ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၁ စာ. ၁၄-၁၅
  • ဆုတောင်းခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုတောင်းခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းတာ သင့်အတွက် အကျိုးရှိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၁ စာ. ၁၄-၁၅

ဆုတောင်းခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ

ကင်ဆာရောဂါ ခံစားနေရတဲ့ ပမ်မလာဟာ ဆရာဝန်ဆီမှာ ဆေးကုသမှု ခံယူခဲ့တယ်။ ခက်ခဲတဲ့ အခြေအနေကို ခံရပ်နိုင်ဖို့ ခွန်အားပေးပါလို့လည်း ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ သူ့ရဲ့ ဆုတောင်းချက်ကနေ အကူအညီ ရခဲ့သလား။

ပမ်မလာ ဒီလိုပြောတယ်– “ကုသမှု ခံယူနေတဲ့အချိန်မှာ ကျွန်မ သိပ်ကြောက်တယ်။ ဒါပေမဲ့ ယေဟောဝါဘုရားဆီ ဆုတောင်းလိုက်တဲ့အခါ စိတ်ငြိမ်သက်လာပြီး ခံနိုင်ရည် ရှိလာတယ်။ နာကျင်ကိုက်ခဲတာတော့ ရှိပေမဲ့ ဆုတောင်းခြင်းကြောင့် ကျွန်မရဲ့ အခြေအနေကို အကောင်းဆုံး ရင်ဆိုင်နိုင်တယ်။ ဘယ်လိုနေလဲလို့ လူတွေက မေးတဲ့အခါ ‘လူကတော့ နေမကောင်းပေမဲ့ စိတ်ဓာတ်ရေးရာ အခြေအနေကတော့ ကောင်းပါတယ်’ လို့ ကျွန်မ ပြန်ဖြေတယ်။”

ဆုတောင်းဖို့အတွက် သေရေးရှင်ရေး အခြေအနေ ကြုံရတဲ့အထိ စောင့်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ အားလုံးမှာ အနည်းနဲ့ အများ ဆိုသလို ပြဿနာ ကိုယ်စီ ရှိကြတယ်။ အဲဒါတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အကူအညီ လိုတယ်လို့ ခံစားရတယ်။ ဆုတောင်းခြင်းက အကူအညီ ပေးနိုင်သလား။

ကျမ်းစာမှာ ဒီလိုပြောတယ်– “ထမ်းထားရတဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်။ ဖြောင့်မတ်သူကို ဘယ်တော့မှ လဲကျခွင့် ပြုမှာ မဟုတ်ဘူး။” (ဆာလံ ၅၅:၂၂) ဒီစကားတွေက စိတ်သက်သာရာ ရစေတယ် မဟုတ်လား။ ဒါဆို ဆုတောင်းခြင်းကနေ ဘယ်လို အကူအညီ ရနိုင်သလဲ။ ဘုရားသခင်ဆီ နည်းမှန်လမ်းကျ ဆုတောင်းမယ်ဆိုရင် အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အကူအညီ ရပါလိမ့်မယ်။—“ဆုတောင်းခြင်းကနေ အကူအညီရနိုင်ပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။

ဆုတောင်းခြင်းကနေ အကူအညီ ရနိုင်ပုံ

စိတ်ငြိမ်သက်မှု

အစပိုင်းမှာတုန်းက အလုပ်ပြုတ်သွားတဲ့ အမျိုးသား ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြုံးပြီး လမ်းလျှောက်လာနေစဉ်။

“ဘုရားသခင်ဆီ အသနားခံကြပါ။ ဒါဆိုရင် လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်းက ခရစ်တော် ယေရှုကတစ်ဆင့် ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်။” (ဖိလိပ္ပိ ၄:၆၊ ၇) ပြဿနာတွေအကြောင်း ဘုရားသခင်ဆီ ရင်ဖွင့်ပြောပြတဲ့အခါ စိတ်ငြိမ်သက်မှု ရှိဖို့၊ ဖိစီးမှုတွေကို ပညာရှိရှိ ရင်ဆိုင်ဖြေရှင်းဖို့ အကူအညီ ရပါလိမ့်မယ်။

ဘုရားပေး ဉာဏ်ပညာ

အစပိုင်းမှာတုန်းက ဆုတောင်းစာအုပ်ကနေ ရွတ်ဖတ်နေတဲ့ အမျိုးသမီး အိမ်မှာ ကျမ်းစာ ဖတ်နေစဉ်။

“တစ်ယောက်ယောက် ဉာဏ်ပညာ လိုနေရင် ဘုရားသခင်ဆီ တောင်းမြဲ တောင်းပါစေ။ ကဲ့ရဲ့တာမျိုး မလုပ်ဘဲ လူအားလုံးကို ရက်ရက်ရောရော ပေးတတ်တဲ့ ဘုရားသခင်က တောင်းတဲ့သူကို ဉာဏ်ပညာ ပေးလိမ့်မယ်။” (ယာကုပ် ၁:၅) ဖိစီးမှုတွေ ခံရတဲ့အခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ အမြဲ မလွယ်ကူဘူး။ ဉာဏ်ပညာ ရဖို့ ဆုတောင်းမယ်ဆိုရင် ကျမ်းစာအခြေခံမူတွေကို သတိရအောင် ဘုရားသခင် ကူညီပေးနိုင်တယ်။

အစွမ်းခွန်အားနဲ့ နှစ်သိမ့်မှု

အစပိုင်းမှာတုန်းက ဆေးရုံမှာရှိတဲ့ ဇနီးမောင်နှံ ဥယျာဉ်တစ်ခုမှာ အတူ လမ်းလျှောက်နေစဉ်။ လမ်းလျှောက်တုတ် သုံးပြီး လျှောက်နေတဲ့ ဇနီးကို ခင်ပွန်းက ကြင်နာစွာ ကူညီပေးနေစဉ်။

“ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်” တယ်။ (ဖိလိပ္ပိ ၄:၁၃) အနန္တတန်ခိုးရှင် ယေဟောဝါ ဘုရားသခင်က အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့၊ ဆင်းရဲဒုက္ခတွေကို ခံရပ်နိုင်ဖို့ ခွန်အားပေးနိုင်တယ်။ (ဟေရှာယ ၄၀:၂၉) သမ္မာကျမ်းစာမှာ ယေဟောဝါကို “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” လို့လည်း ခေါ်ထားတယ်။ “ဆင်းရဲဒုက္ခအမျိုးမျိုး ခံရသူတွေကို” နှစ်သိမ့်ပေးနိုင်တယ်။—၂ ကောရိန္သု ၁:၃၊ ၄။

ဆုတောင်းခြင်းကနေ အကျိုးရချင်ပါသလား

ယေဟောဝါဘုရားက မိမိဆီ ဆုတောင်းဖို့ အတင်း ဖိအားမပေးဘူး။ ဆုတောင်းဖို့ မေတ္တာပါပါ ဖိတ်ခေါ်တယ်။ (ယေရမိ ၂၉:၁၁၊ ၁၂) အရင်က သင့်ရဲ့ ဆုတောင်းချက်တွေ အဖြေ မရခဲ့ဘူး ဆိုရင်ကော။ စိတ်ဓာတ်မကျပါနဲ့။ မေတ္တာရှိတဲ့ မိဘတွေဟာ ကလေးတွေ မျှော်လင့်တဲ့အရာကို မျှော်လင့်တဲ့အချိန်မှာ လုပ်ပေးမှာ မဟုတ်ဘူး။ မိဘတွေမှာ ပိုကောင်းတဲ့ နည်းလမ်း ရှိနေတာ ဖြစ်နိုင်တယ်။ သေချာတာတစ်ခုကတော့ မေတ္တာရှိတဲ့ မိဘတွေဟာ သားသမီးတွေကို ကူညီပေးတယ်။

မေတ္တာအရှိဆုံး ဖခင်ဖြစ်တဲ့ ယေဟောဝါဘုရားက သင့်ကိုလည်း ကူညီချင်တယ်။ ဆွေးနွေးခဲ့တဲ့ ကျမ်းစာအခြေခံမူတွေကို အသေအချာ ဆန်းစစ်ပြီး အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးမယ်ဆိုရင် သင့်ရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် အကောင်းဆုံးနည်းနဲ့ ဖြေပေးပါလိမ့်မယ်။—ဆာလံ ၃၄:၁၅။ မဿဲ ၇:၇-၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ