ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၇/၁ စာ. ၃၁
  • သူ့ယုံကြည်ခြင်းက အခြားသူများကိုအားပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူ့ယုံကြည်ခြင်းက အခြားသူများကိုအားပေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြာမြင့်စွာရှာဖွေမှု အကျိုးနပ်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • “ဒီလိုမျိုးမေတ္တာကို တစ်ခါမှ မခံစားခဲ့ဖူးဘူး”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • “ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၇/၁ စာ. ၃၁

သူ့ယုံကြည်ခြင်းက အခြားသူများကိုအားပေး

စေးလ်ဗီယာကို ၁၉၉၂၊ ဒီဇင်ဘာလတွင် မွေးဖွားခဲ့စဉ်က သူသည် အလွန်ကျန်းမာသော မိန်းကလေးတစ်ဦးဖြစ်ပုံရသည်။ သို့သော် နှစ်နှစ်အရွယ်တွင် အသက်ရှူလမ်းကြောင်းနှင့် အစာခြေလမ်းကြောင်းတို့ကို အကြီးအကျယ်ထိခိုက်စေသော ကုသမရနိုင်သည့် အရည်အိတ်မျှင်ထူပွားရောဂါရှိကြောင်း သိလာရသည်။ ထိုရောဂါအတွက် တစ်နေ့လျှင် ဆေး ၃၆ လုံးသောက်ရသည့်အပြင် ဆေးငွေ့များလည်းရှူရ၊ ကာယကုထုံးဖြင့်လည်း ကုသခံရသည်။ သူ၏အဆုတ်သည် ပုံ မှန်အရွယ်အစား၏ ၂၅ ရာခိုင်နှုန်းသာရှိသဖြင့် အပြင်ထွက်လျှင်ပင် အောက်ဆီဂျင်ဘူး ဆောင်သွားရသည်။

သူ့ အမေဖြစ်သူ ထရေဇာ ဤသို့ ပြော၏– “ဒါပေမဲ့ ဒီရောဂါကို သူခံနိုင်ရည်ရှိတာ အံ့ဩစရာပဲ။ ကျမ်းစာအသိပညာရှိတဲ့အတွက် သူ့မှာ ခိုင်မာတဲ့ယုံ ကြည်ခြင်းရှိတယ်။ ဒီယုံ ကြည်ခြင်းက ဝမ်းနည်းစရာတွေနဲ့ အဆင်မပြေ မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကူညီပေးတယ်။ ယေဟောဝါကတိပေးထားတဲ့ ရောဂါအားလုံးပျောက်ကင်းမယ့် ကမ္ဘာသစ်ကို သူအမြဲသတိရတယ်။” (ဗျာ. ၂၁:၄) တစ်ခါတစ်ရံ သူ့မိသားစု စိတ်ဓာတ်ကျသည့်အခါ စေးလ်ဗီယာ၏ ယုံကြည်စိတ်ချမှုအပြည့်ပါသောအပြုံးက သူတို့ကို စိတ်အားတက်လာစေသည်။ သူ့မိဘနှင့်အစ်ကို,ကို သူဤသို့ပြော၏– “အခုခံစားရတဲ့ ဝေဒနာအားလုံးကို ကမ္ဘာသစ်အသက်တာနဲ့ အစားထိုးမှာပါ။”

စေးလ်ဗီယာသည် အခြားသူများကို သမ္မာကျမ်းစာသတင်းကောင်း မှန်မှန်ပြောပြသည့်အပြင် သူနှင့်စကားပြောသူတို့က သူပျော်ရွှင်နေကြောင်း သတိပြုမိကြသည်။ သူအစည်းအဝေးတက်ရောက်သည့် ကနေရီကျွန်းစု ရှိ ခရစ်ယာန်အသင်းတော်သားများသည် သူပေးသည့်မှတ်ချက်များကို နားထောင်ရခြင်း၊ အစည်းအဝေးများတွင် သူပါဝင်သည်ကို တွေ့ မြင်ရခြင်းတို့ကို လွန်စွာနှစ်သက်ကြသည်။ ထို့ပြင် စေးလ်ဗီယာသည် စည်းဝေးများပြီးသည့်အခါ ချက်ချင်းပြန်မသွားဘဲ ခရစ်ယာန်ညီအစ်ကိုညီအစ်မများနှင့် စကားပြောဆိုတတ်သည်။ သူ၏ ခင်မင်ဖော်ရွေမှု၊ ကြည်လင်ရွှင်ပျမှုတို့ကြောင့် အသင်းတော်ရှိသူတိုင်း သူ့ကိုချစ်ကြသည်။

 သူ့ အဖေဖြစ်သူ  အန်တိုနီယိုက  ဤသို့ပြောပြ၏– “စေးလ်ဗီယာက ကျွန်တော်တို့ကို သိပ်အရေးကြီးတဲ့ သင်ခန်းစာတစ်ခု သင်ပေးတယ်။ အဲဒါကတော့ ကျွန်တော်တို့မှာ ပြဿနာတွေရှိနေရင်တောင် အသက်ဟာ ဘုရားသခင်ပေးတဲ့လက်ဆောင်ဖြစ်လို့ တန်ဖိုးထားသင့်တယ်ဆိုတာပဲ။” “မြို့သားကလည်း ငါနာသည်ဟု မဆိုရ” တော့မည်အချိန်ကို စေးလ်ဗီယာ ကဲ့သို့ပင် ဘုရားသခင့်ကျေးကျွန်အားလုံး စိတ်ထက်သန်စွာ စောင့်မျှော်နေကြပါသည်။—ဟေရှာယ ၃၃:၂၄။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

အမေဖြစ်သူကအောက်ဆီဂျင်ဘူး ကိုင်ထားပေးစဉ် စေးလ်ဗီယာ ကျမ်းချက်တစ်ချက်ဖတ်ပြနေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ