ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁/၁၅ စာ. ၃-၄
  • သင့်အနာဂတ်ကို အဘယ်အရာက ထိန်းချုပ်ထားသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အနာဂတ်ကို အဘယ်အရာက ထိန်းချုပ်ထားသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်နောင်ရေးကို သင်ထိန်းချုပ်နိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • “ကျွန်တော် သေဖို့အချိန်မတန်သေးဘူး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကျွန်ုပ်တို့၏အနာဂတ်ကို ကြိုတင်ရေးသားထားနှင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကျွန်ုပ်တို့ကို ကံကြမ္မာက ထိန်းချုပ်ထားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁/၁၅ စာ. ၃-၄

သင့်အနာဂတ်ကို အဘယ်အရာက ထိန်းချုပ်ထားသနည်း

ဆင့်ကဲဝါဒီ ဂျွန် ဂရေးက “လူသားတို့သည် တိရစ္ဆာန်များကဲ့သို့ပင် မိမိတို့၏နောင်ရေးကို ဖန်တီးနိုင်စွမ်း မရှိကြပါ” ဟုရေးသားခဲ့၏။ စာရေးဆရာ ရှမ်မြူလီ ဘိုထိချ်၏ ဉာဏ်ပညာတတ်တစ်ဦး၏ ဂျူးဘာသာလမ်းညွှန် ဟူသည့်စာအုပ်တွင်မူ ဆန့်ကျင်ဘက်အမြင်ကို ဖော်ပြထားသည်။ “လူသည် တိရစ္ဆာန်မဟုတ်သောကြောင့် ကိုယ့်နောင်ရေးကို ကိုယ်အမြဲထိန်းချုပ်ထားနိုင်သည်” ဟု သူရေးခဲ့၏။

လူများစွာမှာ ဂရေးနှင့်သဘောချင်းတူညီကြပြီး မမြင်နိုင်သည့် သဘာဝစွမ်းအားစုများက လူ့မိသားစုကြီး၏နောင်ရေးကို ထိန်းချုပ်ထားသည်ဟု ယုံကြည်ကြသည်။ အချို့က ဘုရားသခင်သည် လူအား ကိုယ့်အနာဂတ်ကို ကိုယ်ထိန်းချုပ်နိုင်စွမ်းထည့်သွင်းကာ ဖန်ဆင်းပေးထားသည်ဟု ယူဆကြသည်။

တန်ခိုးရှိလူ့စွမ်းအားစုများက မိမိတို့အနာဂတ်ကို ထိန်းချုပ်ထားသည်ဟု လူအချို့ယူဆကြသည်။ စာရေးဆရာ ရွိုင် ဝယ်သာဖို့ဒ်၏အဆိုအရ “ကမ္ဘာပေါ်ရှိလူအများစု—အထူးသဖြင့် အမျိုးသမီးအများစု၏သမိုင်းကြောင်း—တွင် . . . မိမိတို့အသက်တာအပေါ် မြင်သာသော ဖိနှိပ်မှု၊ ခေါင်းပုံဖြတ်မှုတို့ကို ဘာမျှမတတ်နိုင် သို့မဟုတ် မထိန်းချုပ်နိုင်ကြချေ။” (ပြဋ္ဌာန်းခံဝါဒ၏ဂယက်များ) နိုင်ငံရေး၊ စစ်ရေးပြိုင်ဆိုင်မှုများကြောင့် လူများစွာ၏ ပျော်ရွှင်ဖွယ်အနာဂတ်အိပ်မက်များမှာ ပျက်စီးခဲ့ရ၏။

သမိုင်းတစ်လျှောက်ရှိ အခြားသူများမူ သဘာဝလွန်စွမ်းအားစုများက မိမိတို့နောင်ရေးကို ထိန်းချုပ်ထားသည်ဟုယူဆကာ ခိုကိုးရာမဲ့ဖြစ်နေကြသည်။ ဘိုထိချ်က ဤသို့ပြောခဲ့၏– “ရှေးခေတ်ဂရိတို့က လူသားတို့သည် တင်ကြိုသတ်မှတ်ထားရာကို မလွန်ဆန်နိုင်သောကြောင့် မျှော်လင့်ချက်အားလုံး အချည်းနှီးဖြစ်သည်ဟူသည့် အစွဲအလမ်းရှိကြသည်။” လူတိုင်း၏နောင်ရေးကို စိတ်အပြောင်းအလဲမြန်သော နတ်ဘုရားမများက ဆုံးဖြတ်ပေးသည်ဟု သူတို့ယူဆကြ၏။ ဤနတ်ဘုရားမများသည် လူတစ်ဦးသေဆုံးမည့်အချိန်အပြင် သူ့အသက်တာတွင် ဘေးအန္တရာယ်နှင့် နာကျင်မှု မည်မျှခံစားစေရမည်တို့ကိုလည်း ဆုံးဖြတ်ပေးသည်ဟု သူတို့ယူဆကြသည်။

လူတစ်ဦး၏နောင်ရေးကို သဘာဝလွန်စွမ်းအားက ထိန်းချုပ်ထားသည်ဟူသောယူဆချက်ကို လူအများလက်ခံထားကြသည်။ ဥပမာ၊ လူများစွာသည် တင်ကြိုစီမံခန့်ခွဲထားခြင်းကို ယုံကြည်ကြသည်။ ဘုရားသခင်သည် လူသားအားလုံး၏ လုပ်ဆောင်မှုရလဒ်များနှင့် သေဆုံးမည့်အချိန်ကို ကြိုတင်စီမံထားသည်ဟု သူတို့ဆိုကြသည်။ အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်က “လူတစ်ဦးစီ၏ အပြီးသတ်ကယ်တင်ခံရခြင်း သို့မဟုတ် အပြစ်စီရင်ခံရခြင်းကို ကြိုတင်သတ်မှတ်ထားသည်” ဟူသည့် အယူအဆကို ပံ့ပိုးပေးသည့် တင်ကူး ပြဋ္ဌာန်းခြင်းအယူဝါဒကလည်း ရှိနေသည်။ ခရစ်ယာန်အခေါ်ခံသူများစွာသည် ဤအယူကို စွဲကိုင်ထားကြသည်။

သင် မည်သို့ထင်သနည်း။ သင့်နောင်ရေးကို သင်လုံးဝမထိန်းချုပ်နိုင်သည့် စွမ်းအားစုများက ပိုင်းဖြတ်ထားပြီလော။ သို့မဟုတ် “လူတို့သည် ကိုယ်ဖြစ်ပျက်လာမည့်အရာကို ကိုယ်ဖန်တီးသူများဖြစ်ကြသည်” ဟူသော အင်္ဂလိပ်ပြဇာတ်ရေးသူ ဝီလျံရှိတ်စပီးယား၏ စကားများသည် မှန်ပါသလော။ ဤကိစ္စတွင် သမ္မာကျမ်းစာက ဘာပြောထားသည်ကို သုံးသပ်ကြည့်ပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ