ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၂၅
  • ကမ္ဘာ့ငြိမ်းချမ်းရေး ဘယ်လိုရနိုင်မလဲ။

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ငြိမ်းချမ်းရေး ဘယ်လိုရနိုင်မလဲ။
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • “ဘုရားသခင်၏ငြိမ်သက်ခြင်း” သည် သင်၏စိတ်နှလုံးကို စောင့်မစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • စစ်မှန်သော ငြိမ်သက်ခြင်း—အဘယ်ဇာစ်မြစ်မှနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • စစ်မှန်သောငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်စေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ငြိမ်းချမ်းရေး—အစစ်အမှန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၂၅
လူမျိုးမတူတဲ့လူများ

ကမ္ဘာ့ငြိမ်းချမ်းရေး ဘယ်လိုရနိုင်မလဲ။

သမ္မာကျမ်းစာဖြေဆိုရာ

ကမ္ဘာတစ်ခုလုံး ငြိမ်းချမ်းလာပါလိမ့်မယ်။ ဒါပေမဲ့ လူ့ကြိုးစားအားထုတ်မှုကြောင့်တော့ မဟုတ်ဘူး။ ဘုရားသခင့်နိုင်ငံတော်အားဖြင့် ဖြစ်လာမယ်။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကောင်းကင်မှာအခြေစိုက်တဲ့အစိုးရဖြစ်ပြီး အုပ်ချုပ်သူက ခရစ်တော်ယေရှုဖြစ်တယ်။ ဒီအံ့ဖွယ်မျှော်လင့်ချက်အကြောင်း သမ္မာကျမ်းစာက ဘယ်လိုဖော်ပြသလဲဆိုတာ သတိပြုကြည့်ပါ။

  1. ၁။ ဘုရားသခင်က “မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ” မယ်။ “မြေကြီးပေါ်၌လည်း ဘုရားသခင်၏မျက်နှာသာရသူတို့တွင် ငြိမ်သက်ခြင်းရှိပါစေ” ဆိုတဲ့ကတိတော်ကို ပြည့်စုံစေမယ်။—ဆာလံ ၄၆:၉၊ လုကာ ၂:၁၄။

  2. ၂။ ဘုရားသခင့်နိုင်ငံတော်က ကောင်းကင်ကနေ တစ်ကမ္ဘာလုံးကို အုပ်ချုပ်မယ်။ (ဒံယေလ ၇:၁၄) တစ်ကမ္ဘာလုံးကို အုပ်ချုပ်တဲ့အစိုးရဖြစ်တဲ့အတွက် ပဋိပက္ခတွေဖြစ်ရတဲ့အကြောင်းရင်းဖြစ်တဲ့ နိုင်ငံချစ်စိတ်ဆိုတာကို အမြစ်ပါမကျန် ဖယ်ရှားပစ်မှာဖြစ်တယ်။

  3. ၃။ ဘုရားသခင့်နိုင်ငံတော်ရဲ့ အုပ်စိုးရှင်ဖြစ်တဲ့ ယေရှုကို “ငြိမ်သက်ခြင်းအရှင်” လို့ခေါ်ထားတယ်။ ယေရှုဟာ ငြိမ်းချမ်းရေးကို အမြဲတမ်းရှိစေမှာဖြစ်တယ်။—ဟေရှာယ ၉:၆၊ ၇။

  4. ၄။ ဆက်ပြီးတိုက်ခိုက်နေဖို့ ဆုံးဖြတ်ထားသူတွေကို ဘုရားသခင့်နိုင်ငံတော်က လက်ခံမှာမဟုတ်ဘူး။ ဘုရားသခင်က “ကြမ်းကြုတ်ခြင်းနှစ်သက်သောသူကို မုန်း” တဲ့အတွက်ဖြစ်တယ်။—ဆာလံ ၁၁:၅၊ သမ၊ သုတ္တံ ၂:၂၂။

  5. ၅။ ဘုရားသခင်က မိမိလက်အောက်ခံတွေကို ငြိမ်းချမ်းစွာ ဘယ်လိုနေရမလဲဆိုတာ သင်ပေးတယ်။ ကိုယ်တော့်သွန်သင်ချက်တွေရဲ့ရလဒ်ကို သမ္မာကျမ်းစာက ခုလိုဖော်ပြတယ်– “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။”—ဟေရှာယ ၂:၃၊ ၄။

ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့ ယေဟောဝါသက်သေတွေဟာ ငြိမ်းချမ်းစွာ ဘယ်လိုနေထိုင်ရမလဲဆိုတာ ဘုရားသခင်ဆီက သင်ယူနေကြပါတယ်။ (မဿဲ ၅:၉) ကျွန်ုပ်တို့က လူမျိုးအမျိုးမျိုးဖြစ်ပြီး နိုင်ငံနဲ့ နယ်မြေပေါင်း ၂၃၀ ကျော်မှာနေထိုင်ကြပေမဲ့ ကျွန်ုပ်တို့ထဲက ဘယ်သူကမှ လူလူချင်းတိုက်ခိုက်ဖို့ လက်နက်မကိုင်ကြဘူး။

ငြိမ်းချမ်းရေးလမ်းစဉ်ကို ယေဟောဝါသက်သေတွေ ဒီနေ့အချိန်မှာ သင်ယူနေကြပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ