ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၁၅
  • ယေဟောဝါသက်သေတွေ ကမ်းလှမ်းတဲ့ ကျမ်းစာလေ့လာမှုဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေ ကမ်းလှမ်းတဲ့ ကျမ်းစာလေ့လာမှုဆိုတာ ဘာလဲ
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာလေ့လာမှုကို ဘယ်လို လုပ်ကြသလဲ
  • ကျမ်းစာလေ့လာမှုအတွက် အခကြေးငွေ ပေးရမလား
  • လေ့လာချိန် ဘယ်လောက် ကြာမလဲ
  • ဘယ်လို စလေ့လာရမလဲ
  • အပိုင်းတစ်ပိုင်းလောက် အစမ်း လေ့လာကြည့်လို့ ရမလား
  • ကျမ်းစာလေ့လာမှုကို လက်ခံလိုက်ရင် ယေဟောဝါသက်သေ လုပ်ဖို့ ဖိအားပေးခံရမလား
  • ကိုယ့်ကျမ်းစာပဲ သုံးလို့ ရမလား
  • လေ့လာမှုမှာ ပါဝင်ဖို့ တခြားသူကို ဖိတ်ခေါ်လို့ ရသလား
  • အရင်တုန်းက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာခဲ့ဖူးရင်ကော။ ပြန်လေ့လာလို့ ရမလား
  • လူကိုယ်တိုင် သင်ပေးတာမျိုး မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ကျမ်းစာလေ့လာနိုင်တဲ့ နည်းလမ်းများ ရှိသလား
  • လူတိုင်းအတွက် ကျမ်းစာလေ့လာမှုအစီအစဉ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • လေ့လာခဲ့တာတွေကို သဘောကျသလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာသင်ခန်းစာ မိတ်ဆက်
  • ကျမ်းစာလေ့လာမှုဗီဒီယိုတွေကို အသုံးပြုနိုင်ပုံ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • သမ္မာကျမ်းစာ အကြောင်း သင်ပိုမို သိလိုပါသလော
    သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၁၅
ယေဟောဝါသက်သေတစ်ယောက် “ပျော်စရာဘဝ ထာဝရ စံစားကြ” စာစောင်ကို သုံးပြီး လူတစ်ယောက်ကို ကျမ်းစာသင်ပေးနေစဉ်။

ယေဟောဝါသက်သေတွေ ကမ်းလှမ်းတဲ့ ကျမ်းစာလေ့လာမှုဆိုတာ ဘာလဲ

ကျမ်းစာသွန်သင်ချက်ကို သိလာနိုင်မယ့် လက်တွေ့ကျ နည်းလမ်းကို ယေဟောဝါသက်သေတွေ ကမ်းလှမ်းနေပါတယ်။ ကျမ်းစာလေ့လာမှု အစီအစဉ်က

  • ပျော်ရွှင်တဲ့ အသက်တာ ရဖို့

  • ဘုရားသခင်နဲ့ မိတ်ဆွေ ဖြစ်ဖို့

  • အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိတွေ သိဖို့ ကူညီပေးနိုင်တယ်။

ဒီစာမျက်နှာမှာ

  • ကျမ်းစာလေ့လာမှုကို ဘယ်လို လုပ်ကြသလဲ

  • ကျမ်းစာလေ့လာမှုအတွက် အခကြေးငွေ ပေးရမလား

  • လေ့လာချိန် ဘယ်လောက် ကြာမလဲ

  • ဘယ်လို စလေ့လာရမလဲ

  • အပိုင်းတစ်ပိုင်းလောက် အစမ်း လေ့လာကြည့်လို့ ရမလား

  • ကျမ်းစာလေ့လာမှုကို လက်ခံလိုက်ရင် ယေဟောဝါသက်သေ လုပ်ဖို့ ဖိအားပေးခံရမလား

  • ကိုယ့်ကျမ်းစာပဲ သုံးလို့ ရမလား

  • လေ့လာမှုမှာ ပါဝင်ဖို့ တခြားသူကို ဖိတ်ခေါ်လို့ ရသလား

  • အရင်တုန်းက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာခဲ့ဖူးရင်ကော။ ပြန်လေ့လာလို့ ရမလား

  • လူကိုယ်တိုင် သင်ပေးတာမျိုး မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ကျမ်းစာလေ့လာနိုင်တဲ့ နည်းလမ်းများ ရှိသလား

ကျမ်းစာလေ့လာမှုကို ဘယ်လို လုပ်ကြသလဲ

ကျမ်းစာသင်ပေးသူက အကြောင်းအရာအလိုက် ကျမ်းစာနဲ့ ပိုအကျွမ်းဝင်လာအောင်ကူညီပေးမယ်။ ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ ဆိုတဲ့ စာအုပ်ကို လေ့လာတဲ့အခါ ကျမ်းစာသွန်သင်ချက်တွေ၊ ကိုယ့်အတွက် အထောက်အကူပြုနိုင်ပုံတွေကို တဖြည်းဖြည်း သိလာမယ်။ ပိုသိနိုင်ဖို့ ဒီဗီဒီယိုကို ကြည့်ပါ။

ကျမ်းစာလေ့လာမှုအတွက် အခကြေးငွေ ပေးရမလား

ပေးစရာ မလိုပါဘူး။ “အခမဲ့ ရထားတဲ့အတွက် အခမဲ့ ပေးကမ်းကြပါ” ဆိုတဲ့ ယေရှုရဲ့ ညွှန်ကြားချက်ကို ယေဟောဝါသက်သေတွေ လိုက်နာကြပါတယ်။ (မဿဲ ၁၀:၈) ဒါ့အပြင် ကျမ်းစာလေ့လာမှုမှာ သုံးတဲ့ ကျမ်းစာနဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်အတွက်လည်း ငွေပေးစရာ မလိုပါဘူး။

လေ့လာချိန် ဘယ်လောက် ကြာမလဲ

ဒီလေ့လာမှု အစီအစဉ်မှာ သင်ခန်းစာ ၆၀ အထိ ပါဝင်တယ်။ ကြာချိန်ကတော့ ကိုယ်အချိန်ပေးနိုင်တဲ့အပေါ် မူတည်တယ်။ အများစုကတော့ တစ်ပတ်ကို တစ်ကြိမ်၊ တစ်ကြိမ်ထက်မက လေ့လာချင်ကြတယ်။

ဘယ်လို စလေ့လာရမလဲ

  1. ၁။ အွန်လိုင်းကနေ ဖောင်ဖြည့်ပါ။ ဖြည့်လိုက်တဲ့ ကိုယ်ရေးအချက်အလက်ကို သင့်တောင်းဆိုချက်အတိုင်း ယေဟောဝါသက်သေတစ်ဦး သင်နဲ့ ဆက်သွယ်နိုင်အောင် စီစဉ်ပေးဖို့ပဲ သုံးပါမယ်။

  2. ၂။ကျမ်းစာသင်ပေးသူက ဆက်သွယ်လာပါလိမ့်မယ်။ ကျမ်းစာသင်ပေးသူက ကျမ်းစာလေ့လာမှုအကြောင်း ရှင်းပြပေးပါမယ်။ သင် သိချင်တာ မှန်သမျှ ဖြေပေးပါမယ်။

  3. ၃။သင်နဲ့ ကျမ်းစာသင်ပေးသူက လေ့လာမှုအတွက် အစီအစဉ် လုပ်တယ်။ လူကိုယ်တိုင်၊ ဖုန်း၊ ဗီဒီယို ခေါ်ဆိုမှု၊ စာ၊ အီးမေးလ်တို့နဲ့ လေ့လာနိုင်တယ်။ လေ့လာမှုက တစ်နာရီလောက် ကြာလေ့ရှိတယ်။ အခြေအနေပေါ် မူတည်ပြီး လိုတိုးပိုလျှော့ အချိန်ယူနိုင်တယ်။

အပိုင်းတစ်ပိုင်းလောက် အစမ်း လေ့လာကြည့်လို့ ရမလား

ရပါတယ်။ အွန်လိုင်းမှာ ဖောင်ဖြည့်လိုက်ပါ။ ကျမ်းစာသင်ပေးသူ ဆက်သွယ်လာရင် အစမ်းလေ့လာကြည့်ချင်တယ် ဆိုတဲ့အကြောင်းပြောပြထားပါ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်ကို သုံးပြီး လေ့လာမယ်။ လေ့လာရတာ ပျော်လာဖို့ ကူညီပေးမယ့် မိတ်ဆက်သင်ခန်းစာ သုံးခု အဲဒီစာစောင်မှာ ပါတယ်။

“ပျော်စရာဘဝ ထာဝရ စံစားကြ၊” “ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာ” အပါအဝင် လေ့လာမှုမှာသုံးမယ့် ကိရိယာများ။

ကျမ်းစာလေ့လာမှုကို လက်ခံလိုက်ရင် ယေဟောဝါသက်သေ လုပ်ဖို့ ဖိအားပေးခံရမလား

ဖိအားပေးကြမှာ မဟုတ်ပါဘူး။ ယေဟောဝါသက်သေတွေက တခြားသူတွေကို ကျမ်းစာ သင်ပေးချင်ကြတယ်။ ဒါပေမဲ့ ဘာသာဝင်ဖို့ ဘယ်တော့မှ ဖိအားမပေးပါဘူး။ ကျမ်းစာသွန်သင်ရာကိုပဲ လေးစားစွာ သင်ပေးကြတယ်၊ လူတိုင်း ကိုယ်ယုံကြည်ရာကို ရွေးချယ်ပိုင်ခွင့် ရှိတယ်ဆိုတာ အသိအမှတ်ပြုကြတယ်။—၁ ပေတရု ၃:၁၅။

ကိုယ့်ကျမ်းစာပဲ သုံးလို့ ရမလား

ရပါတယ်။ ကိုယ်ကြိုက်တဲ့ ကျမ်းစာ သုံးလို့ ရပါတယ်။ ကျွန်တော်တို့ကတော့ ရှင်းလင်းတိကျတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကို သုံးရတာ ကြိုက်တယ်။ လူအများစုဟာ ကိုယ်နဲ့ ရင်းနှီးပြီးသား ကျမ်းစာကို သုံးချင်ကြတယ်ဆိုတာ ကျွန်တော်တို့ နားလည်ကြတယ်။

လေ့လာမှုမှာ ပါဝင်ဖို့ တခြားသူကို ဖိတ်ခေါ်လို့ ရသလား

ဖိတ်ခေါ်လို့ ရပါတယ်။ မိသားစု၊ မိတ်ဆွေတွေကို ဖိတ်ခေါ်နိုင်ပါတယ်။

အရင်တုန်းက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ လေ့လာခဲ့ဖူးရင်ကော။ ပြန်လေ့လာလို့ ရမလား

လေ့လာလို့ ရပါတယ်။ လက်ရှိ အခြေအနေနဲ့အညီ ပြင်ဆင်ထားတဲ့ အကြောင်းအရာတွေ ဖြစ်လို့ လေ့လာမှုကို အရင်ကထက် နှစ်သက်မှာပါ။ ပိုအသက်ဝင်ပြီး အပြန်အလှန် ဆွေးနွေးလို့ ရတယ်။

လူကိုယ်တိုင် သင်ပေးတာမျိုး မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ကျမ်းစာလေ့လာနိုင်တဲ့ နည်းလမ်းများ ရှိသလား

ရှိပါတယ်။ ကျမ်းစာသင်သား အများစုကတော့ သင်ပေးတဲ့သူရဲ့ အကူအညီနဲ့ သင်ယူနေကြတယ်။ တချို့ကတော့ အရင်ဆုံး ကိုယ့်ဘာသာကိုယ် လေ့လာရတာ ကြိုက်ကြတယ်။ ကျမ်းစာလေ့လာမှု ကိရိယာ စာရင်းမှာ ကျမ်းစာလေ့လာရာမှာ အထောက်အကူပြုတဲ့ ကိရိယာ၊ စာပေတွေ အခမဲ့ ရနိုင်ပါတယ်။ အောက်ပါ ကိရိယာတွေက အထောက်အကူပြုနိုင်တယ်။

  • ကျမ်းစာ ဗီဒီယိုများ။ ဒီဗီဒီယို အတိုလေးတွေက အရေးကြီးတဲ့ ကျမ်းစာ သွန်သင်ချက်တွေကို ရှင်းပြထားတယ်။

  • ကျမ်းစာမေးခွန်းများ အဖြေ။ ဒီဆောင်းပါးတွေက ကျမ်းစာမေးခွန်း အတော်များများကို ဖြေဆိုပေးထားတယ်။

  • ကျမ်းပိုဒ် ရှင်းပြချက်များ။ လူသိများတဲ့ ကျမ်းပိုဒ်တွေ၊ စကားစုတွေရဲ့ အဓိပ္ပာယ်ကို ရှင်းပြပေးထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ