ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၃/၁ စာ. ၃
  • “ကျွန်တော် သေဖို့အချိန်မတန်သေးဘူး”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျွန်တော် သေဖို့အချိန်မတန်သေးဘူး”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခပ်သိမ်းသောအမှုအရာအတွက် အချိန်ရှိ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကျွန်ုပ်တို့၏အနာဂတ်ကို ကြိုတင်ရေးသားထားနှင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သင့်အနာဂတ်ကို အဘယ်အရာက ထိန်းချုပ်ထားသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ကံကြမ္မာအယူကို ကျမ်းစာသွန်သင်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၃/၁ စာ. ၃

“ကျွန်တော် သေဖို့အချိန်မတန်သေးဘူး”

အမှိုက်သယ်သည့် ထရပ်ကားကြီးတစ်စင်း၏ယာဉ်မောင်းသည် ကားကို မထိန်းနိုင်တော့ပေ။ ထရပ်ကားသည် ပလက်ဖောင်းပေါ်တက်သွားပြီး လမ်းလျှောက်နေသော စုံတွဲတစ်တွဲနှင့် ၂၃ နှစ်အရွယ်လူငယ်တစ်ဦးကို တိုက်မိသွားသည်။ နယူးယောက်မြို့သတင်းစာပါ သတင်းတစ်ပုဒ်အရ ထိုစုံတွဲမှာ ပွဲချင်းပြီးသေဆုံးသွားကာ လူငယ်မှာ သတိလစ်သွားသည်။ သူ ပြန်သတိရလာပြီး ဘာဖြစ်ခဲ့သည်ကို သိရသောအခါ ‘ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော် လုံးဝမထင်ထားဘူး။ ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုကယ်ပါ။ ကျွန်တော် သေဖို့ အချိန်မတန်သေးဘူး’ ဟု ပြောခဲ့သည်။

အလားတူအဖြစ်အပျက်မျိုးကို သင် ကြားဖူးပေမည်။ ဘေးဆိုးတစ်ခုကို လူတစ်ဦး သီသီလေးလွတ်သွားချိန်တွင် လူတို့က ‘သူ့သေချိန်မတန်သေးဘူး’ ဟုပြောလေ့ရှိကြသော်လည်း အလွန်ထူးခြားသော မတော်တဆမှုတစ်ခုတွင် လူတစ်ဦးသေဆုံးသွားပါက ‘သူ့အချိန်တန်လို့ပါ’ သို့မဟုတ် ‘ဘုရားသခင်ရဲ့အလိုတော်ပဲ’ ဟုပြောကြသည်။ ကံကြမ္မာကြောင့်ဟုဆိုပါစေ၊ ဘုရားသခင်ကြောင့်ဟုဆိုပါစေ ထိုယုံကြည်ချက်မှာ အခြေခံအားဖြင့် တူညီသည်။ ဘဝအလှည့်အပြောင်းများနှင့် ယင်းတို့၏နောက်ဆုံးရလဒ်များကို ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားပြီး ယင်းတို့ကို မိမိတို့ မည်သို့မျှပြုပြင်ပြောင်းလဲ၍မရနိုင်ဟု လူများစွာ ယုံကြည်ကြသည်။ ယင်းသည် ရှေးအချိန်မှ အစပြုခဲ့သော ယုံကြည်ချက်ဖြစ်သည်။

ဥပမာ၊ ရှေးခေတ်ဗာဗုလုန်လူမျိုးတို့သည် ကြယ်များနှင့် ၎င်းတို့၏ရွေ့ရှားမှုတို့က လူ့အရေးကိစ္စများကို ထိန်းချုပ်ထားသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် မိမိတို့အားလမ်းညွှန်မည့် နိမိလက္ခဏာများကိုသိနိုင်ရန် ကောင်းကင်ကိုကြည့်ကြသည်။ ဂရိနှင့်ရောမတို့သည် ကံကြမ္မာနတ်ဘုရားမများကို ဝတ်ပြုကြပြီး တစ်ခါတစ်ရံ လူတို့၏ကံကောင်းမှုနှင့်ကံဆိုးမှုများကို ပိုင်းဖြတ်ပေးနိုင်သော သူတို့၏တန်ခိုးသည် အဓိကနတ်ဘုရားများဖြစ်သော ဇုသနှင့်ဂျူပီတာတို့၏အလိုကိုပင် ပယ်ဖျက်နိုင်ပုံရသည်ဟု ယုံကြည်ကြသည်။

အရှေ့တိုင်းတွင် ဟိန္ဒူနှင့်ဗုဒ္ဓဘာသာဝင်တို့က လူတစ်ဦး လောလောဆယ် ကြုံတွေ့ခံစားနေရသည့်အရာများသည် အတိတ်ဘဝတွင်ပြုခဲ့သည့်အရာများကြောင့်ဖြစ်ပြီး ယခုဘဝတွင် သူ၏ပြုမူကျင့်ကြံပုံသည် နောက်ဘဝတွင် သူဖြစ်မည့်အရာကို ပိုင်းဖြတ်ပေးသည်ဟု ယုံကြည်သည်။ ခရစ်ယာန်ဘောင်ရှိ ချာ့ချ်များစွာအပါအဝင် အခြားဘာသာတရားများကလည်း ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားသည်ဟူသော ကံကြမ္မာနှင့်ပတ်သက်သည့်အယူအဆများကို လက်ခံယုံကြည်ကြသည်။

ထို့ကြောင့် လက်တွေ့ကျပြီး ခြေမြစ်ခိုင်လုံသည့်အရာများကိုသာ ယုံကြည်သည်ဟုဆိုကြသော ယခုခေတ်တွင်ပင် လူတို့သည် မိမိတို့၏ဘဝအခြေအနေများ၊ နေ့စဉ်လုပ်ငန်းဆောင်တာများ၏ ရလဒ်များနှင့် မိမိတို့၏ဘဝခရီးလမ်းဆုံးကို ကံကြမ္မာက ထိန်းချုပ်ထားပြီး ယင်းတို့ကို လုံးဝပြုပြင်ပြောင်းလဲ၍မရနိုင်ဟု ယုံကြည်နေခြင်းမှာ အဆန်းမဟုတ်ပေ။ သင့်ဘဝနှင့်ပတ်သက်၍ သင်လည်း အလားတူခံစားရပါသလော။ မွေးဖွားလာခြင်းနှင့် သေဆုံးခြင်းပင်အပါအဝင် ဘဝဖြစ်ရပ်များ၊ အလှည့်အပြောင်းများ၊ အောင်မြင်မှုများ၊ ကျရှုံးမှုများကို အမှန်ပင် ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားပါသလော။ သင့်အသက်တာကို ကံကြမ္မာက ထိန်းချုပ်ထားပါသလော။ ကျမ်းစာက ထိုမေးခွန်းများကို ဖြေဆိုနိုင်ရန် မည်သို့ကူညီပေးကြောင်း ကြည့်ကြစို့။

[Picture Credit Line on page 3]

Ken Murray/New York Daily News

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ