ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၂/၁ စာ. ၆
  • ဘုရားသခင်၌ နာမတော်ရှိပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်၌ နာမတော်ရှိပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နာမည်
    နိုးလော့!—၂၀၁၇
  • ဘုရားသခင်နာမည် ဘယ်လို ခေါ်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ဘုရားသခင့်နာမည်ကို သင် သိရှိပြီး အသုံးပြုသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဘုရားသခင့်နာမည်ကို ဘာကြောင့် အသုံးပြုသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၂/၁ စာ. ၆

ဘုရားသခင်၌ နာမတော်ရှိပါသလော

လူအများစု၏ ဖြေဆိုချက်များ–

◼ “ဘုရားသခင်ရဲ့နာမည်က ထာဝရဘုရားသခင်ပေါ့။”

◼ “ဘုရားသခင်မှာ နာမည်မရှိဘူး။”

ယေရှု ပြောဆိုခဲ့ရာများ

◼ “ထို့ကြောင့် သင်တို့ ဤသို့ ဆုတောင်းရမည်။ ‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ။’” (မဿဲ ၆:၉) ဘုရားသခင်၌ နာမတော်ရှိကြောင်း ယေရှုယုံကြည်ခဲ့သည်။

◼ “ကျွန်ုပ်အား ချစ်တော်မူသောမေတ္တာသည် သူတို့၌ ရှိစေရန်၊ ကျွန်ုပ်သည် သူတို့နှင့် တစည်းတလုံးတည်းရှိစေရန် ကိုယ်တော်၏နာမတော်ကို သူတို့အား ကြားသိစေပါပြီ၊ ထပ်၍ ကြားသိစေပါဦးမည်။” (ယောဟန် ၁၇:၂၆) ယေရှုသည် ဘုရားသခင့်နာမတော်ကို လူတို့အား ကြားသိစေခဲ့သည်။

◼ ‘“ယေဟောဝါဘုရားသခင်၏ နာမတော်ဖြင့် ကြွလာသောသူသည် ကောင်းချီးခံစားရပါစေ” ဟုသင်တို့မပြောမီတိုင်အောင် ငါ့ကို အလျှင်းမမြင်ရကြ။’ (လုကာ ၁၃:၃၅; ဆာလံ ၁၁၈:၂၆) ယေရှုသည် ဘုရားသခင်၏နာမတော်ကို အသုံးပြုခဲ့သည်။

ဘုရားသခင်သည် မိမိနာမတော်ကို ကျွန်ုပ်တို့အား ဖော်ပြတော်မူသည်။ “ငါသည် ယေဟောဝါဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏” ဟု ကိုယ်တော်တိုင်မိန့်ဆိုခဲ့သည်။a (ဟေရှာယ ၄၂:၈၊ အမေရိကန်စံတင်ဘာသာပြန်ကျမ်း) မြန်မာဘာသာစကားဖြင့် ယေဟောဝါဟူသောအမည်သည် ဟေဗြဲဘာသာစကားဖြင့် ဘုရားသခင်ဖော်ပြခဲ့သော ကိုယ်တော့်နာမတော်ကို အနီးစပ်ဆုံးအသံလှယ်ထားခြင်းဖြစ်သည်။ ထိုဟေဗြဲနာမတော်သည် ရှေးမူရင်းကျမ်းစာမူများတွင် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ပါဝင်ကြောင်း သိရလျှင် သင်အံ့သြမိပေမည်။ ဘုရားသခင့်နာမတော်သည် ကျမ်းစာတွင်ဖော်ပြထားသော အခြားမည်သည့်အမည်ထက်မဆို အကြိမ်အရေအတွက် ပိုများသည်။

“ဘုရားသခင့်နာမတော်က ဘာလဲ” ဟုမေးလျှင် “ထာဝရဘုရားသခင်ပေါ့” ဟူ၍ လူအချို့ပြန်ဖြေလေ့ရှိသည်။ ထိုအဖြေသည် “ရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရသလဲ” ဟူသောမေးခွန်းကို “ဝင်ရောက်ယှဉ်ပြိုင်သူက အနိုင်ရတယ်” ဟူ၍ဖြေဆိုပုံနှင့် ဆင်တူသည်။ “ထာဝရဘုရားသခင်” နှင့် “ဝင်ရောက်ယှဉ်ပြိုင်သူ” တို့သည် အမည်နာမများ မဟုတ်သောကြောင့် ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျမဖော်ပြချေ။

ဘုရားသခင်သည် မိမိနာမတော်ကို ကျွန်ုပ်တို့အား အဘယ်ကြောင့်ဖော်ပြတော်မူသနည်း။ အကြောင်းမှာ ကျွန်ုပ်တို့ကို ကိုယ်တော့်အကြောင်း ကောင်းစွာ သိကျွမ်းစေလိုသောကြောင့်ဖြစ်သည်။ ဥပမာ၊ ကျွန်ုပ်တို့သည် လူတစ်ဦးကို ဆရာ၊ အဖေ၊ အဘိုးစသည်ဖြင့် အခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးခေါ်ဆိုပေမည်။ ယင်းအခေါ်အဝေါ်များက ထိုပုဂ္ဂိုလ်နှင့်ပတ်သက်သောအရာတစ်ခုစီကိုသာ ဖော်ပြသည်။ သို့သော် သူ၏အမည်မှာ သူနှင့်ပတ်သက်၍ ကျွန်ုပ်တို့သိထားသမျှအရာအားလုံးကို အမှတ်ရစေသည်။ အလားတူ ထာဝရဘုရားသခင်၊ အတိုင်းအဆမဲ့တန်ခိုးရှင်၊ အဖနှင့် ဖန်ဆင်းရှင်စသော ဘွဲ့နာမတို့သည် ဘုရားသခင့်လုပ်ဆောင်ချက်များမှ ကဏ္ဍတစ်ခုစီကိုသာ သတိပြုမိစေသည်။ သို့သော် ယေဟောဝါဟူသော နာမတော်ကသာ ကိုယ်တော်နှင့်စပ်လျဉ်းသည့် အရာအားလုံးကို ကျွန်ုပ်တို့အား စိတ်တွင်အမှတ်ရလာစေသည်။ ထို့ကြောင့် ဘုရားသခင့်နာမတော်ကို သိမှသာ ကိုယ်တော့်ကိုကောင်းစွာသိကျွမ်းနိုင်ပေမည်။

သို့ရာတွင် ဘုရားသခင့်နာမတော်ကို သိရုံသာမက ယင်းကို အသုံးပြုရန်လည်း အရေးကြီးသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ‘ယေဟောဝါဘုရားသခင်၏နာမတော်ကို ခေါ်၍ဆုတောင်းသောသူတိုင်းသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်’ ဟုကျမ်းစာတွင် ဖော်ပြထားသောကြောင့်ဖြစ်သည်။—ရောမ ၁၀:၁၃; ယောလ ၂:၃၂။

[အောက်ခြေမှတ်ချက်]

a ဘုရားသခင့်နာမတော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အချို့ဘာသာပြန်ကျမ်းများတွင် နာမတော်ကိုမဖော်ပြရသည့် အကြောင်းရင်းများကို ပိုမိုသိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် စာမျက်နှာ ၁၉၅-၁၉၇ တွင်ကြည့်ပါ။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

လူတစ်ဦးကို ဆရာ၊ အဖေ၊ အဘိုး စသည်ဖြင့် အခြေအနေပေါ် မူတည်ပြီး အမျိုးမျိုးခေါ်ဆိုပေမည်။ သို့သော် သူ၏အမည်ကသာ သူနှင့်ပတ်သက်၍ ကျွန်ုပ်တို့ သိထားသမျှအရာအားလုံးကို အမှတ်ရစေသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ