ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၇/၁ စာ. ၃
  • အံ့ဖွယ်ကုသမှုများ ဖြစ်နေဆဲလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အံ့ဖွယ်ကုသမှုများ ဖြစ်နေဆဲလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူသားထုအား အံ့ဖွယ်ကုစားချိန်နီးပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယုံကြည်ခြင်းသည် ဖျားနာသူအားမည်သို့ကူညီနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယနေ့ခေတ်မှ ‘အံ့ဖွယ်ကုသမှုများ’—ယင်းတို့သည် ဘုရားသခင်ထံမှလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယုံကြည်မှုကုထုံးကိုဘုရားသခင်နှစ်သက်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၇/၁ စာ. ၃

အံ့ဖွယ်ကုသမှုများ ဖြစ်နေဆဲလော

“ယရှုကို ယုံကြည်၍ ရောဂါပျောက်ကင်းလော့!” ဤကဲ့သို့သောဆောင်ပုဒ်များက ဧဝံဂေလိချာ့ချ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အလက်ဇန္ဒားကို သူ၏ဖျားနာမှုအတွက် ဆေးဝါးကုသမှုခံယူခြင်းသည် ယုံကြည်ခြင်းကင်းမဲ့ရာကျကြောင်း ယူမှတ်စေသည်။ သူက မိမိ၏ယုံကြည်ခြင်းတစ်ခုတည်းသာလျှင် လိုအပ်သည့်အံ့ဖွယ်ကုသမှုကို ရရှိစေမည်ဖြစ်ကြောင်း လက်ခံယုံကြည်လာသည်။ ကက်သလစ်ဘာသာတွင် စိတ်ထက်သန်သူတစ်ဦးဖြစ်သူ ဘယ်နဒီးတာသည် ဘရာဇီးနိုင်ငံ၊ ဆောပေါလိုမြို့ရှိ အာပါရက်စီဒါ ဒါ နောရ်တာ ဘုရားရှိခိုးကျောင်းတွင် အံ့ဖွယ်နည်းဖြင့်ကုသပေးနေကြောင်း သူမ ကြားသိလိုက်ရသောအခါ အလွန်ပင်စိတ်လှုပ်ရှားသွားသည်။ ဘယ်နဒီးတာသည် သူမ၏အဒေါ်ဖြစ်သူက သင်ကြားပေးထားသောဂါထာအချို့ကို ရွတ်ဆိုပြီး၊ ရောဂါကုသနိုင်စွမ်းရရှိရန်အတွက် အာပါရက်စီဒါတွင်ရှိသောမယ်တော်၊ စိန့်အန်သိုနီနှင့် အခြား “စိန့်များ” ထံသို့ဆုတောင်းလေသည်။

ထင်ရှားသည်မှာ၊ များစွာသောသူတို့သည် ၂၀ ရာစုနှစ် နှောင်းပိုင်း၌ပင်လျှင် အံ့ဖွယ်ကုသမှုများကို ယုံကြည်နေဆဲဖြစ်သည်။ အဘယ်ကြောင့်နည်း။ ဖြစ်နိုင်ဖွယ်ရှိသည်မှာ အချို့တို့သည် သူတို့ချစ်မြတ်နိုးရသူများ၊ အထူးသဖြင့် သူတို့ကလေးငယ်များ၏ ဖျားနာမှု၊ နာကျင်မှုနှင့် ဝေဒနာခံစားမှုများမှ သက်သာရာရစေရန် ဆရာဝန်များက မစွမ်းဆောင်နိုင်သောအခါ အလိုမကျဖြစ်ခဲ့ကြသည်။ နာတာရှည်ဖျားနာနေသူများအနေဖြင့် ခေတ်သစ်ဆေးဝါးကုသမှုသည် ငွေကုန်ကြေးကျများလှသောကြောင့် ယုံကြည်ခြင်းကုထုံးကိုရှာဖွေခြင်းက ဘာမျှအကျိုးယုတ်စရာအကြောင်းမရှိဟု ယူမှတ်ကြပေမည်။ ချာ့ချ်အသီးသီးနှင့် တစ်ဦးချင်းစီတို့က အေအိုင်ဒီအက်စ်ရောဂါ၊ စိတ်ကျခြင်း၊ ကင်ဆာရောဂါ၊ စိတ်ဝေဒနာ၊ သွေးတိုးရောဂါနှင့် အခြားဖျားနာမှုများစွာတို့အတွက် ကုသမှုပေးနေကြကြောင်း တီဗွီတွင် အချို့သူတို့မြင်တွေ့ခဲ့ကြသည်။ ထိုသို့သောအဆိုများကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သူတို့သည် နောက်ဆုံးအနေဖြင့် ၎င်းတို့ကိုအားထားလာကြသည်။ မိမိတို့၏ဖျားနာမှုမှာ နတ်ဆိုးများကြောင့်ဖြစ်သည်ဟု ယုံကြည်ထားသူများက သမားရိုးကျဆေးဝါးကုသမှုများသည် သူတို့ကိုပျောက်ကင်းစေနိုင်စွမ်းမရှိဟု ယူမှတ်ကြပေမည်။

အခြားတစ်ဖက်တွင်မူ သေဆုံးခဲ့သော “စိန့်များ” သို့မဟုတ် အသက်ရှင်သည့်ရောဂါကုသပေးသူများက အံ့ဖွယ်ကုသမှုပြုလုပ်ခြင်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ရုံမက၊ ပြစ်တင်ရှုတ်ချကြသူများရှိသည်။ ရောဂါပြီးပညာရှင် ဒရာအူစီယို ဗာရဲလာက ထိုခံယူချက်သည် “အမြော်အမြင်မရှိသူနှင့် မျှော်လင့်ချက်ကုန်ဆုံးနေသူများ၏ ယုံကြည်ချက်ကို လှည့်စားရာရောက်သည်” ဟုယူမှတ်ကြောင်း ဇော်ရ်နလ်ဒါတာရ်ဒါ သတင်းစာတွင်ဖော်ပြလေသည်။ သူက “ထိုလှည့်ဖြားသူများကြောင့် လူများစွာတို့သည် အံ့ဖွယ်အမှုများကိုမျှော်လင့်လျက် အရေးကြီးလှသည့် ဆေးဝါးကုသမှုကို စွန့်လွှတ်ခဲ့ကြပေမည်” ဟုထပ်လောင်းပြောဆိုသည်။ ထို့ပြင် ဗြိတဲန်နစ်ကာ စွယ်စုံကျမ်းသစ်က “အတိတ်က ထူးခြားသည့်ကုသမှုများသည် ဝတ်ပြုရေးဆိုင်ရာအထွတ်အမြတ်နေရာများ၊ ဘာသာရေးထုံးတမ်းဓလေ့များနှင့် ဆက်နွှယ်လျက်ရှိပြီး၊ ဆေးသိပ္ပံပညာကမူ ဤကုသမှုများအားလုံးကို တိုက်ဆိုင်သည့်အခြေအနေများအောက် ဖြစ်မြောက်အောင်မြင်သော သာမန်စိတ်ညှို့ပညာကုသမှုမျှသာဖြစ်သည်ဟု ယူမှတ်ကြသည်” ဟုရှင်းပြသည်။ သို့တစေ မိမိတို့သည်အံ့ဖွယ်နည်းအားဖြင့် အမှန်ပင်ကုသခံရသည်ဟု ယုံကြည်သူအများအပြားရှိနေဆဲဖြစ်သည်။ သူတို့အတွက် ထိုကုသမှုသည် အကျိုးအာနိသင်ရှိခဲ့ပြီ!

ယေရှုခရစ်သည် ‘ဘုရားသခင်၏တန်ခိုးတော်’ အားဖြင့် အခြေအနေအမျိုးမျိုးတွင် ရှိနေသောဖျားနာသူများကို ကုသပေးခဲ့ကြောင်း သမ္မာကျမ်းစာနှင့်အကျွမ်းတဝင်ရှိသူများ ကောင်းစွာသိထားကြပါသည်။ (လုကာ ၉:၄၂၊ ၄၃) သို့ဖြစ်၍ သူတို့သိလိုကြသည်မှာ ယနေ့ ဘုရားသခင့်တန်ခိုးတော်၏လုပ်ဆောင်မှုဖြင့် အံ့ဖွယ်ကုသမှုများဖြစ်နေဆဲလော ဟူ၍ဖြစ်သည်။ ထိုသို့ဖြစ်က ကတိထားသည့်အတိုင်းဖြစ်လာဖို့ ကြိုးစားကုသမှုတို့သည် အဘယ်ကြောင့်မအောင်မြင်ရသနည်း။ လူနာ၌ ယုံကြည်ခြင်းအတော်အတန်မရှိ၍လော၊ သို့မဟုတ် အလှူငွေ လုံလုံလောက်လောက်မထည့်နိုင်၍လော။ ခရစ်ယာန်တစ်ဦးသည် နာကျင်မှု သို့မဟုတ် ကုသ၍မရနိုင်သော ရောဂါတစ်ခုခုကို ခံစားရသောအခါ အံ့ဖွယ်ကုသမှုကိုခံယူခြင်းသည် သင့်တော်လျောက်ပတ်ပါသလော။ ယေရှုပြုလုပ်ပေးခဲ့သော အောင်မြင်သည့်အံ့ဖွယ်ကုသမှုမျိုး တစ်ချိန်ချိန်တွင် ထပ်မံဖြစ်ပေါ်လာဦးမည်လော။ ဤအရေးပါသောမေးခွန်းများ၏အဖြေကို နောက်ဆောင်းပါးတွင် သင်တွေ့နိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ