အုပ်ချုပ်ရေးအဖွဲ့ဝင်တိုးခြင်း
ယေဟောဝါသက်သေတို့၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဦးရေတိုးရေးအတွက် ၁၉၉၄ ခု၊ ဇူလိုင် ၁ ရက်နေ့မှစတင်၍ ယခုအမှုဆောင်နေကြသော အကြီးအကဲ ၁၁ ဦးသို့ အဖွဲ့ဝင်တစ်ဦးထပ်မံဖြည့်တင်းပေးလိုက်သည်။ အဖွဲ့ဝင်သစ်မှာ ညီအစ်ကိုဂဲရစ်လွယ့်ရှ်ဖြစ်သည်။
ညီအစ်ကိုလွယ့်ရှ်သည် ၁၉၆၁ ခု၊ နိုဝင်ဘာ ၁ ရက်နေ့တွင် အချိန်ပြည့်လုပ်ငန်းတော်ကို စတင်ဝင်ရောက်ခဲ့ပြီး ၄၁ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သင်တန်းတွင် ဘွဲ့ရခဲ့သည်။ သူသည် ဩစတြီးယားတွင် ၁၉၆၃ မှ ၁၉၇၆ ခုနှစ်အထိ တိုက်နယ်နှင့်ခရိုင်လုပ်ငန်းတွင် ပါဝင်ခဲ့သည်။ ၁၉၆၇ ခုတွင် သူအိမ်ထောင်ကျပြီး နောက်ပိုင်းတွင် သူနှင့် သူ၏ဇနီးဖြစ်သူ မယ်ရဲတယ်တို့သည် ဗီယင်နာမြို့ရှိ ဩစတြီးယားဗေသလမိသားစုဝင်များအဖြစ် ၁၅ နှစ်ကြာအမှုဆောင်ခဲ့ကြသည်။ လွန်ခဲ့သည့်လေးနှစ်က ဘရွတ်ကလင်၊ နယူးယောက်ရှိ အသင်းမ၏ဌာနချုပ်သို့ ပြောင်းရွှေ့ခံရကြပြီး ထိုတွင် ညီအစ်ကိုလွယ့်ရှ်က စီမံခန့်ခွဲရေးရုံးများတွင် အမှုဆောင်ပြီး လုပ်ငန်းတော်ကော်မတီကို အကူအညီပေးသူအဖြစ်လည်း လုပ်ဆောင်သည်။ ဥရောပလယ်ကွင်းတွင် တွေ့ကြုံမှုပေါင်းစုံနှင့် ဂျာမန်၊ အင်္ဂလိပ်၊ ရိုမေးနီးယန်းနှင့် အီတာလျန်ဘာသာစကားများကို တတ်ကျွမ်းမှုက အုပ်ချုပ်ရေးအဖွဲ့အတွက် များစွာတန်ဖိုးရှိသည့်အကူအညီကို ရရှိစေမည်ဖြစ်သည်။