ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၁/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နာမည်
    နိုးလော့!—၂၀၁၇
  • ဘုရားသခင့်နာမည်ကို ဘာကြောင့် အသုံးပြုသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘုရားသခင်မှာ နာမည်ရှိသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဘုရားသခင့်နာမည်ကို သင် သိရှိပြီး အသုံးပြုသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၁/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဘုရားသခင့်နာမည်က ဘာလဲ

ကျွန်ုပ်တို့ရဲ့ မိသားစုဝင်အားလုံးမှာ နာမည်ကိုယ်စီရှိကြတယ်။ အိမ်မွေးတိရစ္ဆာန်တွေမှာတောင် နာမည်ရှိကြတယ်။ ဘုရားသခင်မှာလည်း နာမည်ရှိကိုရှိရမယ် မဟုတ်ဘူးလား။ ဘုရားသခင်မှာ အတိုင်းအဆမဲ့တန်ခိုးရှင်၊ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၊ ဖန်ဆင်းရှင်စတဲ့ ဘွဲ့အမည်တွေ အများကြီးရှိပေမဲ့ ကိုယ်ပိုင်နာမည်တစ်ခုလည်းရှိတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။—ယေရမိ ၃၃:၂ ကိုဖတ်ပါ။

ဘာသာပြန်ကျမ်း အတော်များများရဲ့ ဆာလံ ၈၃:၁၈ မှာ ဘုရားသခင့်ကိုယ်ပိုင်နာမည်ကို ထည့်သွင်းဖော်ပြထားကြတယ်။ ဥပမာ၊ သမာကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “ယေဟောဝါဟူ၍ နာမတော်ရှိသော ကိုယ်တော်သာလျှင်၊ မြေတစ်ပြင်လုံးအထက် မြင့်မြတ်သောဘုရား ဖြစ်တော်မူကြောင်း သိကြပါစေသော။”

ဘုရားသခင့်နာမည်ကို ဘာကြောင့် အသုံးပြုသင့်တာလဲ

ချစ်ခင်ရင်းနှီးတဲ့သူတွေနဲ့ ကျွန်ုပ်တို့ စကားပြောဆိုတဲ့အခါ သူတို့နာမည်တွေကို အသုံးပြုကြ

ဘုရားသခင်ကိုယ်တိုင်က မိမိရဲ့နာမည်ကို အသုံးပြုစေချင်လို့ပါပဲ။ ကျွန်ုပ်တို့ဟာ ချစ်ခင်ရင်းနှီးတဲ့သူတွေနဲ့ စကားပြောတဲ့အခါ သူတို့ရဲ့နာမည်ကို အသုံးပြုကြပါတယ်။ ဒါဆိုရင် ဘုရားသခင်ထံ ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါမှာ ကိုယ်တော့်နာမည်ကို အသုံးမပြုသင့်ဘူးလား။ ယေရှုခရစ်လည်း ဘုရားသခင့်နာမည်ကို အသုံးပြုဖို့ ကျွန်ုပ်တို့ကို အားပေးခဲ့ပါတယ်။—မဿဲ ၆:၉; ယောဟန် ၁၇:၂၆ တို့ကိုဖတ်ပါ။

ကျွန်ုပ်တို့ဟာ ဘုရားသခင့်မိတ်ဆွေ ဖြစ်ချင်တယ်ဆိုရင် ကိုယ်တော့်နာမည်ကို သိရုံလေးပဲမဟုတ်ဘဲ ကိုယ်တော့်အကြောင်း ပိုသိဖို့လိုတယ်။ ဥပမာ၊ ယေဟောဝါက ဘယ်လိုဘုရားသခင်မျိုးလဲ။ ဘုရားသခင်နဲ့ရင်းနှီးဖို့ဆိုတာ တကယ်ဖြစ်နိုင်ပါ့မလား။ အဲဒီလိုမေးခွန်းတွေရဲ့ အဖြေတွေကို သမ္မာကျမ်းစာမှာ တွေ့ ရှိနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ