ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၄/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ပဋိညာဉ်သေတ္တာတော်ဆိုတာဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကောင်းမှုသည် ဆိုးသွမ်းမှုကို အောင်ပွဲဆင်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၄/၁၅ စာ. ၃၀

သင်မှတ်မိသလော

မကြာသေးမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ယနေ့ ဆိုးသွမ်းမှု အလွန်များပြားရသည့် အကြောင်းရင်းအချို့ကား အဘယ်နည်း။

ဆိုးသွမ်းသောလုပ်ရပ်များဖြစ်ပေါ်ရသည့် အကြောင်းရင်းတစ်ခုမှာ လူတို့၏မွေးရာပါ အဆိုးပြုလိုစိတ်ကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၈:၂၁) အကြောင်းရင်းနောက်တစ်ခု မှာ လူအများစုသည် ဘုရားသခင့်အလိုတော်ကို တိကျမှန်ကန်စွာမသိသောကြောင့်ဖြစ်သည်။ ထို့ အပြင် ဆိုးသွမ်းမှု၏ပင်ရင်းဖြစ်သော စာတန်သည် လူ့ရေးရာများတွင် ဝင်ရောက်စွက်ဖက်နေခြင်းတို့ ကြောင့် ဖြစ်သည်။—၁/၁၊ စာမျက်နှာ ၄-၆။

• အခန့်သင့်အချိန်တွင် ချီးမွမ်းစကားပြောခြင်းဖြင့် အဘယ်ကောင်းကျိုး ရရှိ နိုင်သနည်း။ (သု. ၁၂:၂၅)

ချီးမွမ်းခံရသူအား ယုံကြည်စိတ်ချ မှု ရှိစေနိုင်သည်၊ ထိုသူအား အားပေးလှုံ့ဆော်မှုဖြစ်စေပြီး ရင်းနှီးဖော်ရွေမှုကို ခံစားရစေနိုင်သည်။ ထို့ပြင် ချီးမွမ်းစကားပြောဆိုဖို့ရှာကြံသည့်အခါ သူတစ်ပါး၏ကောင်းကွက်ကို တွေ့ မြင်စေသည်။—၁/၁၊ စာမျက်နှာ ၁၆-၁၇။

• ပဋိညာဉ်သေတ္တာထဲတွင် အဘယ်အရာရှိ ခဲ့သနည်း။

ပညတ်တော်ကျောက်ပြားနှစ်ပြားအပြင် မန္နမုန့်အနည်းငယ် ထည့်ထားခဲ့သည်။ ကောရ၏ပုန်ကန်မှု ဖြစ်ပွားပြီးနောက် အာရုန်၏လှံတံကို ထိုလူမျိုးဆက်အတွက် သက်သေအဖြစ် သေတ္တာတော်တွင် ထည့်ထားသည်။ (ဟေဗြဲ ၉:၄) ရှောလမုန်တည်ဆောက်ခဲ့သော ဝတ်ပြုရာအိမ်တော်ကို မအပ်နှံမီ အာရုန်၏လှံတံနှင့် မန္နမုန့်ထည့်ထားသောအိုးကို သေတ္တာတော်မှ ထုတ်ပစ်ခဲ့ခြင်းဖြစ်နိုင်သည်။—၁/၁၅၊ စာမျက်နှာ ၃၁။

• နေဟမိခေတ်မှ ဂျူးများသည် အဘယ်ကြောင့် ဝတ်ပြုရာအိမ်တော်သို့ ထင်းအလှူယူခဲ့ရသနည်း။

မောရှေပညတ်တွင် ထင်းပူဇော်ရာယဇ်ပေးရမည်ဟု မတောင်းဆိုထားပါ။ သို့သော် နေဟမိခေတ်တွင် ယဇ်ပလ္လင်ပေါ်၌ ယဇ်များကိုပူဇော်ဖို့ ထင်းမပြတ်ရှိနေရန် လိုအပ်ခဲ့သည်။—၂/၁၊ စာမျက်နှာ ၁၁။

• မူရေတိုရီယန်ကျမ်းအပိုင်းအစဟူသည် အဘယ်နည်း။

ယင်းသည် လက်တင်စကားဖြင့်ရေးသားထားသော လက်ရေးစာမူတစ်စိတ်တစ်ပိုင်းဖြစ်သည်။ မူရင်းစာသားကို အေဒီ ဒုတိယရာစု အကုန်ပိုင်းလောက်တွင် ဂရိစကားဖြင့် ရေးခဲ့သည်။ ယင်းတွင် ယုံကြည်စိတ်ချရသော ခရစ်ယာန်ဂရိကျမ်းစောင်များ၏ ရှေးအကျဆုံးစာရင်းအပြင် ကျမ်းစောင်များအကြောင်းနှင့် ယင်းကိုရေးသားသူများအကြောင်း ပါရှိသည်။—၂/၁၅၊ စာမျက်နှာ ၁၃-၁၄။

• ပါးရှားမိဖုရားဝါရှတိသည် ရှင်ဘုရင်ထံ အခစားဝင်ရန် အဘယ်ကြောင့် ငြင်းဆန်ခဲ့သနည်း။ (ဧသတာ ၁:၁၀-၁၂)

သူ၏အကြောင်းပြချက်ကို သမ္မာကျမ်းစာက မဖော်ပြထားပါ။ သူသည် ရှင်ဘုရင်၏ မူးယစ်နေသောဧည့်သည်များရှေ့တွင် အရှက်မရလိုသောကြောင့် အမိန့် တော်ကို ငြင်းဆန်ခြင်းဖြစ်သည်ဟု ကျမ်းပညာရှင်အချို့က ဆိုသည်။ အဆိုပါအဆင်းလှသောမိဖုရားသည် အမှန်ပင် လက်အောက်မခံလိုသောကြောင့်လည်း ဖြစ်နိုင်ရာ ပါးရှားအင်ပါယာရှိ အခြားဇနီးသည်များအတွက် ပုံသက်သေမကောင်းချေ။—၃/၁၊ စာမျက်နှာ ၉။

• ရွေးနုတ်ဖိုးက ကျွန်ုပ်တို့ကို မည်သို့ကယ်နုတ်သနည်း။

ယေရှု၏ပူဇော်ရာယဇ်သည် ကျွန်ုပ်တို့ကို အမွေခံထားရသောအပြစ်မှ ကယ်နုတ်နိုင်ပြီး အပြစ်၏ဆိုးဝါးသောအကျိုးဆက်များမှ လွတ်မြောက်စေနိုင်သည်။ (ရောမ ၆:၂၃) ဤပူဇော်ရာယဇ်သည် မကြည်လင်သော ကိုယ်ကိုကိုယ်သိသောစိတ်မှ လွတ်စေသည်။ ရွေးနုတ်ဖိုးကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့ ကျွန်ုပ်တို့၏အနေအထားနှင့် ပတ်သက်၍ စိုးရိမ်ကြောက်ရွံ့စိတ်မှ လွတ်မြောက်နိုင်ကြသည်။ (၁ ယောဟန် ၂:၁)—၃/၁၅၊ စာမျက်နှာ ၈။

• ဆိတ်သငယ်ကို အမိနို့ရည် နှင့်မပြုတ်မချက်ရဟူသော တားမြစ်ချက်မှ အဘယ်အရာသင်ယူနိုင်သနည်း။ (ထွက်မြောက်ရာ ၂၃:၁၉)

ထိုသို့ချက်ပြုတ်ခြင်းသည် အယူမှားသူတို့၏ မိုးခေါ်နည်းဖြစ်ခဲ့ပေမည်။ (ဝတ်ပြုရာ ၂၀:၂၃) ဘုရားသခင်သည် မိခင်၏နို့ ရည်ဖြင့် သားငယ်ကို အာဟာရဖြစ်စေကာ ကြီးထွားစေတော်မူ၏။ သားငယ်ကို ၎င်း၏အမိနို့ရည် နှင့် ချက်ပြုတ်ခြင်းသည် ဘုရားသခင် တည်ထောင်ထားသော မိဘနှင့်သားသမီးစပ်ကြား ချစ်ခင်ရင်းနှီးမှုကို မခန့်လေးစားပြုရာ ရောက်ပေမည်။ ဤသို့တားမြစ်ထားခြင်းက ဘုရားသခင်၏သနားကြင်နာမှုကို ဖော်ပြသည်။—၄/၁၊ စာမျက်နှာ ၃၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ