ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၀/၁ စာ. ၅
  • ဘုရားသခင် ဘာကြောင့် ဆုတောင်းခိုင်းတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင် ဘာကြောင့် ဆုတောင်းခိုင်းတာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့နဲ့ ဘုရားသခင် မိတ်ဖွဲ့ချင်တယ်။
  • သင့်ကို ဘုရားကူညီပေးချင်တယ်။
  • လူသားတွေမှာ ဘုရားသခင်ကို မှီခိုလိုစိတ်ရှိတယ်။
  • သင့်ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၀/၁ စာ. ၅

မျက်နှာဖုံးဆောင်းပါး | ဆုတောင်းတာ အကျိုးရှိသလား

ဘုရားသခင် ဘာကြောင့် ဆုတောင်းခိုင်းတာလဲ

ကျွန်ုပ်တို့နဲ့ ဘုရားသခင် မိတ်ဖွဲ့ချင်တယ်။

မိတ်ဆွေတွေဟာ ဆက်ဆံရေးကောင်းချင်တယ်ဆိုရင် အပြန်အလှန် ပြောဆိုဆက်သွယ်ဖို့လိုပါတယ်။ အဲဒီလိုပါပဲ၊ ဘုရားသခင်က မိမိနဲ့စကားပြောပြီး မိတ်ဖွဲ့ဖို့ ကျွန်ုပ်တို့ကို ကမ်းလှမ်းထားပါတယ်။ ကိုယ်တော် အခုလိုပြောတယ်– ‘သင်တို့သည် ငါ့ကိုခေါ်၍ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။’ (ယေရမိ ၂၉:၁၂) ဘုရားသခင်နဲ့ သင် စကားပြောလာတာနဲ့အမျှ “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်” လာနိုင်မှာဖြစ်ပြီး “ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်” လာမှာဖြစ်ပါတယ်။ (ယာကုပ် ၄:၈) ‘ထာဝရဘုရားသည် ပတ္ထနာပြု [ဆုတောင်း] သောသူအပေါင်းတို့၏ အနီးအပါး၌ရှိတော်မူ၏’ လို့ ကျမ်းစာမှာ အာမခံထားပါတယ်။ (ဆာလံ ၁၄၅:၁၈) ဘုရားသခင်ဆီ များများဆုတောင်းလေ ဘုရားနဲ့ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးနှောင်ကြိုးက ပိုခိုင်မာလာလေပါပဲ။

‘ထာဝရဘုရားသည် ပတ္ထနာပြု [ဆုတောင်း] သောသူအပေါင်းတို့၏ အနီးအပါး၌ရှိတော်မူ၏။’—ဆာလံ ၁၄၅:၁၈

သင့်ကို ဘုရားကူညီပေးချင်တယ်။

‘သားသည် မုန့်ကိုတောင်းလျှင် ကျောက်ခဲပေးမည့်သူ သင်တို့တွင်ရှိသလော။ ငါးကိုတောင်းလျှင် မြွေကိုပေးမည်လော။ ထို့ကြောင့် သင်တို့သည် ကိုယ့်သားသမီးတို့အား ကောင်းသောဆုလက်ဆောင်များကို ပေးတတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား ကောင်းသောအရာကို ထိုမျှမက သာ၍ပေးတော်မူမည်’ မဟုတ်လားဆိုပြီး ယေရှုပြောခဲ့ပါတယ်။ (မဿဲ ၇:၉-၁၁) ဘုရားသခင် ဆုတောင်းခိုင်းရတာက ကျွန်ုပ်တို့ကို “ဂရုစိုက်” လို့၊ ကူညီပေးချင်လို့ပါ။ (၁ ပေတရု ၅:၇) ဒါ့အပြင် သင့်ပြဿနာတွေကိုလည်း ပြောပြစေချင်တယ်။ “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့” ဆိုပြီး ကျမ်းစာမှာဖော်ပြထားပါတယ်။—ဖိလိပ္ပိ ၄:၆။

လူသားတွေမှာ ဘုရားသခင်ကို မှီခိုလိုစိတ်ရှိတယ်။

ဘုရားမဲ့ဝါဒီတချို့အပါအဝင် လူသန်းပေါင်းများစွာက ဆုတောင်းဖို့လိုအပ်မှန်း အသိအမှတ်ပြုတာကို လူမှုဗေဒပညာရှင်တွေ လေ့လာတွေ့ရှိခဲ့ကြတယ်။a လူသားတွေဟာ ဘုရားသခင်ကို မွေးရာပါမှီခိုလိုစိတ်နဲ့ ဖန်ဆင်းခံထားရမှန်း အဲဒီအချက်တွေက သက်သေပြနေပါတယ်။ “ဘုရားသခင်ကို မှီခိုရန် လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” လို့ ယေရှုပြောခဲ့ပါတယ်။ (မဿဲ ၅:၃) မွေးရာပါမှီခိုလိုစိတ်ကို ဖြည့်ဆည်းပေးနိုင်တဲ့နည်းလမ်းတစ်ခုက ဘုရားသခင်နဲ့ ပုံမှန် ဆုတောင်းစကားပြောခြင်းဖြစ်ပါတယ်။

ဆုတောင်းဖို့ ဘုရားသခင့်ဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့လက်ခံမယ်ဆိုရင် ဘာအကျိုးကျေးဇူးတွေ ရရှိမလဲ။

a ၂၀၁၂၊ ပြူ သုတေသနစင်တာရဲ့အဆိုအရ အမေရိကန်နိုင်ငံရှိ ဘုရားမဲ့ဝါဒီ ၁၁ ရာခိုင်နှုန်းက အနည်းဆုံး တစ်လတစ်ကြိမ်ဆုတောင်းကြကြောင်း သိရတယ်။

ဆုတောင်းခြင်းမှာ ဘာတွေပါဝင်သလဲ

ဆုတောင်းတဲ့အခါ ဘဝကဏ္ဍအမျိုးမျိုးအတွက် ထည့်တောင်းနိုင်ကြောင်း ကျမ်းစာမှာဖော်ပြထားတယ်။ ဆုတောင်းခြင်းမှာ အောက်ပါအချက်တွေ ပါဝင်နိုင်ပါတယ်–

  • အပြစ်ဝန်ခံခြင်း “အကျွန်ုပ်သည် ကိုယ့်အပြစ်ကို ရှေ့တော်၌ဝန်ချပါ၏။ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ။”—ဆာလံ ၃၂:၅။

  • ကျေးဇူးတင်ခြင်း ‘ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း’ တာက သင့်မြတ်ပါတယ်။—ဆာလံ ၉၂:၁။

  • ချီးမွမ်းခြင်း “ငါသည် ခပ်သိမ်းသောကာလ၌ ထာဝရဘုရားကိုကောင်းကြီးပေးမည်။ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်း၍မြွက်ဆိုမည်။”—ဆာလံ ၃၄:၁၊ သမ္မာ။

  • လမ်းညွှန်မှုတောင်းခံခြင်း “ပညတ်တော်လမ်း၌ အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။ ထိုလမ်းကို နှစ်သက်ပါ၏။”—ဆာလံ ၁၁၉:၃၅။

  • ခွန်အားအတွက် တောင်းခံခြင်း ‘ကျွန်တော်မျိုးထံ ကြွတော်မူ၍ ကျွန်တော်မျိုးအား သနားတော်မူပါ။ ကျွန်တော်မျိုးအား ခွန်အားစွမ်းရည်ကို ပေးတော်မူပါ။’—ဆာလံ ၈၆:၁၆၊ ခမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ