ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၅/၁၅ စာ. ၃-၆
  • သင့်မိသားစုကို အချိန်ပေးသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်မိသားစုကို အချိန်ပေးသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆက်သွယ်ရေးကွာဟမှု
  • အသိစိတ်ဖြင့်ကြိုးပမ်းမှုလိုအပ်
  • ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အကူအညီ
  • မိဘနဲ့ သားသမီးတို့၊ မေတ္တာရှိရှိ ပြောဆို ဆက်သွယ်ကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • မိသားစုနှင့်အသင်းတော်အတွင်း ဆက်သွယ်မှုပြုခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဘုရားသခင့်ကမ္ဘာသစ်သို့ရောက်ရန် သင့်မိသားစုကိုကြိုးစားထိန်းသိမ်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၂
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၅/၁၅ စာ. ၃-၆

သင့်မိသားစုကို အချိန်ပေးသလော

“ဂျပန်ဖခင်များ—အလုပ်များ၍ သားသမီးများနှင့်မကစားကြသော်လည်း—ချစ်ခင်ခံရကြ။” လွန်ခဲ့သောနှစ်အနည်းငယ်က ဤသတင်းခေါင်းစဉ်သည် မိုင်နိချိရှင်ဘွန်းသတင်းစာ၌ပါခဲ့သည်။ အစိုးရသုတေသနပြုချက်တစ်ခုတွင် ပါဝင်ခဲ့သော ဂျပန်ကလေးငယ် ၈၇.၈ ရာခိုင်နှုန်းက အနာဂတ်တွင် မိမိတို့ဖခင်များကို ဂရုစိုက်ကြည့်ရှုလိုကြသည်ဟု ထိုဆောင်းပါးတွင်ဖော်ပြထားသည်။ သို့သော် ထိုသတင်းစာ၏ အင်္ဂလိပ်ဘာသာစကားထုတ်တွင်မူ ၎င်းအကြောင်းကို အခြားခေါင်းစဉ်တစ်ခုအောက်တွင် ဤသို့ဖော်ပြထားသည်။ “ဖခင်များနှင့်သားများ– ပျက်ကွက်သည့်ကိစ္စတစ်ခု။” ဂျပန်သတင်းစာနှင့်မတူဘဲ ထိုသတင်းဆောင်းပါးက ထိုသုတေသနပြုချက်နှင့်ပတ်သက်၍ အခြားရှုထောင့်တစ်မျိုးကို အလေးပေး၍ ဂျပန်ဖခင်များသည် အလုပ်လုပ်ရက်တိုင်းတွင် မိမိတို့၏ သားသမီးများကို ၃၆ မိနစ်သာအချိန်ပေးနေကြသည်။ နှိုင်းယှဉ်ကြည့်လျှင် တနင်္ဂနွေနေ့မှလွဲ၍ ကျန်သည့်နေ့ရက်များတွင် မိမိတို့ကလေးငယ်များကို အနောက်ဂျာမနီမှဖခင်များက ၄၄ မိနစ်၊ အမေရိကန်ပြည်ထောင်စုတွင် ၅၆ မိနစ်ခန့်အချိန်ပေးကြကြောင်းဖော်ပြခဲ့သည်။

မိမိတို့ကလေးများကို အချိန်မပေးသလောက်ဖြစ်သည်မှာ ဖခင်များသာမဟုတ်တော့ချေ။ အိမ်ပြင်ထွက်အလုပ်လုပ်ကြသည့်မိခင် များသည်ထက်များလာပေပြီ။ ဥပမာ၊ ကြင်ဖော်မဲ့မိခင်များစွာတို့သည် မိသားစုကိုထောက်ပံ့ရန် အပြင်ထွက်အလုပ်လုပ်ကြရသည်။ ယင်းကြောင့် မိမိတို့သားသမီးများကို မိဘများ—ဖခင်များကောမိခင်များပါ—ပေးသည့်အချိန်သည် လျော့နည်းသွားပေပြီ။

၁၉၉၇ ခုနှစ်တွင် အမေရိကန်ဆယ်ကျော်သက် ၁၂,၀၀၀ ကျော်ကိုသုတေသနပြုရာ၌ မိဘများနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည့်လူငယ်များသည် စိတ်ပိုင်းဆိုင်ရာဖိစီးမှုခံစားရရန်၊ သေကြောင်းကြံစည်ရန်၊ အကြမ်းဖက်မှုပြုရန် သို့မဟုတ် စွဲစေတတ်သောအရာများသုံးစွဲရန် အကြောင်းပိုနည်းသည်ကိုတွေ့ရှိရသည်။ အကျယ်တဝင့်လေ့လာခဲ့သူတစ်ဦးက “သင်သည် ကလေးများအတွက် အချိန်မပေးလျှင် သူတို့နှင့်ရင်းနှီးသောဆက်ဆံရေးရှိနိုင်မည်မဟုတ်” ဟုဆို၏။ သင့်သားသမီးများကိုအချိန်ပေး၍ သူတို့နှင့်ဆက်သွယ်မှုရှိခြင်းသည် အရေးကြီးသည်။

ဆက်သွယ်ရေးကွာဟမှု

ရပ်ဝေးတွင် အလုပ်သွားလုပ်ရသော မိဘတစ်ဦးရှိသည့် မိသားစုများသည် ဆက်သွယ်ရေးပြတ်တောက်ရန် အထူးလွယ်ကူသည်။ အိမ်တွင်မနေသော မိဘတစ်ဦးရှိသည့်မိသားစုများသာ ဆက်သွယ်ရေးကွာဟမှုရှိသည်မဟုတ်သည်မှာ မှန်ပါသည်။ အချို့မိဘများသည် အိမ်၌နေကြသော်လည်း ကလေးများမနိုးမီ အလုပ်သွားကြပြီး သူတို့အိပ်ရာဝင်ပြီးမှ အိမ်သို့ပြန်ရောက်လာကြသည်။ မိဘအချို့က ဆက်သွယ်မှုကင်းမဲ့ခြင်းကို ပြန်အစားထိုးပေးရန် သတ္တပတ်အကုန်ပိုင်းများနှင့် အားလပ်ရက်များတွင် မိသားစုကိုအချိန်ပေးကြသည်။ မိမိတို့သားသမီးများနှင့် “အကျိုးရှိရှိ” အချိန်အသုံးပြုခြင်းအကြောင်း သူတို့ပြောဆိုတတ်ကြသည်။

သို့သော် အကျိုးရှိရှိအချိန်အသုံးပြုခြင်းဖြင့် အချိန်အနည်းငယ်ပေးခြင်းကို ကာမိသလော။ သုတေသီ လော်ရဲန်းစတင်းဘဂ်က ဤသို့အဖြေပေးသည်– “အများအားဖြင့် မိဘများနှင့်အတူ အချိန်များများနေရသော ကလေးများသည် အချိန်အနည်းငယ်သာနေရသော ကလေးများထက်သာသည်။ မရရှိလိုက်သော ထိုအချိန်ကိုပြန်ဖြည့်ပေးဖို့ အမှန်ပင်မလွယ်ကူပုံရသည်။ အကျိုးရှိသည့်အချိန် အယူအဆကို တန်ဖိုးထားလွန်းခဲ့ကြပြီ။” မြန်မာအမျိုးသမီးတစ်ဦး ထိုသို့ပင်ခံစားရသည်။ သူ၏လင်ယောက်ျားသည်—ဂျပန်အမျိုးသားတစ်ဦးပီပီ—အလုပ်မှအိမ်သို့ နံနက်တစ်နာရီ သို့မဟုတ် နှစ်နာရီမှပြန်လာလေ့ရှိသည်။ သတ္တပတ်အကုန်ရက်များတွင် မိသားစုကိုအချိန်ပေးလေ့ရှိသော်လည်း သူ့ဇနီးကဤသို့ဆိုသည်– “စနေ၊ တနင်္ဂနွေအိမ်မှာနေတာက ကျန်တဲ့ရက်တွေမှာ မိသားစုနဲ့အတူ အိမ်မှာမရှိတာကို ဖာထေးမပေးနိုင်ပါဘူး။ . . . အလုပ်လုပ်ရက်တွေမှာ အစာလုံးဝမစားဘဲ စနေ၊ တနင်္ဂနွေကျမှ တစ်ပတ်စာအကုန်စားလို့ရနိုင်မလား။”

အသိစိတ်ဖြင့်ကြိုးပမ်းမှုလိုအပ်

မိသားစုအတွင်း ကောင်းသောဆက်သွယ်ရေးကို ဆက်လက်ထိန်းသိမ်းခြင်းသည် အပြောလွယ်သလောက် အလုပ်ခက်သည်။ မဖြစ်မနေ ဝမ်းစာရှာ၍ မိသားစုကိုထောက်ပံ့ပေးရခြင်းကြောင့် ဖခင် သို့မဟုတ် အလုပ်လုပ်ရသည့်မိခင်တစ်ဦးအတွက် မိမိတို့မိသားစုကိုအချိန်ပေးဖို့ မလွယ်ကူချေ။ အခြေအနေကြောင့် အဝေးတွင်နေထိုင်ရသူအများသည် ဖုန်းခေါ်ခြင်း သို့မဟုတ် စာရေးခြင်းဖြင့် မှန်မှန်ဆက်သွယ်မှုပြုလုပ်တတ်ကြသည်။ သို့သော် အိမ်၌အတူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကောင်းသောမိသားစုဆက်သွယ်မှုကို ဆက်ထိန်းသိမ်းရန် အသိစိတ်ဖြင့်ကြိုးပမ်းဖို့လိုသည်။

မိသားစုနှင့်ဆက်သွယ်မှုမပြုသောမိဘများသည် သူတို့၏ပေါ့ဆမှုအတွက် ဆိုးကျိုးခံရမည်။ မိသားစုနှင့်အတူအစာပင်မစား အချိန်မပေးနိုင်သလောက်ဖြစ်သော ဖခင်တစ်ဦးသည် ဆိုးရွားသောဆိုးကျိုးများကို ကြုံခဲ့ရသည်။ သူ့သားမှာ အကြမ်းဖက်တတ်လာပြီး သမီးဖြစ်သူမှာ ဈေးဆိုင်အလစ်သုတ်ရာ၌ အဖမ်းခံခဲ့ရသည်။ တနင်္ဂနွေနေ့နံနက်တစ်ခုတွင် ဖခင်ဖြစ်သူက ဂေါက်ကွင်းသွားရန် အသင့်ဖြစ်နေစဉ် သားဖြစ်သူကဒေါသပေါက်ကွဲကာ “ဒီအိမ်မှာမိဘဆိုလို့ အမေတစ်ယောက်တည်းလား” ဟုတုံ့ပြန်ပြောဆိုခဲ့သည်။ သူဤသို့ညည်းညူ၏– “မိသားစုမှာ ဘာမဆို အမေတစ်ယောက်တည်းဆုံးဖြတ်ရတယ်။ အဖေကျတော့ ဘယ်တော့မှ . . .။”

ထိုစကားများက ဖခင်ကိုစဉ်းစားစေသည်။ နောက်ဆုံးသော် မိသားစုနှင့်နံနက်စာစားမည်ဟု သူဆုံးဖြတ်လိုက်လေသည်။ အစပိုင်းတွင် သူနှင့်သူ့ဇနီးသာရှိသည်။ တဖြည်းဖြည်းနှင့် သားသမီးများပါဝင်လာကြပြီး နံနက်စာစားချိန်သည် ဆက်သွယ်မှုပြုရာနေရာဖြစ်လာသည်။ ၎င်းမှတစ်ဆင့် မိသားစုလိုက်ညစာအတူတကွစားကြလေသည်။ ဤနည်းဖြင့် ထိုအမျိုးသားသည် သူ၏မိသားစုလုံးဝမပြိုကွဲသွားစေရန် ကာကွယ်ပေးနိုင်ခဲ့သည်။

ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အကူအညီ

မိမိတို့သားသမီးများနှင့် ဆက်သွယ်မှုပြုလုပ်ရန် အချိန်ပေးဖို့ သမ္မာကျမ်းစာက မိဘများကိုတိုက်တွန်းထားသည်။ ဣသရေလလူမျိုးတို့သည် ပရောဖက်မောရှေမှတစ်ဆင့် ဤသို့ညွှန်ကြားခံခဲ့ကြရသည်– “အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် တစ်ဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။” (တရားဟောရာ ၆:၄-၇) မိဘများဖြစ်ကြသည့် ကျွန်ုပ်တို့အနေနှင့် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို သားသမီးများ၏စိတ်နှလုံးထဲ စွဲမှတ်စေလိုလျှင် မိသားစုကိုအချိန်ပေးဖို့ အစပြုစီစဉ်ရန်လိုသည်။

စိတ်ဝင်စားစရာမှာ အထက်တွင်ဖော်ပြထားသည့် အမေရိကန်မြီးကောင်ပေါက် ၁၂,၀၀၀ ကျော်ကို ၁၉၉၇ ခုနှစ်ကဆန်းစစ်ချက်ပြုရာတွင် “ဘာသာတရားရှိသည်ဟုဆိုကြသော လူဦးရေ၏ ၈၈ ရာခိုင်နှုန်းနီးပါးက ဘာသာရေးနှင့် ဆုတောင်းခြင်း၏အရေးကြီးမှုကို သဘောပေါက်ခြင်းမှ အကာအကွယ်ရခဲ့သည်” ဟုဖော်ပြသည်။ အိမ်၌ ဘာသာရေးဆိုင်ရာ လျောက်ပတ်သည့်သွန်သင်ချက်ပေးခြင်းက စွဲစေသည့်အရာတစ်ခုခုကိုအလွဲသုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာဖိစီးမှု၊ သေကြောင်းကြံခြင်း၊ အကြမ်းဖက်မှုစသည်တို့မှ လူငယ်များကိုကာကွယ်ပေးကြောင်း ခရစ်ယာန်စစ်များသိကြသည်။

မိဘအချို့က မိမိတို့မိသားစုကိုအချိန်ပေးဖို့မလွယ်လှဟု ထင်ကြသည်။ အထူးသဖြင့် သားသမီးများကို ဝမ်းမြောက်စွာအချိန်ပေးလိုကြသော်လည်း ဝမ်းစာရှာအလုပ်လုပ်ကိုင်ကြရသည့် ကြင်ဖော်မဲ့မိခင်များဖြစ်သည်။ မိသားစုနှင့်အတူနေရန် အဖိုးတန်သည့်အချိန်ကို ခက်ခက်ခဲခဲမည်သို့ရယူနိုင်သနည်း။ သမ္မာကျမ်းစာက ‘လက်တွေ့ကျသောဉာဏ်ပညာနှင့် စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်ကို ထိန်းသိမ်းလော့’ ဟုတိုက်တွန်းသည်။ (သု. ၃:၂၁၊ ကဘ) မိဘများသည် မိသားစုကိုအချိန်ပေးဖို့ “စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်” ကိုအသုံးပြုနိုင်သည်။ မည်သို့အားဖြင့်နည်း။

သင်သည် တစ်နေ့တာလုပ်ငန်းပြီးသောအခါ ခြေကုန်လက်ပန်းကျသွားသည့် အလုပ်လုပ်ရသောမိခင်တစ်ဦးဖြစ်မည်ဆိုလျှင် သင်နှင့်အတူချက်ပြုတ်ရန် သားသမီးများ၏အကူအညီကိုတောင်းဆိုပါ။ ဤသို့အတူတကွအသုံးပြုသည့်အချိန်တွင် တစ်ဦးနှင့်တစ်ဦးရင်းနှီးဖို့ အခွင့်အရေးရစေမည်။ ပထမတွင် သင့်သားသမီးများကို ဝိုင်းကူစေခြင်းဖြင့် အချိန်ပိုကုန်ပေမည်။ သို့ရာတွင် မကြာမီ ဤသို့ပြုခြင်းသည် ပျော်စရာကောင်းပြီး အချိန်ကုန်သက်သာသည်ကိုပင် တွေ့ရှိရပါလိမ့်မည်။

အသင်သည် သတ္တပတ်အကုန်ရက်များတွင် လုပ်ကိုင်စရာများသည့် ဖခင်တစ်ဦးဖြစ်ပေမည်။ ဤအလုပ်အချို့ကို သင့်သားသမီးများနှင့် ပြုလုပ်ပါလေ။ အတူတကွအလုပ်လုပ်ကြစဉ် သူတို့နှင့်ဆက်သွယ်ပြီး တစ်ချိန်တည်းတွင် သူတို့ကို အဖိုးတန်သည့်လေ့ကျင့်မှုပေးနိုင်ပါသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို သင့်သားသမီးများ၏စိတ်ထဲတွင်စွဲမှတ်စေဖို့ သမ္မာကျမ်းစာ၏သတိပေးချက်က သင်သည် ‘အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ လမ်းလျှောက်လျက်နေသည်ဖြစ်စေ’ အမှန်ဆိုလျှင် အခွင့်အရေးရတိုင်း သူတို့နှင့်စကားစမြည်ပြောဆိုဖို့ သင့်ကိုအားပေးနေခြင်းဖြစ်သည်။ သင်တို့သည် အတူတကွလုပ်ဆောင်နေကြစဉ် သားသမီးများနှင့်အဆက်အသွယ်ပြုလုပ်ခြင်းမှာ “လက်တွေ့ကျသောဉာဏ်ပညာ” တင်ပြခြင်းဖြစ်သည်။

သင့်မိသားစုနှင့် အချိန်ပေးခြင်းက ရေရှည်အကျိုးများကိုရရှိစေပါသည်။ “အချင်းချင်းတိုင်ပင်သောသူတို့၌ ဉာဏ်ပညာရှိ၏” ဟုသမ္မာကျမ်းစာပါ နယပုံပြင်ကျမ်းကဆို၏။ (သု. ၁၃:၁၀၊ ကဘ) အချိန်ယူ၍ သင့်မိသားစုနှင့်ဆက်သွယ်မှုပြုလုပ်ခြင်းဖြင့် နေ့စဉ်အသက်တာ၏ ရုန်းကန်လှုပ်ရှားမှုများတွင် ပညာရှိသည့်လမ်းညွှန်မှုကိုပေးနိုင်လိမ့်မည်။ ယခုထိုသို့လမ်းညွှန်ပေးခြင်းသည် အချိန်ကုန်သက်သာစေ၍ အနာဂတ်တွင် စိတ်ထိခိုက်စရာများလျော့နည်းသွားစေနိုင်သည်။ ထို့ပြင် သင်နှင့် သူတို့ကို ပျော်ရွှင်မှုရရှိစေနိုင်သည်။ ထိုသို့သောလမ်းညွှန်မှုပေးရန် ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာ၌သိုလှောင်ထားသော ကြွယ်ဝသည့်ဉာဏ်ပညာကို ထုတ်ယူဖို့လိုသည်။ သင့်သားသမီးများကို သွန်သင်ရန်နှင့် သင့်မိသားစုကိုလမ်းပြညွှန်ကြားရန် ယင်းကိုအသုံးပြုပါ။—ဆာလံ ၁၁၉:၁၀၅။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

မိဘများနှင့်ရင်းနှီးသော ဆက်ဆံရေးရှိသည့် လူငယ်တို့သည် စိတ်ပိုင်းဆိုင်ရာဖိစီးမှုခံစားရဖို့ အကြောင်းနည်းသည်

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ကောင်းသောဆက်သွယ်မှုက မိသားစုဘဝတွင် ကြွယ်ဝသောကောင်းကျိုးကို ပြန်ရရှိစေ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

သင့်ကလေးနှင့်အတူတကွ လုပ်ဆောင်စဉ် ဆက်သွယ်မှုပြု၍ အဖိုးတန် လေ့ကျင့်မှုကိုပေးနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ