ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၈/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူတွေအတွက် ဘုရားရည်ရွယ်ချက်က ဘာလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကျမ်းစာမေးခွန်တွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • မေးခွန်း ၁– ကျွန်ုပ် ဘာအတွက် အသက်ရှင်နေရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၈/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ဘဝဆိုတာ ဒါတင်ပဲလား

လူကြီးတစ်ဦးနဲ့ ကလေးတစ်ယောက် ဟိုးအဝေးဆီ ငေးစိုက်ကြည့်နေ

လူ့ဘဝက တိုတောင်းတယ်လို့ တစ်ခါတလေ သင် ခံစားရသလား

ဘဝဆိုတာ ခုန်ပေါက်ကစား၊ စီးပွားရှာ၊ အိမ်ထောင်သားမွေး၊ မိသားစုကိုစောင့်ရှောက်၊ အိုမင်းရင့်ရော်လာရုံပဲလား။ ဒါမှမဟုတ် ဒီထက်မကဘာရှိသေးလဲလို့ သင်စဉ်းစားဖူးပါသလား။ (ယောဘ ၁၄:၁၊ ၂) ပညာရှိတွေတောင် အဲဒီအကြောင်း စဉ်းစားခဲ့ကြတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။—ဒေသနာ ၂:၁၁ ကိုဖတ်ပါ။

အသက်ရှင်ရတဲ့ရည်ရွယ်ချက် ရှိပါသလား။ အဖြေသိရအောင် အသက်ဘယ်လိုစဖြစ်လာသလဲဆိုတာ ဦးဆုံးမေးဖို့ လိုအပ်ပါတယ်။ ထူးဆန်းအံ့သြစရာကောင်းတဲ့ လူ့ဦးနှောက်နဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတွေကို ဆန်းစစ်လေ့လာပြီးနောက် ဖန်ဆင်းရှင်တစ်ပါးရှိမယ်ဆိုတာ လူများစွာ ကောက်ချက်ချလာကြတယ်။ (ဆာလံ ၁၃၉:၁၄ ကိုဖတ်ပါ။) အဲဒီလိုသာဆိုရင် ဖန်ဆင်းရှင်မှာ လူသားတွေကို ဖန်ဆင်းရတဲ့အကြောင်းရင်းရှိမှာ ကျိန်းသေတယ်။ အဲဒီအကြောင်းရင်းကို လေ့လာမယ်ဆိုရင် အသက်ရှင်ရတာ ပိုပြီးအဓိပ္ပာယ်ရှိလာမှာ ဖြစ်ပါတယ်။

လူသားတွေကို ဘာကြောင့် ဖန်ဆင်းရတာလဲ

ဘုရားသခင်က ပထမဦးဆုံးလူသားမောင်နှံကို ကောင်းချီးပေးပြီး စိတ်လှုပ်ရှားဖွယ်တာဝန်တစ်ခုလည်း ပေးတယ်။ သူတို့အတွက် ကိုယ်တော်ရဲ့ရည်ရွယ်ချက်က သားသမီးတွေ အများကြီးမွေးဖွားဖို့၊ ကမ္ဘာမြေကြီးကို သာယာလှပတဲ့ဥယျာဉ်ဖြစ်အောင်လုပ်ဖို့၊ ထာဝစဉ်အသက်ရှင်နေထိုင်ဖို့ ဖြစ်ပါတယ်။—ကမ္ဘာဦး ၁:၂၈၊ ၃၁ ကိုဖတ်ပါ။

ဘုရားသခင်ရဲ့ပညတ်ကို သူတို့မလိုက်နာတော့ ကိုယ်တော်ရည်ရွယ်ထားသလို ဖြစ်မလာခဲ့ဘူး။ ဒါပေမဲ့ ဘုရားသခင်က ကျွန်ုပ်တို့ကို ပစ်ပယ်မထားတဲ့အပြင် လူသားတွေနဲ့၊ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ မိမိရဲ့ရည်ရွယ်ချက်ကို မပြောင်းလဲခဲ့ပါဘူး။ ဘုရားသခင်က ကမ္ဘာမြေနဲ့ပတ်သက်တဲ့ မိမိရဲ့ရည်ရွယ်ချက်ပြည့်စုံဖို့၊ သစ္စာရှိကျေးကျွန်တွေကို ကယ်တင်ဖို့လုပ်ဆောင်နေကြောင်း ကျမ်းစာမှာ အာမခံထားတယ်။ ဒါကြောင့် ဘုရားရည်ရွယ်ထားတဲ့ ဘဝအသက်တာမျိုးကို သင်ကိုယ်တိုင် ကြုံတွေ့ခံစားစေချင်ပါတယ်။ (ဆာလံ ၃၇:၂၉ ကိုဖတ်ပါ။) ဘုရားသခင့်ရည်ရွယ်ချက်တွေကနေ သင်ဘယ်လို အကျိုးခံစားနိုင်မလဲဆိုတာသိအောင် ကျမ်းစာမှာလေ့လာကြည့်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေ တွေ ထုတ်ဝေတဲ့ ဒီစာအုပ်ရဲ့ အခန်း ၃ ကိုဖတ်ကြည့်ပါ။

www.pr2711.com/mya ဝက်ဘ်ဆိုက်ကနေလည်း ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ