ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၀/၁ စာ. ၆-၈
  • ဆုတောင်းတာ သင့်အတွက် အကျိုးရှိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုတောင်းတာ သင့်အတွက် အကျိုးရှိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ငြိမ်သက်မှု
  • အခက်အခဲတွေပေါ်လာချိန်မှာ ခံနိုင်ရည်နဲ့ နှစ်သိမ့်မှုရရှိ
  • ဘုရားပေးဉာဏ်ပညာ
  • ဆုတောင်းခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • အဘယ်ကြောင့်မခြားမလပ် ဆုတောင်းသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဘယ်လို ဆုတောင်းရမလဲ—သခင့်ဆုတောင်းချက်က အကောင်းဆုံး ဆုတောင်းနည်းလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ယေဟောဝါနှင့်နီးကပ်စွာနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၀/၁ စာ. ၆-၈
ဆုတောင်းနေချိန် ဖျားနေတဲ့အမေ့ကို မြင်ယောင်နေတဲ့ အမျိုးသမီး

မျက်နှာဖုံးဆောင်းပါး | ဆုတောင်းတာ အကျိုးရှိသလား

ဆုတောင်းတာ သင့်အတွက် အကျိုးရှိသလား

တစ်ခုခုကိုကြိုးစားပြီး မလုပ်ခင်မှာ ‘ဒါ ငါ့အတွက် အကျိုးရှိမှာလား။ အကျိုးရှိပါ့မလားလို့ ဘုရားသခင်ကို ဆုတောင်းမေးရင် ကိုယ်ကျိုးရှာရာများ ကျနေမလား’ လို့သိချင်တာက သဘာဝပါ။ အကျိုးရှိမရှိသိချင်တာကလည်း မဆန်းပါဘူး။ ‘ငါခေါ်၍ အရှင် [ဘုရားသခင်] ထူးတော်မူမည်လား’ လို့ ကျမ်းစာပါ သစ္စာရှိအမျိုးသားယောဘ မေးခဲ့ပါတယ်။—ယောဘ ၉:၁၆၊ ခမ။

ဆုတောင်းတယ်ဆိုတာ ဘာသာရေးလုပ်ရိုးလုပ်စဉ်ထက်၊ စိတ်ကုထုံးတစ်ခုထက် ပိုတယ်ဆိုတာကို ရှေ့ဆောင်းပါးတွေမှာ ဆွေးနွေးခဲ့ပြီးပါပြီ။ ဆုတောင်းချက်တွေကို စစ်မှန်တဲ့ဘုရားသခင်က နားထောင်ပေးပါတယ်။ တောင်းသင့်တောင်းအပ်ရာကို နည်းမှန်လမ်းကျဆုတောင်းမယ်ဆိုရင် ကိုယ်တော် နားထောင်ပေးမှာ သေချာပါတယ်။ ဒါ့အပြင် ကိုယ်တော့်ဆီ ချဉ်းကပ်ဖို့ ကျွန်ုပ်တို့ကို ဖိတ်ခေါ်ထားပါတယ်။ (ယာကုပ် ၄:၈) ဒါကြောင့် ကျွန်ုပ်တို့က အလေးအနက်ထား ဆုတောင်းမယ်ဆိုရင် ဘာအကျိုးကျေးဇူးတွေ ရရှိမလဲ။ အကျိုးကျေးဇူးတချို့ကို သုံးသပ်ကြည့်ကြစို့။

စိတ်ငြိမ်သက်မှု

အခက်အခဲ၊ ပြဿနာတွေပေါ်လာချိန်မှာ သင် အကြီးအကျယ် စိုးရိမ်ပူပန်သွားနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ “မခြားမလပ်ဆုတောင်းဖို့၊” “တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်” ဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (၁ သက်သာလောနိတ် ၅:၁၇; ဖိလိပ္ပိ ၄:၆) ကျွန်ုပ်တို့ ဘုရားသခင်ဆီဆုတောင်းမယ်ဆိုရင် ‘စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် [ကျွန်ုပ်တို့] ၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်’ လို့ ကျမ်းစာမှာ အာမခံထားပါတယ်။ (ဖိလိပ္ပိ ၄:၇) ကောင်းကင်ခမည်းတော် ဘုရားသခင်ဆီ ရင်ဖွင့်ဆုတောင်းမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ စိတ်ငြိမ်သက်မှု ရရှိမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့ ဘုရားသခင် ကျွန်ုပ်တို့ကို အားပေးထားတယ်။ ဒါ့အပြင် “သင်၏ဝန်ကို ထာဝရဘုရားအား လွှဲအပ်လော့။ ကိုယ်တော်သည် သင့်ကို ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဆာလံ ၅၅:၂၂၊ ခမ။

“သင်၏ဝန်ကို ထာဝရဘုရားအား လွှဲအပ်လော့။ ကိုယ်တော်သည် သင့်ကို ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။”—ဆာလံ ၅၅:၂၂၊ ခမ။

ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာဟာ စိတ်ငြိမ်သက်မှု ခံစားခဲ့ရပါတယ်။ တောင်ကိုရီးယားနိုင်ငံက ဟီရာန် ဆိုတဲ့အမျိုးသမီး ဒီလိုပြောတယ်– “ကျွန်မမှာ ခေါင်းခဲစရာ ပြဿနာကြီးတွေရှိတယ်။ ဒါပေမဲ့ ဆုတောင်းလိုက်ရင် ဝန်ပေါ့သွားပြီး ခံနိုင်ရည်ပါ ရှိလာတယ်။” ဖိလစ်ပိုင်နိုင်ငံက စစ္စလီယာ ဆိုတဲ့အမျိုးသမီးကလည်း အခုလိုပြောတယ်– “ကျွန်မက မိခင်တစ်ယောက်ဆိုတော့ သမီးတွေအတွက်၊ အယ်လ်ဇိုင်းမားဖြစ်နေတဲ့အမေအတွက် ပူပန်နေရတယ်။ ဒါပေမဲ့ ဘုရားဆီဆုတောင်းတာကြောင့် သူတို့နဲ့ပတ်သက်ပြီး အများကြီးစိတ်ပူစရာမလိုတော့ပါဘူး။ သူတို့ကို ကြည့်ရှုစောင့်ရှောက်ဖို့ ယေဟောဝါဘုရားကူညီပေးမယ်ဆိုတာ ကျွန်မသိပါတယ်။”

အခက်အခဲတွေပေါ်လာချိန်မှာ ခံနိုင်ရည်နဲ့ နှစ်သိမ့်မှုရရှိ

အသက်အန္တရာယ်စိုးရိမ်ရတဲ့၊ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အခြေအနေလိုမျိုး ကြီးကြီးမားမားအခက်အခဲတွေ သင် ရင်ဆိုင်နေရပါသလား။ “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ဆီဆုတောင်းမယ်ဆိုရင် စိတ်သက်သာလာမှာဖြစ်တယ်။ ဘုရားသခင်က “ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်ပေး” တယ်လို့ ကျမ်းစာမှာဆိုထားပါတယ်။ (၂ ကောရိန္သု ၁:၃၊ ၄) ဥပမာ၊ ယေရှုက အကြီးအကျယ်စိုးရိမ်ပူပန်နေချိန်မှာ ‘ဒူးထောက် ဆုတောင်း’ လိုက်တော့ “ကောင်းကင်တမန်တစ်ပါး ထင်ရှားလာပြီး ကိုယ်တော့်ကို အားပေး” ခဲ့ပါတယ်။ (လုကာ ၂၂:၄၁-၄၃) ဘုရားသခင့်လုပ်ငန်းကို ဆက်မလုပ်ဆောင်ဖို့ ရှေးခေတ်သစ္စာရှိအမျိုးသား နေဟမိကို ရန်သူတွေ ခြိမ်းခြောက်တဲ့အခါ သူ အခုလိုဆုတောင်းခဲ့ပါတယ်– “အို ဘုရားသခင်၊ ယခု ကျွန်ုပ်အား ခွန်အားကြီးမားစေတော်မူပါ။” ကြောက်စိတ်ပြယ်သွားပြီး ဘုရားသခင့်လုပ်ငန်းကို အပြီးသတ်လုပ်ဆောင်နိုင်အောင် နေဟမိကို ဘုရားသခင် ကူညီပေးခဲ့တယ်ဆိုတာ ကျမ်းစာမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ (နေဟမိ ၆:၉-၁၆၊ ခမ) ဂါနာနိုင်ငံက ရယ်ဂျင်နယ်လ်ဆိုတဲ့ အမျိုးသားတစ်ဦး ဆုတောင်းခြင်းအကြောင်း အခုလိုပြောပြတယ်– “အခက်အခဲပြဿနာတွေနဲ့ နပန်းလုံးနေရချိန်မှာ ဆုတောင်းလိုက်တဲ့အခါ ကျွန်တော့်ပြဿနာတွေကို ကူညီပေးနိုင်တဲ့၊ ထပ်စိုးရိမ်စရာမလိုတော့ဘူးလို့ အာမခံပေးနိုင်တဲ့သူ တစ်ဦးဦးဆီ စကားပြောနေရသလို ခံစားရတယ်။” ဘုရားသခင်ဆီ ကျွန်ုပ်တို့ဆုတောင်းရင် ကိုယ်တော် နှစ်သိမ့်ပေးမှာဖြစ်ပါတယ်။

ဘုရားပေးဉာဏ်ပညာ

ကျွန်ုပ်တို့ချလိုက်တဲ့ ဆုံးဖြတ်ချက်တချို့က ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ချစ်ရသူတွေရဲ့ တစ်ဘဝလုံးအပေါ် အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါဆို ဆုံးဖြတ်ချက်တွေကို ပညာရှိရှိ ဘယ်လိုချနိုင်မလဲ။ ကျမ်းစာမှာ အခုလိုဖော်ပြထားပါတယ်– “သင်တို့တွင် တစ်ဦးတစ်ယောက်သည် [အထူးသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်မှာ] ဉာဏ်ပညာလိုနေလျှင် ဘုရားသခင်ကို ဆက်၍တောင်းလျှောက်ပါစေ။ ကိုယ်တော်သည် လူအပေါင်းကို ကဲ့ရဲ့ခြင်းမရှိဘဲ ရက်ရောစွာ ပေးကမ်းတော်မူသောကြောင့် တောင်းလျှင် ရလိမ့်မည်။” (ယာကုပ် ၁:၅) ဉာဏ်ပညာရှိရှိ ဆုံးဖြတ်ချက်ကောင်းတွေချနိုင်အောင် ဆုတောင်းမယ်ဆိုရင် သန့်ရှင်းသောစွမ်းအားတော်ကို ဘုရားသခင် ပေးမှာဖြစ်တယ်။ “ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသော စွမ်းအားတော်” ပေးမယ်လို့ ယေရှုအခိုင်အမာ ပြောခဲ့တာကြောင့် ကျွန်ုပ်တို့က သန့်ရှင်းသောစွမ်းအားတော်ရဖို့ သတ်သတ်မှတ်မှတ် တောင်းလျှောက်နိုင်ပါတယ်။—လုကာ ၁၁:၁၃။

ဆုတောင်းနေတဲ့အမျိုးသမီး

“ဆုံးဖြတ်ချက်အမှန်ချနိုင်အောင် ကူညီပေးပါလို့ ယေဟောဝါဘုရားဆီ အခါခါဆုတောင်းခဲ့။”—ဂါနာနိုင်ငံက ကွာဘီနာ

ယေရှုတောင် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ ဘုရားသခင်ရဲ့အကူအညီလိုအပ်မှန်း အသိအမှတ်ပြုခဲ့တယ်။ တမန်တော် ၁၂ယောက်ကို ယေရှုရွေးချယ်ဖို့ ဆုံးဖြတ်ချိန်မှာ “ဘုရားသခင်ထံ တစ်ညလုံး ဆုတောင်း” နေတယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။—လုကာ ၆:၁၂။

ယေရှုလိုပါပဲ၊ ဒီနေ့ခေတ်မှာလည်း ဆုံးဖြတ်ချက်ကောင်းတွေချနိုင်ဖို့ ကူညီပေးပါလို့ ဆုတောင်းတာကို ဘုရားသခင် နားထောင်ကူညီပေးခဲ့ကြောင်း ကိုယ်တွေ့ခံစားခဲ့ရသူတွေ အများကြီးရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ရီဂျီနာဆိုရင် ပြဿနာပေါင်းသောင်းခြောက်ထောင် ကြုံနေရသူဖြစ်ပါတယ်။ ယောက်ျားကလည်းဆုံး၊ အလုပ်လက်မဲ့လည်းဖြစ်သွားတဲ့ဘဝမှာ မိသားစုကို ကျွေးမွေးစောင့်ရှောက်ဖို့ဆိုတာ သူ့အတွက် မလွယ်ပါဘူး။ ဒီကြားထဲ သားသမီးတွေကို ပြုစုပျိုးထောင်ပေးရာမှာလည်း အခက်အခဲကရှိပြန်ရော။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်းချနိုင်အောင် သူ့ကို ကူညီပေးခဲ့တာက ဘာများဖြစ်မလဲ။ “ဆုတောင်းပြီး ယေဟောဝါဘုရားရဲ့ အကူအညီကို အားကိုးခဲ့လို့ပါ” ဆိုပြီး သူပြောပြတယ်။ ဂါနာနိုင်ငံက ကွာဘီနာက ဘုရားသခင်ကူညီပေးပါလို့ ဘာကြောင့်ဆုတောင်းရလဲဆိုတာကို အခုလိုပြောပြတယ်– “ဝင်ငွေကောင်းတဲ့ ဆောက်လုပ်ရေးအလုပ်ကနေ ကျွန်တော် နားသွားရတယ်။” ရှေ့ဆက် ဘာလုပ်မလဲဆိုတဲ့အကြောင်း စဉ်းစားရင်း သူအခုလိုပြောပြတယ်– “ဆုံးဖြတ်ချက်အမှန်ချနိုင်အောင် ကူညီပေးပါလို့ ယေဟောဝါဘုရားဆီ အခါခါဆုတောင်းတယ်။ ကိုယ်တော် ကူညီပေးမယ်ဆိုတာ အကြွင်းမဲ့ယုံတယ်။ ဒါနဲ့ ကျွန်တော့်ရဲ့စားဝတ်နေရေး၊ ဘုရားတရားကိစ္စအတွက်ပါ အဆင်ပြေစေမယ့် အလုပ်တစ်ခုရွေးချယ်နိုင်အောင် ယေဟောဝါဘုရား ကူညီပေးခဲ့ပါတယ်။” ဘုရားသခင်နဲ့ သင့်ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်စေမယ့် ကိစ္စတွေမှာ လမ်းညွှန်ပေးဖို့ဆုတောင်းရင် သင့်ကို ကိုယ်တော်လမ်းညွှန်ပေးပါလိမ့်မယ်။

ဆုတောင်းတာက သင့်အတွက် ဘယ်လိုအကျိုးရှိစေမလဲဆိုတဲ့ အချက်အနည်းငယ်ကို ကျွန်ုပ်တို့ဖော်ပြခဲ့ပါတယ်။ (နောက်ထပ်ဥပမာတွေအတွက် “ဆုတောင်းခြင်းရဲ့အကျိုးကျေးဇူးများ” လေးထောင့်ကွက်ကို ကြည့်ပါ။) ဒါပေမဲ့ အဲဒီအကျိုးကျေးဇူးတွေ သင်ခံစားချင်တယ်ဆိုရင် ဘုရားသခင်နဲ့ ကိုယ်တော့်အလိုတော်အကြောင်း ဦးဆုံးသိကျွမ်းဖို့လိုပါတယ်။ အဲဒီလိုသိနိုင်ဖို့ ယေဟောဝါသက်သေတွေနဲ့ သင် ကျမ်းစာလေ့လာကြည့်ပါလို့ ကျွန်ုပ်တို့ တိုက်တွန်းလိုပါတယ်။a ကျမ်းစာလေ့လာတာက “ပတ္ထနာစကားကိုနားထောင်တော်မူသောဘုရား” ဆီချဉ်းကပ်နိုင်ဖို့ ဦးဆုံးခြေလှမ်းပါပဲ။—ဆာလံ ၆၅:၂။

a ထပ်သိချင်တယ်ဆိုရင် သင့်ဒေသက ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်ပါ ဒါမှမဟုတ် www.pr2711.com/mya ဝက်ဘ်ဆိုက်မှာဝင်ကြည့်ပါ။

ဆုတောင်းခြင်းရဲ့ အကျိုးကျေးဇူးများ

စိတ်ငြိမ်သက်မှု “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇။

ဘုရားပေးနှစ်သိမ့်မှု ‘ငါတို့၏သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်၊ သနားကြင်နာတတ်သည့်အဖ၊ နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်သည် ချီးမွမ်းခံရပါစေ။ ဘုရားသခင်သည် ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏။’—၂ ကောရိန္သု ၁:၃၊ ၄။

ဉာဏ်ပညာရှိရှိ ဆုံးဖြတ်ချက်ချနိုင်စေတဲ့ လမ်းညွှန်မှု “သင်တို့တွင် တစ်ဦးတစ်ယောက်သည် ဉာဏ်ပညာလိုနေလျှင် ဘုရားသခင်ကို ဆက်၍တောင်းလျှောက်ပါစေ။ ကိုယ်တော်သည် လူအပေါင်းကို ကဲ့ရဲ့ခြင်းမရှိဘဲ ရက်ရောစွာ ပေးကမ်းတော်မူသောကြောင့် တောင်းလျှင် ရလိမ့်မည်။”—ယာကုပ် ၁:၅။

သွေးဆောင်မှုကိုတွန်းလှန်ဖို့ ထောက်ကူပေး “သင်တို့သည် သွေးဆောင်ခြင်း မခံရရန် ဆုတောင်းလျက်နေကြလော့။” —လုကာ ၂၂:၄၀။

အပြစ်ခွင့်လွှတ်ခံရ “ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပတ္ထနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကိုဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။”—၂ ရာဇဝင်ချုပ် ၇:၁၄။

တခြားသူတွေကို ကူညီပေးနိုင် “ဖြောင့်မတ်သောသူ၏ တိုးလျှိုးအသနားခံချက်သည် အလွန်တန်ခိုးပါ၍ အကျိုးသက်ရောက်မှုရှိ၏။”—ယာကုပ် ၅:၁၆။

ဆုတောင်းချက် ဖြေကြားခံရတဲ့အခါ အားရှိ ယေဟောဝါက “သင်သည် ငါ့ရှေ့မှာ ဆုတောင်းပတ္ထနာပြုသောစကားကို ငါကြားပြီ” လို့ ရှောလမုန်ကို ပြောခဲ့တယ်။—၃ ဓမ္မရာဇဝင် ၉:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ