ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၆/၁၅ စာ. ၁၆-၁၇
  • အာဗြဟံမှာ တကယ်ပဲ ကုလားအုတ်တွေရှိခဲ့သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာဗြဟံမှာ တကယ်ပဲ ကုလားအုတ်တွေရှိခဲ့သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဣဇာက် မိန်းမကောင်းတစ်ယောက် ရတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဣဇာက်အတွက်ဇနီးရှာဖွေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယခုအသက်ရှင်ဆဲ သန်းပေါင်းများစွာကို အကျိုးပြုသည့် မင်္ဂလာပွဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ကုလားအုတ်များနှင့် ဘရန်ဘီမြင်းရိုင်းများ ပျော်ရာမြေ
    နိုးလော့!—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၆/၁၅ စာ. ၁၆-၁၇

အာဗြဟံမှာ တကယ်ပဲ ကုလားအုတ်တွေရှိခဲ့သလား

အာဗြဟံ ဖာရောဆီကရခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေထဲမှာ ကုလားအုတ်တွေလည်းပါတယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ (က. ၁၂:၁၆) အာဗြဟံရဲ့ကျွန် မက်ဆိုပိုတေးမီးယားကို ခရီးရှည်နှင်တုန်းက “သခင်၏ကုလားအုတ်စုထဲက ကုလားအုတ်ဆယ်စီးကိုယူ” သွားတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ အနှစ် ၄,၀၀၀ လောက်ကတည်းက အာဗြဟံမှာ ကုလားအုတ်တွေရှိတယ်လို့ သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်းဖော်ပြတယ်။—က. ၂၄:၁၀။

တချို့က ဒီအချက်ကို လက်မခံကြဘူး။ ကျမ်းစာအုပ်တစ်အုပ် (The New International Version Archaeological Study Bible) မှာ ဒီလိုဖော်ပြတယ်– “ကုလားအုတ်တွေနဲ့ပတ်သက်တဲ့ ဒီကျမ်းမှတ်တမ်းက သမိုင်းအရမမှန်ကန်ဘူးလို့ ကျမ်းပညာရှင်တွေက ငြင်းဆိုကြတယ်။ အကြောင်းကတော့ အာဗြဟံအချိန်နောက်ပိုင်း အတော်ကြာတဲ့ ဘီစီအီး ၁၂၀၀ ခန့်ရောက်တဲ့အချိန်ထိ ကုလားအုတ်ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်မမွေးကြသေးဘူးလို့ အများစုက ယူဆကြလို့ပဲ။” ဒါဆိုရင် ဒီကျမ်းမှတ်တမ်းအဖြစ်အပျက်တွေ ဖြစ်ပျက်ချိန်တုန်းက ကုလားအုတ်ကို ဒီနည်းနဲ့ အသုံးမပြုကြလို့ ကုလားအုတ်နဲ့ပတ်သက်တဲ့ အစောပိုင်းကျမ်းမှတ်တမ်းတွေက မမှန်ကန်ဘူးလို့ ယူဆရပါလိမ့်မယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၃,၀၀၀ လောက်မှာ ကုလားအုတ်တွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် အသုံးပြုတယ်လို့ပြောတဲ့အတွက် လွန်ခဲ့တဲ့ အနှစ် ၄,၀၀၀ တုန်းက အသုံးမပြုဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလို့ တခြားကျမ်းပညာရှင်တွေက ငြင်းဆိုကြတယ်။ စာအုပ်တစ်အုပ် (Civilizations of the Ancient Near East) မှာ ဒီလိုဖော်ပြထားတယ်– “မကြာသေးခင်ကတွေ့ရှိချက်အရ လွန်ခဲ့တဲ့ အနှစ် ၄,၀၀၀ ကျော်ကတည်းက အာရေဗျအရှေ့တောင်ပိုင်းမှာ ကုလားအုတ်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးခဲ့တယ်ဆိုပြီး ဖော်ပြတယ်။ အစပိုင်းမှာတော့ နို့၊ အမွေး၊ သားရေ၊ အသားရဖို့အတွက် မွေးမြူခဲ့ကြပြီး သိပ်မကြာခင်မှာ ကုလားအုတ်ကို သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုလို့ရတယ်ဆိုတာ သိလာကြပုံရတယ်။” တူးဖော်တွေ့ရှိတဲ့ အရိုးအပိုင်းအစတွေနဲ့ ရုပ်ကြွင်းတွေက အာဗြဟံခေတ်မတိုင်ခင် ရက်စွဲကို သတ်မှတ်နိုင်ခဲ့ပုံရတယ်။

မှတ်တမ်းမှတ်ရာ အထောက်အထားလည်း ရှိတယ်။ အဲဒီစာအုပ်မှာပဲ “မက်ဆိုပိုတေးမီးယားမှာတွေ့ရတဲ့ ကျူနီဖောင်းစာတွေနဲ့ တံဆိပ်တွေမှာ ဒီတိရစ္ဆာန် [ကုလားအုတ်] ပုံပါရှိပြီး ဒါက လွန်ခဲ့တဲ့ အနှစ် ၄,၀၀၀ ခန့်က မက်ဆိုပိုတေးမီးယားမှာ ဒီတိရစ္ဆာန်တွေရောက်ရှိနေပြီဆိုတာ ဖော်ပြတယ်။” အဲဒီအချိန်က အာဗြဟံအသက်ရှင်ခဲ့တဲ့အချိန် ဖြစ်တယ်။

အာရေဗျတောင်ပိုင်းမှာရှိတဲ့ကုန်သည်တွေက သူတို့ရဲ့ကုန်ပစ္စည်းတွေဖြစ်တဲ့ အမွှေးနံ့သာတွေကို ကုလားအုတ်တွေနဲ့ သယ်ယူပို့ဆောင်ခဲ့ကြတယ်၊ သဲကန္တာရကိုဖြတ်ပြီး မြောက်ပိုင်းမှာရှိတဲ့ အီဂျစ်နဲ့ ဆီးရီးယားဒေသတွေကို သွားခဲ့တာကြောင့် အဲဒီဒေသကလူတွေ ကုလားအုတ်ကို သိလာကြတယ်လို့ တချို့ကျမ်းပညာရှင်တွေက ယူဆကြတယ်။ လွန်ခဲ့တဲ့ အနှစ် ၄,၀၀၀ ခန့်မှာ ဒီလို ပုံမှန်ကုန်သွယ်နေခဲ့ကြဖွယ်ရှိတယ်။ စိတ်ဝင်စားစရာက ကမ္ဘာဦး ၃၇:၂၅-၂၈ မှာ ဣရှမေလကုန်သည်တွေက ကုလားအုတ်တွေနဲ့ အီဂျစ်ပြည်ကို အမွှေးနံ့သာတွေ သယ်ပို့ခဲ့ကြတယ်လို့ဖော်ပြခဲ့တယ်၊ အဲဒါက အာဗြဟံခေတ်နောက်ပိုင်း အနှစ် ၁၀၀ ခန့်ဖြစ်တယ်။

လွန်ခဲ့တဲ့အနှစ် ၄,၀၀၀ ခန့်က ရှေးခေတ်အရှေ့အလယ်ပိုင်းဒေသမှာ ကုလားအုတ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပုံမရဘူး။ ဒါပေမဲ့ အထောက်အထားအရ ကုလားအုတ်ကို သူတို့ လုံးလုံးမသိတာတော့မဟုတ်ဘူး။ စွယ်စုံကျမ်းတစ်အုပ် (The International Standard Bible Encyclopedia) က ဒီလိုကောက်ချက်ချတယ်– “ကုလားအုတ်အသုံးပြုခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းတွေက မမှန်ကန်ဘူးလို့ ယူဆစရာအကြောင်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဘိုးဘေး [အာဗြဟံ] ခေတ်မတိုင်ခင်ကတည်းက ကုလားအုတ်မွေးမြူခြင်းအကြောင်း ရှေးဟောင်းအထောက်အထား အမြောက်အမြားရှိလို့ပဲ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ