ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၁/၁ စာ. ၃-၄
  • လူတန်းစားခွဲခြားမှု ပြဿနာများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူတန်းစားခွဲခြားမှု ပြဿနာများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရေးရေးမျှသော မျှော်လင့်ချက်ရောင်ခြည်လော
  • လူတန်းစားမခွဲခြားသော လူ့အဖွဲ့အစည်း အမှန်တကယ် ရှိနိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • လက်ရှိတန်းတူညီမျှမှုမရှိခြင်းကပ်ဆိုး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • လူမျိုးရေး တန်းတူညီမျှမှု ရဖို့ဆိုတာ အိပ်မက်လောက်ပဲလား​—⁠ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ကင်းမျှော်စင်ပညာပေးဌာနမှ သာသနာပြုများကို စေလွှတ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၁/၁ စာ. ၃-၄

လူတန်းစားခွဲခြားမှု ပြဿနာများ

“တန်းတူညီမျှဖြစ်မှုသည် ရပိုင်ခွင့်တစ်ခုဖြစ်ပေမည်၊ သို့သော် အဘယ်ကမ္ဘာ့အာဏာကမျှ ယင်းကို အကောင်အထည်ဖော်နိုင်မည်မဟုတ်ချေ” ဟူ၍

၁၉ ရာစုမှ ပြင်သစ်ဝတ္ထုစာရေးဆရာ ဟိုနိုရီ ဒီ ဘဲလ်ဇက် ကပြောခဲ့သည်။ သင်သဘောတူပါသလော။ လူတန်းစားခွဲခြားခြင်းသည် မှား၏ဟု လူအများ အလိုလိုသိကြ၏။ သို့တိုင် ဤ ၂၁ ရာစုတွင်ပင် လူ့အဖွဲ့အစည်းသည် အဆင့်အတန်း ခွဲခြားလျက်ရှိဆဲပင်။

၁၉၂၃ မှ ၁၉၂၉ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု၏ သမ္မတဖြစ်ခဲ့သူ ကယ်လ်ဗင် ကူးလစ်ချ် သည် လူမှုရေးအဆင့်အတန်းခွဲခြားမှုကိစ္စကို အရေးထားဆောင်ရွက်ခဲ့ပြီး “အခွင့်ထူးခံလူတန်းစားမှန်သမျှ တိမ်ကောပပျောက်” စေမည်ဟုပြောကြားခဲ့သည်။ သို့သော်ငြားလည်း ကူးလစ်ချ်၏ သမ္မတသက်တမ်းကုန်ပြီးနောက် အနှစ် ၄၀ ခန့်အကြာတွင် လူမျိုးကွဲများဆက်ဆံရေးကို လေ့လာရန်ခန့်အပ်ခံရသော ကာနာကော်မရှင် က အမေရိကန်ပြည်ထောင်စုတွင် “လူဖြူ၊ လူမည်း—သီးခြားဖြစ်၍ တန်းတူရည်တူမဟုတ်သော” လူ့အဖွဲ့အစည်းနှစ်ခု ဧကန်ထွက်ပေါ်လာလိမ့်မည်ကိုစိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါတင်ကူးဟောကြားချက်အတိုင်း အမှန်ဖြစ်လာခဲ့ပြီး ထိုနိုင်ငံတွင် “စီးပွားရေးနှင့် လူမျိုးရေးကွာဟမှု ကြီးထွား” လာနေသည်ဟု အချို့ကဆို၏။

လူအားလုံး တန်းတူညီမျှဖြစ်ရေးကို အထမြောက်စေရန် အဘယ်ကြောင့် ဤမျှခက်ခဲရသနည်း။ အဓိကအကြောင်းမှာ လူ့မနောပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ လွှတ်တော်အမတ်ဟောင်း ဝီလျံ ရန်ဒေါ့လ်ဖ် ဟာ့စ်သည် တစ်ခါက ဤသို့ဆိုခဲ့သည်– “လူအားလုံးဟာ အနည်းဆုံး အရာတစ်ခုနဲ့ပတ်သက်ပြီးတော့ တန်းတူဖန်ဆင်းခံခဲ့ရပါတယ်၊ အဲ့ဒါက မတူညီချင်ကြတဲ့ဆန္ဒပဲ။” အဘယ်အရာကို ဆိုလိုသနည်း။ ၁၉ ရာစု ပြင်သစ်ပြဇာတ်ရေးဆရာ ဟင်နရီ ဘက်က ပို၍ရှင်းလင်းပြတ်သားစွာ ပြောပြခဲ့ပေမည်– “တန်းတူညီမျှဖြစ်ရေးကို အထမြောက်စေရန် ဤမျှခက်ခဲရခြင်းမှာ မိမိထက်အဆင့်မြင့်သူတို့နှင့် တန်းတူညီမျှဖြစ်လိုကြခြင်းကြောင့်ဖြစ်သည်။” တစ်နည်းဆိုသော် လူတို့သည် မိမိတို့ထက် လူနေမှုအဆင့်သာလွန်သူများနှင့် တန်းတူဖြစ်လိုကြသည်; သို့သော် မိမိတို့ထက် အဆင့်နိမ့်သည်ဟု ယူမှတ်သူများကို မိမိတို့နှင့်တန်းတူဖြစ်စေရန် မိမိတို့၏အခွင့်အရေးများကို တလိုတလားကန့်သတ်မည့်သူ များစွာရှိမည်မဟုတ်ချေ။

ယခင်က လူတို့သည် သာမန်လူတန်းစား၊ အထက်တန်းလွှာ၊ သို့မဟုတ် မင်းမျိုးမင်းနွယ်များအဖြစ် မွေးဖွားလာခဲ့ကြ၏။ ဒေသအချို့တွင် ထိုအတိုင်း ယခုထိတိုင်ရှိနေဆဲပင်။ သို့ရာတွင် ယနေ့ နိုင်ငံအများ၌ ငွေရှိခြင်း၊ သို့မဟုတ် ငွေမရှိခြင်းက လူတစ်ဦးအား အောက်ခြေလူတန်းစား၊ အလယ်အလတ်တန်းစား သို့မဟုတ် အထက်တန်းလွှာဖြစ်သည်ဟု သတ်မှတ်သည်။ ထို့ပြင် လူမျိုးရေး၊ ပညာရေးနှင့် စာရေးတတ်ဖတ်တတ်ခြင်းတို့ကလည်း လူမှုအဆင့်အတန်းကို သတ်မှတ်ပေးသည်။ အချို့နေရာများ၌မူ ယောက်ျားမိန်းမဖြစ်ခြင်းသည် ခွဲခြားဆက်ဆံရန် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်၍ အမျိုးသမီးများအား နိမ့်ကျသောလူတန်းစားဟု ယူမှတ်ကြသည်။

ရေးရေးမျှသော မျှော်လင့်ချက်ရောင်ခြည်လော

လူ့အခွင့်အရေးဆိုင်ရာ ဥပဒေသည် အဆင့်အတန်းခွဲခြားမှုအချို့ကို ချေဖျက်နိုင်ခဲ့ပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် အဆင့်အတန်းခွဲခြားမှုကို ဆန့်ကျင်သော ဥပဒေများ ပြဋ္ဌာန်းခဲ့ကြသည်။ တောင်အာဖရိကတွင် အသားအရောင်ခွဲခြားမှုကို ပယ်ရှားပစ်ခဲ့ပြီ။ ယခုထက်တိုင် ကျွန်ဘဝရှိဆဲဖြစ်သော်လည်း ကမ္ဘာ့ဒေသအတော်များများ၌ ပိတ်ပင်ထားသည်။ တိုင်းရင်းသားအချို့၏ မြေယာပိုင်ဆိုင်ခွင့်များကို ဥပဒေဆိုင်ရာအမိန့်ချမှတ်ချက်များက အသိအမှတ်ပြုစေခဲ့ပြီ၊ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သောဥပဒေများက တန်းတူအခွင့်အရေးမရသူအချို့အား အခွင့်အရေးရရှိစေခဲ့ပြီ။

၎င်းတို့က လူမှုအဆင့်အတန်းခွဲခြားခြင်း မရှိတော့ဟု ညွှန်ပြပါသလော။ မညွှန်ပြပေ။ လူမှုအဆင့်အတန်းခွဲခြားမှုအချို့ ယခင်ကလောက် မပြင်းထန်တော့သော်လည်း အဆင့်အတန်းခွဲခြားမှုအသစ်များ ပေါ်ထွက်လာနေသည်။ ကွန်ပျူတာခေတ်တွင် လူတန်းစားတိုက်ပွဲ စာအုပ်ကဤသို့ဆိုသည်– “ယနေ့တွင် အရင်းရှင်လူတန်းစားနှင့် အလုပ်သမားလူတန်းစားဟူ၍ အတန်းအစားခွဲခြားရန် သင့်လျော်ပုံမရချေ၊ သို့သော် ယင်းအတိုင်းဖြစ်နေကာ မြောက်မြားလှသော ထိုလူစုတို့သည် အမျက်ထွက်နေသော ပိုမိုငယ်သည့်အုပ်စုများအဖြစ်သို့ ကွဲပြားသွားသောကြောင့်သာဖြစ်သည်။”

လူမှုရေးအဆင့်အတန်းများက လူတို့ကို အမြဲကွဲပြားနေစေမည်လော။ နောက်ဆောင်းပါး ဖော်ပြမည့်အတိုင်း အခြေအနေသည် မျှော်လင့်ရာမဲ့မဟုတ်ချေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ