ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၁၀/၁ စာ. ၃၀-၃၁
  • ရည်မှန်းချက်ကြီးတဲ့ သဘောထားကို ရှောင်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရည်မှန်းချက်ကြီးတဲ့ သဘောထားကို ရှောင်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သွေးဆောင်မှုကို ယေရှုတွန်းလှန်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အထူးတာဝန်တစ်ခု မောရှေ ရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေရှု၏ အံ့ဖွယ်ကုသမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၁၀/၁ စာ. ၃၀-၃၁

လူငယ်စာရှုသူများအတွက်

ရည်မှန်းချက်ကြီးတဲ့ သဘောထားကို ရှောင်ပါ

လမ်းညွှန်ချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။ ဘယ်လို အသက်ဝင်စေနိုင်သလဲဆိုရင် ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင် ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ စိတ်ထဲမှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေ ခံစားသလို လိုက်ခံစားကြည့်ပါ။

အဓိကဇာတ်ကောင်များ– ဒါဝိဒ်၊ အဗရှလုံ၊ ယွာဘ

အကျဉ်းချုပ်– ဖခင်ရဲ့ ထီးနန်းကို လုယူဖို့ အဗရှလုံ ကြိုးစား

၂ ဓမ္မရာဇ၀င် ၁၄:၂၅-၃၃; ၁၅:၁-၁၇; ၁၈:၉-၁၇၊ ၃၀-၃၃ ကိုဖတ်ပြီး အဖြစ်အပျက်ကို ဆန်းစစ်ပါ။

အဗရှလုံရဲ့ ရုပ်သွင်ကို သင့်စိတ်ထဲ မြင်ယောင်တဲ့အတိုင်း ဖော်ပြပါ။ (၂ ဓမ္မရာဇဝင် ၁၄:၂၅၊ ၂၆ ကို ပြန်ဖတ်ပါ။)

တရားစီရင်ချက်ကိုသိဖို့ ဘုရင့်ဆီ ရောက်လာတဲ့သူတွေကို သူ့ဘက်ပါလာအောင် ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့ အဗရှလုံရဲ့ လေသံကို သင် ဘယ်လို ကြားယောင်သလဲ။ (၂ ဓမ္မရာဇဝင် ၁၅:၂-၆ ကိုပြန်ဖတ်ပါ။)

၂ ဓမ္မရာဇဝင် ၁၄:၂၈-၃၀ ကဖြစ်ရပ်မှာ အဗရှလုံရဲ့ စရိုက်နဲ့ပတ်သက်ပြီး သင် ဘာကို သတိပြုမိသလဲ။

ထပ်လေ့လာကြည့်ပါဦး။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ထီးနန်းရယူဖို့အတွက် အဗရှလုံ ဘယ်လို လုပ်ဆောင်ခဲ့သလဲ။ (သဲလွန်စ– ၂ ဓမ္မရာဇဝင် ၁၃:၂၈၊ ၂၉ ကိုဖတ်ပါ။ အာမနုန်ဟာ ဒါဝိဒ်ရဲ့ သားအကြီးဆုံးဖြစ်တဲ့အတွက် နန်းမွေခံဖြစ်တယ်။)

အဗရှလုံဟာ ထင်ပေါ်ကျော်ကြားဖို့ ရည်မှန်းချက်ကြီးကြီးနဲ့ ကြိုးစားခဲ့ပေမဲ့ သူ့ကို သင်္ဂြိုဟ်တဲ့ပုံကို ကြည့်ခြင်းအားဖြင့် လူတွေ သူ့ကို ဘယ်လိုရှုမြင်တယ်လို့ သင်ထင်သလဲ။ (၂ ဓမ္မရာဇဝင် ၁၈:၁၇ ကိုပြန်ဖတ်ပါ။)

အဗရှလုံ ရည်မှန်းချက်ကြီးရတာ ဘာကြောင့်လို့ သင် ထင်သလဲ။ (၃ ယောဟန် ၉၊ ၁၀ မှာပါတဲ့ ဒယောတရပ်အကြောင်းကို ဖတ်ပြီး နှိုင်းယှဉ်ပါ။)

အဗရှလုံရဲ့ လုပ်ရပ်တွေကြောင့် ဒါဝိဒ်ဘယ်လို ခံစားခဲ့ရသလဲ။ (သဲလွန်စ– အဗရှလုံ ပုန်ကန်တဲ့အချိန်မှာ ဒါဝိဒ်ရေးသားခဲ့တဲ့ ဆာလံ ၃ ကိုဖတ်ပါ။)

လေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက် အောက်ပါအချက်တွေနဲ့ ပတ်သက်ပြီး သင် သိရှိခဲ့ရာတွေကို ချရေးပါ။

ရည်မှန်းချက်ကြီးခြင်းရဲ့ အန္တရာယ်။

လူတစ်ယောက်ရဲ့ လုပ်ရပ်တွေကြောင့် သူ့မိဘတွေအပါအဝင် တခြားသူတွေပါ ခံစားရနိုင်တဲ့ ထိခိုက်နာကျင်မှု။

သင့်ဘဝမှာ လက်တွေ့ကျင့်သုံးပါ။

ရည်မှန်းချက်ကြီးခြင်းဆိုတဲ့ ထောင်ချောက်ထဲကို သင်ဘယ်လို ကျရောက်သွားနိုင်သလဲ။

တဖြည်းဖြည်း မာနကြီးလာခြင်းကို သင် ဘယ်လိုရှောင်နိုင်မလဲ။

ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ။ ဘာကြောင့်လဲ။

အကြံပြုချက်– ဒီမှတ်တမ်းမှာပါတဲ့ ဇာတ်ကောင်ရဲ့ ဇာတ်သိမ်းမလှတဲ့ အဖြစ်ဆိုးကို မြင်ယောင်ကြည့်ပါ။ အဗရှလုံဟာ ရည်မှန်းချက်ကြီးမယ့်အစား ကျိုးနွံမှုရှိမယ်ဆိုရင် ဘာဖြစ်လာနိုင်မလဲ။—သုတ္တံ ၁၈:၁၂။

www.pr2711.com၀က်ဘ်ဆိုက်ကို ကြည့်ပါ၊

အင်တာနက်ကနေတစ်ဆင့် သမ္မာကျမ်းစာကို ဖတ်ရှုပါ။

ဒီဆောင်းပါးကို ကူးယူဖတ်ရှုနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ