ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၀/၁ စာ. ၁၆-၁၇
  • “မြေကြီးစွန်းတိုင်အောင်” အလင်းဖြာဖို့ သူကူညီပေးခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မြေကြီးစွန်းတိုင်အောင်” အလင်းဖြာဖို့ သူကူညီပေးခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်မတို့တွဲဖက်လုပ်ဆောင်ခဲ့ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေဟောဝါ၌ဝမ်းမြောက်ကာရွှင်လန်းကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • စိတ်နှိမ့်ချသူများကို အမှန်တရားသို့ ယေဟောဝါဆွဲဆောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • သင် စိတ်ဖိစီးနေသလား
    နိုးလော့!—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၀/၁ စာ. ၁၆-၁၇

“မြေကြီးစွန်းတိုင်အောင်” အလင်းဖြာဖို့ သူကူညီပေးခဲ့

တမန်တော်ပေါလုသည် “မြေကြီးစွန်းတိုင်အောင်” ဝိညာဉ်ရေးအလင်းဖြာဖို့ အသုံးတော်ခံခဲ့ရ၏။ ရလဒ်အနေဖြင့် “ထာဝရအသက်ကိုတလိုတလားရှိသူ” များစွာတို့သည် “ယုံကြည်သူများဖြစ်လာကြသည်။”—တမန်တော် ၁၃:၄၇၊ ၄၈၊ ကဘ; ဟေရှာယ ၄၉:၆။

ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝီလျံလွိုက်ဘယ်ရီ၏သစ္စာနှံအသက်တာနှင့် မမောမပန်းနိုင်သောခရစ်ယာန်အားထုတ်မှုများတွင်လည်း ဝိညာဉ်ရေးအလင်းဖြာလိုစိတ်ပြင်းပြကြောင်း ထင်ရှားခဲ့သည်။ ညီအစ်ကိုဘယ်ရီသည် ၁၉၉၉ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့တွင် ဟာဝိုင်ရီရှိ ခရိုင်စည်းဝေးကြီးတစ်ခု၌ ကိုယ်တိုင်ပါဝင်ဟောပြောနေစဉ် သေဆုံးသွားခဲ့၏။

လွိုက်ဘယ်ရီကို ၁၉၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် နယူးဇီလန်၌မွေးဖွားခဲ့သည်။ အစောပိုင်းကတည်းက သူ၏မိခင်နှင့်ဖခင်သည် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းကထုတ်ဝေသည့် စီ. တီ. ရပ်စဲလ်၏စာပေများတွင် တင်ပြထားသော ကျမ်းစာဆိုင်ရာအမှန်တရားများကို တက်ကြွစွာစိတ်ဝင်တစားရှိခဲ့ကြ၏။ ထို့ကြောင့် ညီအစ်ကိုဘယ်ရီသည် သစ္စာနှံမိသားစုတွင် ကြီးပြင်းလာခဲ့သည်။

ညီအစ်ကိုဘယ်ရီသည် အားကစားနှင့်ပညာရေးတွင် စိတ်ဝင်စား၍ သိပ္ပံဘွဲ့ရတစ်ဦးဖြစ်ခဲ့သော်ငြားလည်း သူသည် မိမိ၏စိတ်ဝင်စားမှုကို ဝိညာဉ်ရေးရာများအပေါ် ဆက်လက်အာရုံစူးစိုက်ခဲ့သည်။ သို့နှင့် ၁၉၃၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ အချိန်ပြည့်ဓမ္မအမှုကိုထမ်းဆောင်ခဲ့ရာ ဩစတြေးလျရှိ အဖွဲ့အစည်း၏ရုံးတွင် ဗေသလမိသားစုဝင်တစ်ဦးဖြစ်လာခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် အစိုးရက အဖွဲ့အစည်းကို ပိတ်ပင်လိုက်ပြီးနောက် ညီအစ်ကိုဘယ်ရီသည် ရုံးလုပ်ငန်း၌ ဆက်အလုပ်များနေပြီး ယုံကြည်သူချင်းတို့ကို အားပေးစာများရေးသားဖို့ တာဝန်ရသည့်အခါများရှိခဲ့သည်။ လူအများရှေ့အမှုဆောင်ခြင်းတွင်လည်း သူသည် ပုံသက်သေကောင်းသော ဦးစီးဦးရွက်ပြုသူတစ်ဦးဖြစ်ခဲ့သည်။

၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ညီအစ်ကိုဘယ်ရီသည် အချိန်ပြည့်ကျေးကျွန်တစ်ဦးနှင့်လက်ဆက်ခဲ့သည်။ သူ၏ချစ်ဇနီး၊ မဲလ်ဘာသည် ဤနှစ်ပေါင်းတစ်လျှောက်လုံး ကမ္ဘာ့ဒေသများစွာ၌ သူ၏နံဘေးတွင် သစ္စာရှိရှိအမှုဆောင်ခဲ့သည်။ သူတို့သည် အမေရိကန်ပြည်ထောင်စုရှိ ၁၁ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်းကို တက်ရောက်ခြင်းအားဖြင့် တိုင်းတစ်ပါးလယ်ကွင်းများ၌ တာဝန်ထမ်းဆောင်ရန်အတွက် အရေးကြီးသောခြေလှမ်းကို လှမ်းခဲ့ကြသည်။ သူတို့ တာဝန်ခန့်အပ်ခံရသောနေရာမှာ ‘မြေကြီးစွန်းတစ်နေရာ’ ဟုလူအများယူမှတ်ကြမည့် ဂျပန်နိုင်ငံတွင်ဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာတွင် ထိုနိုင်ငံသို့ရောက်ရှိသွားကြပြီးနောက် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ကိုဘီ၌ [ခရစ်ယာန်] သာသနာပြုများအဖြစ် သူတို့စတင်၍ အမှုတော်ထမ်းရွက်ခဲ့ကြသည်။ ထိုအချိန်က ဂျပန်နိုင်ငံတွင် သတင်းကောင်းဟောပြောသူ ၁၂ ဦးသာရှိ၏။ ညီအစ်ကိုဘယ်ရီသည် မိမိနေထိုင်ရာနေရာအသစ်၏ ဘာသာစကားနှင့် အလေ့အထများကို လေ့လာသင်ယူခဲ့ပြီး နောက်ထပ် ၂၅ နှစ်တာအတွင်း သူချစ်ခင်တွယ်တာလာသော အဆိုပါဂျပန်လူမျိုးတို့နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သည်။ ဂျပန်နိုင်ငံတွင် တိုးများလာသောခရစ်ယာန်ညီအစ်ကိုအသင်းအပင်းရှေ့မှောက်၌ “ထာဝရအသက်ကို တလိုတလားရှိသူ” တို့အပေါ် သူ၏မေတ္တာရှိမှုသည် ထင်ရှားခဲ့ရာ ဆယ်စုနှစ်ချီ၍ ဌာနခွဲရုံးကို သူဦးစီးကြီးကြပ်ရာ၌ ထိရောက်မှုရှိဖို့ အကူအညီဖြစ်စေခဲ့သည်။

၁၉၇၅ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ဂျပန်နိုင်ငံ၌ သက်သေခံ ၃၀,၀၀၀ ခန့်ရှိခဲ့သောအခါ ဘယ်ရီဇနီးမောင်နှံသည် ဘရွတ်ကလင်၊ နယူးယောက်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ဝိညာဉ်တော်ဖွားဘိသိက်ခံ ခရစ်ယာန်တစ်ဦးအနေနှင့် ညီအစ်ကိုဘယ်ရီသည် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်ခံခဲ့ရခြင်းဖြစ်သည်။ (ရောမ ၈:၁၆၊ ၁၇) သူ၏စာရေးခဲ့သောအတွေ့အကြုံက စာပေပြုစုရေးဌာနတွင် သူ၏တာဝန်သစ်အတွက် အလွန်အသုံးဝင်ခဲ့ကြောင်း ထင်ရှားပါသည်။ ထို့အပြင် ဌာနခွဲနှင့် နိုင်ငံတကာတွင် နှံ့နှံ့စပ်စပ်အမှုထမ်းခဲ့သော သူ၏အတွေ့အကြုံက သူ့အား အုပ်ချုပ်ရေးအဖွဲ့၏ ပုံနှိပ်ထုတ်ဝေရေးကော်မတီဝင်တစ်ဦးအဖြစ် အရေးပါသည့်အပိုင်းမှပါဝင်စေဖို့ အထောက်အကူပေးခဲ့သည်။

နှစ်များတစ်လျှောက် ညီအစ်ကိုဘယ်ရီသည် အရှေ့တိုင်းနှင့် ထိုတွင်ရှိသူတို့အပေါ် မေတ္တာရှိမြဲဖြစ်သည်။ သူ၏ဟောပြောချက်များနှင့် မှတ်ချက်များက [ခရစ်ယာန်] သာသနာပြုလုပ်ငန်း၌ အမှုထမ်းဆောင်ခဲ့သူများစွာတို့နှင့်ပတ်သက်သည့် သာယာကြည်နူးဖွယ်ရာအကြောင်းများကို ပေါ်လွင်စေကြောင်း ဂိလဒ်ကျောင်းသားများအပြင် ဗေသလမိသားစုဝင်များ သေချာပေါက်ပြောဆိုနိုင်ကြသည်။ ညီအစ်ကိုဘယ်ရီသည် မိမိ၏ကိုယ်ပိုင်တွေ့ကြုံမှုများကို စီကာပတ်ကုံး စိတ်အားထက်သန်စွာပြောပြရာ၌ ‘မြေကြီးစွန်းများ’ တွင်ထမ်းဆောင်နေကြသော ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းများ တကယ်ပင်အသက်ဝင်လာခဲ့သည်။ ယင်းတို့ထဲမှအချို့ကို ၁၉၆၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] တွင်ပါသော သူ၏ကိုယ်ရေးရာဇဝင်၌ ဖော်ပြထားသည်။

ညီအစ်ကိုဘယ်ရီသည် ‘ခရစ်တော်နှင့်တွဲဖက်အမွေခံ’ တစ်ဦးအနေနှင့် “ထာဝရအသက်ကို တလိုတလားရှိသူ” တို့ကို ဆက်စိတ်ဝင်စားနေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ ယေဟောဝါထံလုံးဝသစ္စာနှံထားပြီး ဘုရားသခင့်လူမျိုးကို ချစ်ခင်တွယ်တာမှုရှိသော ဝိညာဉ်ရေးလူတစ်ဦးအဖြစ် သူ့အား သိကျွမ်းချစ်ခင်သူမှန်သမျှသည် သူ့ကို အမှန်ပင် လွန်စွာလွမ်းဆွတ်ကြပေလိမ့်မည်။ သို့တိုင်၊ ညီအစ်ကိုဘယ်ရီသည် မိမိ၏မြေကြီးအသက်တာ အဆုံးတိုင်အောင် သစ္စာရှိရှိခံရပ်သွားသည့်အတွက် ကျွန်ုပ်တို့ဝမ်းမြောက်ကြပါသည်။—ဗျာဒိတ် ၂:၁၀။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

၁၉၈၈ ခုနှစ်တွင် “ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း” စာအုပ် ထုတ်ဝေစဉ်ကလွိုက်ဘယ်ရီနှင့် ဂျွန်ဘားရ်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

၁၁ ကြိမ်မြောက်ဂိလဒ်ကျောင်းဆင်းများ နှစ်ပေါင်း ၄၀ အကြာတွင် ဂျပန်နိုင်ငံ၌ တွေ့ဆုံကြခြင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ