ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၉/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားနိုင်ငံတော် ရောက်ရှိပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • သမ္မာကျမ်းစာ—တိကျမှန်ကန်သော သမိုင်း၊ ယုံကြည်စိတ်ချနိုင်သော ပရောဖက်ပြုချက်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ကျမ်းစာ ကြိုဟောချက်တွေကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • အမှန်ဖြစ်ပျက်လာသည့် ပရောဖက်ပြုချက်များ
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၉/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမှာ ကြိုဟောချက်တွေကို ဘာကြောင့် ဖော်ပြထားတာလဲ

သံလွင်တောင်ပေါ်မှာ တမန်တော်တချို့နဲ့ ယေရှု စကားပြောနေ

ဒီနေ့ခေတ်ရဲ့ အဖြစ်အပျက်တွေကို ကျမ်းစာမှာဘာကြောင့် ဖော်ပြထားတာလဲ။—လုကာ ၂၁:၁၀၊ ၁၁။

ကျမ်းစာတစ်အုပ်လုံးမှာ အသေးစိတ်ဖော်ပြထားတဲ့ ကြိုဟောချက်တွေ အများကြီးရှိပါတယ်။ ဘယ်သူကမှ အနာဂတ်အကြောင်း အသေးစိတ်ကြိုမဟောနိုင်ပါဘူး။ ဒါကြောင့် ကျမ်းစာမှာပါတဲ့ ကြိုဟောချက်တွေ ပြည့်စုံမှုက ကျမ်းစာဟာ ဘုရားသခင့်စကားတော်ဖြစ်တယ်ဆိုတာကို အခိုင်အမာယုံကြည်စိတ်ချစေတယ်။—ယောရှု ၂၃:၁၄; ၂ ပေတရု ၁:၂၀၊ ၂၁ တို့ကိုဖတ်ပါ။

ပြည်စုံခဲ့ပြီးဖြစ်တဲ့ ကျမ်းစာကြိုဟောချက်တွေက ဘုရားသခင်ကို ယုံကြည်နိုင်ဖို့ ခိုင်လုံတဲ့သက်သေတွေဖြစ်တယ်။ (ဟေဗြဲ ၁၁:၁) ဒါ့အပြင် အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားပေးကတိတွေ မလွဲမသွေ ဖြစ်လာမယ်ဆိုတာကိုလည်း ယုံကြည်စိတ်ချစေတယ်။ ကျမ်းစာကြိုဟောချက်တွေကြောင့် ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်က ခိုင်မာသည်ထက်ခိုင်မာလာတယ်။—ဆာလံ ၃၇:၂၉; ရောမ ၁၅:၄ တို့ကိုဖတ်ပါ။

ကျမ်းစာကြိုဟောချက်တွေက ကျွန်ုပ်တို့အတွက် ဘယ်လိုအကျိုးရှိသလဲ

ကြိုဟောချက်တချို့က တစ်ခုခုကို အရေးတကြီးလုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကို သတိပေးနေတာဖြစ်တယ်။ ဥပမာ၊ ပထမရာစုက ဘုရားသခင်ကိုယုံကြည်တဲ့သူတွေဟာ ကြိုဟောချက်တချို့ ဖြစ်ပျက်လာတာကိုမြင်တဲ့အခါ ဂျေရုဆလင်မြို့ကနေ ထွက်ပြေးသွားကြတယ်။ ဂျေရုဆလင်မြို့သားတွေက ယေရှုကိုငြင်းပယ်ခဲ့လို့ သူတို့ရဲ့မြို့ ဖျက်ဆီးခံရချိန်မှာ ဘုရားကိုယုံကြည်တဲ့သူတွေကတော့ အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်။—လုကာ ၂၁:၂၀–၂၂ ကိုဖတ်ပါ။

ဒီနေ့ခေတ်မှာလည်း ဘုရားသခင့်နိုင်ငံတော်က မကြာခင် လူ့နိုင်ငံတွေနဲ့အုပ်ချုပ်မှုအားလုံးကို ဖယ်ရှားတော့မယ်ဆိုတဲ့ကြိုဟောချက် ပြည့်စုံလာမယ်ဆိုတာကို ယုံကြည်စိတ်ချနိုင်တယ်။ (ဒံလေယ ၂:၄၄၊ ၄၅; လုကာ ၂၁:၃၁) ဒါကြောင့် ခုအချိန်မှာ လူတိုင်းက ဘုရင်အဖြစ် ဘုရားသခင်ခန့်အပ်ထားတဲ့ ယေရှုခရစ်ရဲ့နှစ်သက်မှုကိုရဖို့ အရေးတကြီးလုပ်ဆောင်ဖို့လိုတယ်။—လုကာ ၂၁:၃၄–၃၆ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေ တွေထုတ်ဝေတဲ့ ဒီစာအုပ်ရဲ့ အခန်း ၂ ကိုဖတ်ကြည့်ပါ

www.pr2711.com/mya ဝက်ဘ်ဆိုက်ကနေလည်း ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ