ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၁၀/၁၅ စာ. ၈
  • ‘အရပ်ရပ်၌ကပ်ရောဂါသင့်ရောက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အရပ်ရပ်၌ကပ်ရောဂါသင့်ရောက်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗိုင်းရတ်ပိုး ကူးစက်ပျံ့နှံ့မှု—ဘယ်လို ကာကွယ်နိုင်မလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ဖြေရှင်းနည်းကား အဘယ်နည်း
    နိုးလော့!—၁၉၉၇
  • အေအိုင်ဒီအက်စ်—ယင်းကို မည်သို့တိုက်ဖျက်နိုင်
    နိုးလော့!—၂၀၀၁
  • ၂၀ ရာစု ရောဂါကပ်ဘေး
    နိုးလော့!—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၁၀/၁၅ စာ. ၈

‘အရပ်ရပ်၌ကပ်ရောဂါသင့်ရောက်ခြင်း

ခိုင်းနှိုင်းဖွယ်မရှိလောက်အောင်ကြီးမားသည့်အတိုင်းအတာဖြင့် ကပ်ရောဂါသင့်ရောက်ခြင်းသည် ကြိုတင်ဟောပြောထားသည့် “ [ယေရှုခရစ်] ရောက်ရှိခြင်းနှင့်ဤစနစ်ဆုံးခန်း၏နိမိတ်” ကြန်အင်လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ (မဿဲ ၂၄:၃၊ ကဘ) ခရစ်ဝင်ကျမ်းရေးဆရာလုကာက မဿဲနှင့်မာကုရေးသားသည့်မှတ်တမ်း၌ဖော်ပြမထားသော ဤအသေးစိတ်အကြောင်းကိုဖြည့်စွက်ထားသည်။ နောက်ဆုံးသောနေ့ရက်များအတွင်း “အရပ်ရပ်၌” ကူးစက်ရောဂါများနှင့်အကြီးအကျယ်သေစေနိုင်သည့်ကပ်ရောဂါများဖြစ်ပွားလိမ့်မည်။ (လုကာ ၁:၃။ ၂၁:၁၁) ထိုသို့သောရောဂါများအဘယ်မှလာကြမည်နည်း။

“ကမ္ဘာ့အပူပိုင်းဒေသများတွင် ပုန်းအောင်းစောင့်ဆိုင်းနေသည့်ဗိုင်းရတ်ပိုးအမျိုးမျိုးရှိကြောင်း၊ ၄င်းတို့သည်သဘာဝစွမ်းအား၏အားပေးမှုခံရပါက အေအိုင်ဒီအက်စ်ကပ်ရောဂါကြောင့်သေဆုံးနိုင်ဖွယ်ရှိသည့် အသက်ပေါင်းများစွာထက်ပို၍များပြားသည့်အသက်များကိုဆုံးရှုံးစေနိုင်ကြောင်းသိပ္ပံပညာရှင်များသိရှိထားကြသည်” ဟူ၍ Science News ဂျာနယ်ကဖော်ပြသည်။ “ကမ္ဘာ့ဗိုင်းရတ်ပိုးစစ်တမ်းအပြောင်းအလဲမရှိတည်မြဲနေသည့်တိုင်အောင် အပူပိုင်းဒေသများ၌ကမ္ဘာ့လူဦးရေ၏ကြီးမားသည့်အစိတ်အပိုင်းကို သုတ်သင်ဖျက်ဆီးပစ်နိုင်သည့်ဗိုင်းရတ်ပိုးအင်အားအလုံအလောက်ရှိနေသည်ဟုသုတေသီများကဆိုကြသည်။”

ကျွန်ုပ်တို့၏ခေတ်ကာလကြီးယခုကဲ့သို့မလုံမခြုံမှုတိုးလာရသည်မှာ တိုးပွားနေသည့်ကမ္ဘာ့လူဦးရေနှင့်ပြည့်ကျပ်ပြွတ်သိပ်နေသည့်ကမ္ဘာကြီး၏ကြီးမားသည့် လိုအပ်ချက်ကြောင့်ဖြစ်သည်။ ယခင်ကလူသူအရောက်အပေါက်မရှိဖူးသော ဗိုင်းရတ်ပိုးများပျံ့နှံ့လျက်ရှိသောဒေသများသို့ လူသားများတဖြည်းဖြည်းစိမ့်ဝင်ရောက်ရှိသွားသည်နှင့်အမျှ ဗိုင်းရတ်ပိုးကြောင့်ဖြစ်ပွားသည့် ကပ်ရောဂါများသင့်ရောက်လေ့ရှိသည်။ ကမ္ဘာ့ရာသီဥတုပုံသဏ္ဌာန်ပြောင်းလဲလာသည့်အခါ အင်းဆက်ပိုးများနယ်ချဲ့လာသည်နှင့်အမျှအလားတူဖြစ်ရပ်မျိုးဖြစ်ပွားတတ်သည်။ “၄င်းပြင်၊ သွေးသွင်းခြင်းနှင့်ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးခြင်းတို့ကဲ့သို့သောခေတ်သစ်ဆေးဘက်ဆိုင်ရာနည်းပညာများကလည်း ဗိုင်းရတ်ပိုးများအတွက် လူတစ်ဦးမှတစ်ဦးထံသို့ကူးစက်နိုင်အောင်နည်းလမ်းသစ်များထွင်ပေးကြသည်။ ချမ်းသာကြွယ်ဝ၍နာမည်ကျော်ကြားသူများ ကမ္ဘာလှည့်ခြင်းမှသည် မူးယစ်ဆေးဝါးစွဲသူများဆေးထိုးအပ်ကိုမျှဝေသုံးစွဲခြင်းအထိ လူမှုဆက်ဆံရေးနှင့်အမူအကျင့်ဘက်တွင်အကြီးအကျယ်ပြောင်းလဲခြင်းတို့ကလည်း ထို့အတူလမ်းခင်းပေးနေကြသည်” ဟုထိုမဂ္ဂဇင်း၌ဆိုထားသည်။

“သီးခြားဒေသများအတွင်း ဆင်နွှဲနေသည့် ဗိုင်းရတ်စစ်ဆင်ရေးတိုက်ပွဲငယ်များသည်နောင်အနာဂတ်ကာလတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာမည့်အရာကို ကြိုတင်အရိပ်ပြနေသည့် ထင်ရှားသောနမူနာများပင်ဖြစ်ကြောင်း များမကြာမီကသမိုင်းကပြဆိုလျက်ရှိသည်” ဟူ၍၄င်းဆောင်းပါး၌ထပ်လောင်းဖော်ပြထားသည်။ ထိုနမူနာများမှာ ၁၉၆၀ ပြည့်လွန်နှစ်များအကုန်ပိုင်းတွင် အနောက်ဂျာမနီပြည်ရှိသိပ္ပံပညာရှင်ဒါဇင်ပေါင်းများစွာကိုဒုက္ခပေးနှိပ်စက်ခဲ့သည့် သေစေနိုင်သောအပူပိုင်းဒေသဗိုင်းရတ်ပိုးတစ်မျိုး၊ ယခင်ကလုံးဝမသိသောမားဘာ့ဂ် (Marburg) ဗိုင်းရတ်ပိုး၊ (ယင်းကိုမျောက်စိမ်းရောဂါဟုလည်းခေါ်သည်) ၁၉၇၇ ခုနှစ်တွင် အီဂျစ်ပြည်တွင်လူသန်းပေါင်းများစွာကိုကူးစက်၍ ထောင်ပေါင်းများစွာကိုသေဆုံးစေခဲ့သည့်ရစ်ချိုင့်ဝှမ်းအဖျားရောဂါဖြစ်ပွားစေသောဗိုင်းရတ်ပိုး၊ ၁၉၇၆ ခုနှစ်ဇိုင်ရာနှင့်ဆူဒန်ပြည်သူတစ်ထောင်ကျော်ကို ကူးစက်၍ ၅၀၀ ခန့်ကိုသေဆုံးစေခဲ့သည့်အပူပိုင်းဒေသအက်ဗိုလာ (Ebola) ဗိုင်းရတ်ပိုး (သေဆုံးသူအများမှာဤရောဂါဝေဒနာရှင်များကို ကုသပေးသည့်ဆရာဝန်များနှင့်သူနာပြုများဖြစ်သည်) တို့ဖြစ်သည်။

ဗိုင်းရတ်ပိုးအလုံးအရင်းနှင့်တိုက်ခိုက်လာခြင်းများကို ကြိုတင်ခန့်မှန်းတွက်ချက်ရန်မလွယ်ကူပေ။ “ဥပမာအားဖြင့် ၁၉၁၈ ခုနှစ်တွင်ပြင်းထန်သောအသွင်ပြောင်းတုတ်ကွေးရောဂါပိုးတစ်မျိုးသည် ကမ္ဘာတစ်ဝန်းသို့ပျံ့နှံ့ခဲ့ရာ အကြမ်းဖျင်းလူသန်းပေါင်း ၂၀ သေဆုံးစေခဲ့သည်” ဟု Science News ကဆို၏။ “များမကြာမီအတွင်း တစ်ချိန်ကအာဖရိကမျောက်များ၌သာမှီတင်းနေထိုင်ခဲ့ဖွယ်ရှိသောဗိုင်းရတ်ပိုးတစ်မျိုးလူသားများ၌ စွဲကပ်ဖြစ်ပေါ်လာသည့်အခါ ကမ္ဘာကြီးသည်တစ်ဖန်အငိုက်မိသွားပြန်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ခန့်မှန်းချက်အရနိုင်ငံ ၁၄၉ နိုင်ငံမှပြည်သူ ၅ သန်းမှ ၁၀ သန်းအေအိုင်ဒီအက်စ်ရောဂါစွဲကပ်နေသည်။ လတ်တလောဖြစ်ပွားနေသည့် ဤကပ်ရောဂါကြောင့်သတိဝီရိယနှင့်နိုးနိုးကြားကြားရှိနေသည့်ကြားမှ ပို၍ထိတ်လန့်ဖွယ်ကောင်းသောအရာများသည် ကျွန်ုပ်တို့ကိုစောင့်မျှော်နေသည်ကို ဗိုင်းရတ်ဗေဒပညာရှင်အများကိုစိုးရိမ်လျက်ရှိကြသည်။”

ကပ်ရောဂါများသည် စိတ်သောကရောက်စရာကောင်းသကဲ့သို့ ၄င်းတို့သည်စစ်ပွဲများ၊ အစာခေါင်းပါးခြင်းနှင့် မြေငလျင်ကြီးများစသော ကြန်အင်လက္ခဏာများနှင့်အတူ နိုင်ငံတော်ဘုန်းတန်ခိုးနှင့်ယေရှုရောက်ရှိခြင်းဆိုင်ရာ စုပေါင်းနိမိတ်၏အစိတ်အပိုင်းဖြစ်သည်။ (လုကာ ၂၁:၁၀၊ ၁၁) အသို့ဆိုသော်လုကာက ယေရှု၏အောက်ပါစကားများကို ထပ်ဆင့်ဖော်ပြလိုက်သောကြောင့်ဖြစ်သည်။ “ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ သင်တို့ကိုရွေးနှုတ်သောအချိန်ကာလ ရောက်လုနီးသည်ကိုထောက်သဖြင့် မျှော်ကြည့်၍ခေါင်းကိုကြွကြလော့။”—လုကာ ၂၁:၂၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ