်း၏စာမျက်နှာများတွင် အထောက်အထားများကို မှန်မှန်တင်ပြလျက်ရှိသည်။ ထို့ကြောင့်အခန်းငယ် ၃ နှင့် ၄ အရကျွန်ုပ်တို့ဘာတွေ့ရန်မျှော်လင့်နိုင်သနည်း။

စစ်အတတ်ကိုမသင်တော့ပဲ “သူတို့၏ဓားလက်နက်များကိုထွန်တုံး” ဖြစ်စေရန်ထုလုပ်ခဲ့သော လူအုပ်ကြီးပင်ဖြစ်သည်။ နိုင်ငံပေါင်း ၂၀၀ ကျော်တွင်လူအမျိုးအနွယ်ခပ်သိမ်းမှ ၄ သန်းသောယောက်ျား၊ မိန်းမနှင့်ကလေးတို့သည် တစ်ညီတစ်ညွတ်တည်းပူးပေါင်းကာ၊ တစ်ဦးနှင့်တစ်ဦးငြိမ်းချမ်းစွာနေထိုင်လျက် သမ္မာကျမ်းစာ၏ငြိမ်သက်သောသတင်းကို သူတို့၏အိမ်နီးချင်းများအား ဟောပြောလျက်ရှိသည်။ သူတို့ကိုကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများအဖြစ်သိကြသည်။

သူတို့တွင်ကမ္ဘာချီလုပ်ငန်းများကို လိုအပ်သောကြီးကြပ်မှုကိုပေးသည့် ကမ္ဘာ့အစိတ်အပိုင်းအသီးသီးမှ ခရစ်ယာန်အသက်ကြီးသူ အမျိုးသားများပါဝင်သည့် မျက်မှောက်ခေတ်အုပ်ချုပ်ရေးအဖွဲ့ရှိသည်။ ဤအမျိုးသားများသည် ပထမရာစု၊ ယေရုရှလင်ရှိတမန်တော်များနှင့် အသက်ကြီးသူများကဲ့သို့ ဤမြေကြီးပေါ်ရှိကိုယ်တော်၏ နိုင်ငံတော်အကျိုးစီးပွားအားလုံးကိုစောင့်ရှောက်ရန် ယေရှုခန့်အပ်ထားသော သစ္စာရှိကျေးကျွန်အတန်းအစားမှ ဘိသိက်ခံများဖြစ်သည်။ သူတို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုကိုလိုက်လျှောက်ရန် ယုံကြည်စိတ်ချနိုင်ပြီး၊ ဘုရားသိုးတော်စုအား စစ်မှန်သောငြိမ်းချမ်းသည့် လမ်းတော်များကိုသွန်သင်ရာ၌ လူ့ဉာဏ်ပညာကိုမကိုးစားကြောင်း ရာဇဝင်ကသက်သေထူခဲ့ပေပြီ။—မဿဲ ၂၄:၄၅-၄၇။ ၁ ပေတရု ၅:၁-၄။

စစ်မှန်သောဝတ်ပြုရေး

ငြိမ်းချမ်းစွာအသက်ရှင်ခြင်းတွင် ဦးခေါင်းထဲရှိအသိပညာ သို့မဟုတ် မြင့်မြတ်သောညွှန်ကြားချက်များနှင့်အညီနေထိုင်လိုသော ဆန္ဒထက်မကပတ်သက်နေသည်။ ဟေရှာယရှင်းလင်းစွာပြောခဲ့သည့်အတိုင်း နှလုံးထဲမှဆက်ကပ်ဝတ်ပြုခြင်းနှင့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ယေဟောဝါအား ဝတ်ပြုခြင်းများသည်အရေးပါ၏။

ပရောဖက်က “ထာဝရဘုရား [ယေဟောဝါ၊ NW] ၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။” ရှေးအချိန်ကအချို့တောင်များနှင့် တောင်ကုန်းများသည် ရုပ်တုဆိုင်ရာဝတ်ပြုရေးအတွက် နေရာများအဖြစ်နှင့် မှောက်မှားသောဘုရားများအတွက် သန့်ရှင်းရာနေရာများဖြစ်သည်။ ဘုရင်ဒါဝိဒ်သည်သန့်ရှင်းသောပဋိညာဉ်သေတ္တာကို ပင်လယ်ပြင်အထက်ပေ ၂၅၀၀ မြင့်သောဇိအုန်တောင် (ယေရုရှလင်) ရှိသူစိုက်ထူခဲ့သော တဲတော်သို့ယူဆောင်ခဲ့စဉ် သူသည်ဘုရားမိန့်မှာချက်အတိုင်း လုပ်ဆောင်နေကြောင်းထင်ရှားသည်။ နောက်ပိုင်း၌မောရိတောင်တွင် ယေဟောဝါ၏မဟာဗိမာန်ကိုတည်ဆောက်သောအခါ “ဇိအုန်” ဟုခေါ်ဆိုရာတွင် ဗိမာန်တော်နယ်မြေပါ,ပါဝင်လာခဲ့သည်။ ထို့ကြောင့်ဗိမာန်တော်သည် ပတ်ဝန်းကျင်ရှိအခြားဒိဌိနေရာများထက် ပိုမိုမြင့်မားစွာချီးမြှောက်ခံရလေသည်။ ယေရုရှလင်ကိုယ်နှိုက်ကိုယ်လည်း ကိုယ်တော်၏ “သန့်ရှင်းသောတောင်တော်” ဟုခေါ်ခဲ့သည်။ သို့ဖြင့်ယေဟောဝါ၏ဝတ်ပြုရေးသည် ချီးမြှောက်ခံရသောအခြေအနေတွင် တည်ရှိနေခဲ့လေသည်။—ဟေရှာယ ၈:၁၈။ ၆၆:၂၀။

ယနေ့တွင်လည်း ယေဟောဝါဘုရားရှင်၏ဝတ်ပြုရေးသည် ပုံဆောင်ရာတောင်ကဲ့သို့ ချီးမြှောက်ခံရလေသည်။ ယင်းသည်အခြားဘာသာရေးများမပြုလုပ်နိုင်သော အရာကိုပြုလုပ်ခဲ့သည်နှင့်အညီ ယင်း၏ပေါ်လွင်မှုသည် အားလုံးမြင်တွေ့ဖို့ရန်ဖြစ်သည်။ ယင်းကားအဘယ်နည်း။ ယင်းသည်ယေဟောဝါ၏ဝတ်ပြုသူအားလုံးကို စည်းလုံးစေခဲ့ပြီး၊ ပျော်ရွှင်စွာဖြင့်သူတို့၏ဓားလက်နက်များကို ထွန်တုံးလုပ်ကာ စစ်အတတ်ကိုမသင်ကြတော့။ နိုင်ငံနှင့်လူမျိုးရေးအကာအဆီးများက သူတို့အားခွဲခြားထား၍ မရတော့ချေ။ သူတို့သည်ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေကြသော်လည်းသူတို့သည်စည်းလုံးသောလူမျိုး၊ ညီအစ်ကိုအသင်းအပင်းအဖြစ် နေထိုင်နေကြသည်။—ဆာလံ ၃၃:၁၂။

ဆုံးဖြတ်ရန်အချိန်

ဤအရာအားလုံးက သင့်ကိုမည်သို့ထိခိုက်သနည်း။ အခြားဟေဗြဲပရောဖက်၏စကားများသည် အသင့်လျော်ဆုံးဖြစ်လေသည်။ “ကွပ်မျက်ရာချိုင့်၌လူများစည်းဝေးလျက်၊ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရဘုရား [ယေဟောဝါ၊ NW] ၏နေ့ရက်သည်ရောက်လုနီးပြီ။” (ယောလ ၃:၁၄) ဘုရားရှင်၏လက်တော်တွင် စစ်မှန်သောငြိမ်းချမ်းရေးလမ်းတော်များကို သင်ယူမည်လော၊ သို့မဟုတ် မကြာမီဆုံးခန်းတိုင်တော့မည့် လက်နက်ရှေ့ထားသောဘဝကို ဆက်လက်ထောက်မမည်လော။ လူသားအားလုံးအတွက် သန္နိဌာန်ချမှတ်ရန်အရေးကြီးသော အချိန်ပင်ဖြစ်သည်။

ယေရှုကကျွန်ုပ်တို့လက်ထက်တွင် ကြီးမားလှသောဟောပြောခြင်းလုပ်ငန်း ပြီးမြောက်မည့်အကြောင်း ကြိုတင်ဟောခဲ့သည်။ ထိုဟောပြောခြင်းသည် စစ်ဖြင့်ယိုယွင်းနေသောဤကမ္ဘာကို ဘုရားရှင်နိုင်ငံတော်သည် ငြိမ်းချမ်းရေးဖြစ်ပေါ်စေမည့်အကြောင်း “သတင်းကောင်း” ဖြစ်သည်။ (မဿဲ ၂၄:၁၄) လွန်ခဲ့သည့်နှစ်တွင်ယေဟောဝါသက်သေများသည် ကမ္ဘာတစ်ဝန်းတွင်ကျမ်းစာသင်အံမှုပေါင်း သုံးသန်းကျော်ကျင်းပခဲ့သည်။ ဤပတ်စဉ်သင်အံမှုအချို့သည် တစ်ဦးချင်းစီနှင့်ပြုလုပ်ပြီး၊ အများစုမှာမိသားစုများနှင့်ဖြစ်သည်။ ထိုတွင်သန်းပေါင်းများစွာသောကလေးများကို သူတို့၏နောင်ရေးအတွက်စိတ်ချရသော မျှော်လင့်ချက်ကိုပေးပြီး၊ သူတို့၏မိဘများသည် သူတို့ကြုံတွေ့ခဲ့ရသော၊ သူတို့ပင်ပါဝင်ကောင်းပါဝင်ခဲ့မည့်စစ်များသည် ယေဟောဝါဘုရားပြုလုပ်ပေးမည့် ကမ္ဘာသစ်တွင်ရှိတော့မည်မဟုတ်ကြောင်း အခိုင်အမာသိရှိခဲ့ကြသည်။

အပြန်အလှန်စိတ်ချရသော၊ ငြိမ်းချမ်းသော၊ ကမ္ဘာဖြစ်မည်ပါတကား။ စစ်လက်နက်များသည် အတိတ်၏ပစ္စည်းများဖြစ်မည့်အလျှောက် လက်နက်ဖျက်သိမ်းခြင်းအကြောင်း စိုးရိမ်စရာမလိုတော့ချေ။ ကိုယ်တော်၏ဖြောင့်မတ်သော နိုင်ငံတော်အောက်တွင်အသက်တာကို အပြည့်အဝရှင်နိုင်ရန်ပြင်ဆင်ဖို့ ယခုမေတ္တာဖြင့်သွန်သင်နေသော “ငြိမ်သက်ခြင်းပေးရှင်ဘုရားသခင်” ယေဟောဝါကို အားလုံးကျေးဇူးတင်ရှိကြသည်။—ရောမ ၁၅:၃၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ