ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၄/၁၅ စာ. ၃
  • သင့်ဆက်သွယ်မှု မည်မျှကောင်းသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဆက်သွယ်မှု မည်မျှကောင်းသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ထောင်ရေးနှောင်ကြိုးများကို ခိုင်မြဲစေနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သင့်ရဲ့အိမ်ထောင်ဖက်ကို တလေးတစား ပြောဆိုဆက်ဆံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါသက်သေများသည် အိမ်ထောင် ဖြိုခွဲသူများလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၄/၁၅ စာ. ၃

သင့်ဆက်သွယ်မှု မည်မျှကောင်းသနည်း

“အသက် ၆၀ အရွယ်၏ မေတ္တာစာ။” လွန်ခဲ့သောနှစ်အနည်းငယ်က ဂျပန်နိုင်ငံမှ ဘဏ်တစ်ခုသည် အဆိုပါခေါင်းစဉ်ဖြင့် စာရေးပြိုင်ပွဲတစ်ခု ကျင်းပခဲ့သည်။ မိမိတို့အိမ်ထောင်ဖက်နှင့်ပတ်သက်သည့် “ခံစားချက်အမှန်” ကို ထုတ်ဖော်ရေးသားရန် အသက် ၅၀ ကျော်နှင့် ၆၀ ကျော်အရွယ်ရှိ ဂျပန်လူမျိုးများကို တိုက်တွန်းထားသည်။ ပြိုင်ပွဲဝင်သူတစ်ဦးက သူ့ဇနီးထံ ဤသို့ရေးခဲ့သည်– “မင်းကတော့ ရယ်နေလိမ့်မယ်၊ ဒါပေမဲ့ ငါမပြောဘဲနေလိုက်ရင် ဝမ်းနည်းနေရမှာစိုးလို့ ပြောကိုပြောရဦးမယ်– ငါ့ကိုလက်ထပ်ခဲ့တဲ့မင်းကို ကျေးဇူးတင်ပါတယ်။”

အရှေ့တိုင်းယဉ်ကျေးမှုအချို့အပါအဝင် ယဉ်ကျေးမှုအတော်များများတွင် မိမိ၏ခံစားချက်များ ဖွင့်ဟပြောဆိုခြင်းကို အားမပေးကြချေ။ သို့သော် အဆိုပါမေတ္တာစာ အရေးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူ ၁၅,၀၀၀ ကျော်ရှိခဲ့သည်။ ထိုပြိုင်ပွဲကို နောက်တစ်ကြိမ် ထပ်မံကျင်းပရပြီး ၎င်းစာများကိုအခြေပြု၍ စာအုပ်များထုတ်ဝေရသည့်အထိ အလွန်လူကြိုက်များခဲ့သည်။ ယင်းက မိမိတို့ချစ်မြတ်နိုးရသူနှင့်ပတ်သက်သော ခံစားချက်များကို ရင်ဖွင့်ပြောလိုသူများစွာရှိကြောင်း ဖော်ပြသည်။ အခြားသူတို့မူ ထိုသို့ထုတ်မပြောကြပါ။ အဘယ်ကြောင့်နည်း။ မိမိတို့၏ခံစားချက်ကို တစ်ဖက်သားနားလည်အောင် ဖွင့်ဟပြောပြရန် သူတို့အတွက် ခွန်အားစိုက်ထုတ်မှုနှင့် ကျွမ်းကျင်မှု အတော်ပင်လိုအပ်သောကြောင့်ဖြစ်နိုင်သည်။

အငြိမ်းစားယူခြင်းအကြောင်း စာအုပ်တစ်အုပ်ရေးသားခဲ့သူ ဟီတိုရှီ ကာတိုက ဂျပန်နိုင်ငံမှ သက်ကြီးရွယ်အိုမောင်နှံစုံများတွင် ကွာရှင်းခြင်းကိစ္စကို အများအားဖြင့် ဇနီးသည်တို့က အစပြုကြသည်ဟုဆို၏။ နှစ်များတစ်လျှောက် တေးမှတ်ထားသော နာကြည်းချက်များ များလာသောကြောင့်ဖြစ်သည်။ “မောင်နှံစုံတို့သည် အရေးကြုံလာချိန်တွင် ပြောဆိုဆက်သွယ်ခြင်း မပြုသောကြောင့်လည်းပါသည်” ဟုသူဆိုသည်။

အငြိမ်းစားယူလိုက်ချိန်တွင် ကွာရှင်းရန်တောင်းဆိုခြင်းခံရသော လင်ယောက်ျားတစ်ဦးသည် အံ့အားသင့်သွားနိုင်သည်။ မောင်နှံစုံအနေနှင့် အချင်းချင်းရင်ဖွင့်ပြောဆိုခြင်းမပြုသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပေမည်။ ခင်ပွန်းဖြစ်သူရော ဇနီးဖြစ်သူပါ မိမိတို့ခံစားချက်များကို ထုတ်ပြောရန် ကြိုးစားခဲ့မည်ဖြစ်သော်လည်း အပြုသဘောဆောင်စွာ ပြောဆိုဆက်သွယ်၍မရနိုင်ဘဲဖြစ်နေသည်။ ပို၍ရင်းနှီးသောဆက်ဆံရေးရှိလာမည့်အစား မကြာမကြာ သူတို့ စကားများရန်ဖြစ်ကြရသည်။

ဇနီးမောင်နှံတို့သည် မိမိတို့၏သဘောထားကွဲလွဲမှုများကို မည်သို့အေးဆေးတည်ငြိမ်စွာ ဖြေရှင်းနိုင်သနည်း။ မိမိတို့၏ခံစားချက်များကို ပြေပြစ်စွာ မည်သို့ပြောဆိုဆက်သွယ်နိုင်သနည်း။ အိမ်ထောင်ရေးအတိုင်ပင်ခံတစ်ဦး မကြာမီက ထုတ်ဝေခဲ့သော စာအုပ်တွင်မဟုတ်ဘဲ ရာစုနှစ်ပေါင်းများစွာ တန်ဖိုးထားလေးမြတ်ခံခဲ့ရသည့် ရှေးဟောင်းစာအုပ်တစ်အုပ်ဖြစ်သော သမ္မာကျမ်းစာ၌ လက်တွေ့အကျဆုံးအကြံပေးချက်များကို တွေ့ရမည်ဆိုလျှင် သင်စိတ်ဝင်စားပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ