ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ ဇွန် စာ. ၃၂
  • သင် မှတ်မိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှတ်မိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင် မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • သင် မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • အလင်းပိုထွန်းလင်းလာ
    ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ယေဟောဝါက အမျိုးသမီးနှစ်ယောက်ကို အသုံးပြုပြီး မိမိလူမျိုးကို ကယ်တင်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ ဇွန် စာ. ၃၂

သင် မှတ်မိသလား

မကြာသေးမီကထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင်စာစောင်တွေကို သင် သေချာဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို သင် ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

ရှေးအစ္စရေးလူမျိုး စစ်ဆင်နွှဲတာကို ယေဟောဝါ ဘာကြောင့် ခွင့်ပြုသလဲ။

ယေဟောဝါဟာ မေတ္တာရှင်ဖြစ်တယ်။ ဒါပေမဲ့ တစ်ခါတလေ မိမိလူမျိုးကို မတရားဖိနှိပ်ချုပ်ချယ်တာ၊ ခြိမ်းခြောက်အနိုင်ကျင့်တာတွေ ဖြစ်လာတဲ့အခါ စစ်ပွဲ ဆင်နွှဲခွင့်ပြုခဲ့တယ်။ စစ်ပွဲမှာ ဘယ်သူပါဝင်ရမယ်၊ ဘယ်အချိန်မှာ စစ်ဆင်နွှဲရမယ်ဆိုတာ ဘုရားသခင်ပဲ ဆုံးဖြတ်ပေးတယ်။—က၁၅ ၁၁/၁၊ စာ. ၄-၅။

ယေဟောဝါကို ဝတ်ပြုဖို့ ဆယ်ကျော်သက်သားသမီးတွေကို လေ့ကျင့်ပေးတဲ့အခါ ဘယ်အရေးကြီးတဲ့အရာတွေကို မိဘတွေ လုပ်ဆောင်နိုင်သလဲ။

သူတို့ကို ချစ်ဖို့၊ နှိမ့်ချမှုကို လက်တွေ့ပြဖို့ လိုတယ်။ ထိုးထွင်းသိမြင်မှုရှိဖို့၊ သူတို့ကို နားလည်ပေးဖို့လည်း လိုတယ်။—က၁၅ ၁၁/၁၅၊ စာ. ၁၀-၁၃။

ပုပ်ရဟန်းမင်းကို ပေတရုရဲ့နေရာ ဆက်ခံသူအဖြစ် ဘာကြောင့် မယူမှတ်သင့်သလဲ။

ပေတရုဟာ အသင်းတော်ရဲ့ ဦးခေါင်းဖြစ်လာမယ်လို့ မဿဲ ၁၆:၁၇၊ ၁၈ မှာ မပြောထားဘူး။ ခေါင်းဆောင်အခွင့်အရာကို ပေတရု ရခဲ့တာမဟုတ်ဘူး။ ယေရှုသာ အသင်းတော်ရဲ့ တိုက်ထောင့်အထွတ်ကျောက်ဖြစ်တယ်လို့ ကျမ်းစာပြောတယ်။ (၁ ပေ. ၂:၄-၈)—က၁၅ ၁၂/၁၊ စာ. ၁၂-၁၄။

စကားမပြောခင် ဘာတွေကို စဉ်းစားရမလဲ။

လျှာကို ကောင်းကောင်းအသုံးပြုနိုင်ဖို့ (၁) ဘယ်အချိန်မှာ ပြောမလဲ (ဒေ. ၃:၇)၊ (၂) ဘာပြောမလဲ (သု. ၁၂:၁၈)၊ (၃) ဘယ်လိုပြောမလဲ (သု. ၂၅:၁၅) ဆိုတာ စဉ်းစားဖို့ လိုအပ်တယ်။—က၁၅ ၁၂/၁၅၊ စာ. ၁၈-၂၂။

ခရစ်ယာန်တွေရှောင်သင့်တဲ့ မရိုးသားမှုတချို့က ဘာတွေလဲ။

လိမ်ညာတာကိုရော အသရေဖျက်တာကိုပါ ရှောင်ရမယ်။ တခြားသူတွေရဲ့ ဂုဏ်သိက္ခာပျက်အောင် လုပ်ကြံပြောဆိုတာ၊ ကလိမ်ကကျစ်လုပ်တာ၊ ခိုးတာကိုလည်း ရှောင်ရမယ်။—ကလ၁၆.၁၊ စာ. ၅။

ကျမ်းစာမှာဖော်ပြထားတဲ့ “ယဇ်ပုရောဟိတ်ကြီးများ” က ဘယ်သူတွေလဲ။

အဲဒီအသုံးအနှုန်းက ယဇ်ပုရောဟိတ်အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်တွေကို ရည်ညွှန်းမှန်း ထင်ရှားတယ်။ အဲဒီထဲမှာ ဖြုတ်ချခံခဲ့ရတဲ့ ယဇ်ပုရောဟိတ်မင်းတွေလည်း ပါဝင်တယ်။—ကလ၁၆.၁၊ စာ. ၁၀။

အောက်မေ့ရာပွဲမှာ မုန့်နဲ့စပျစ်ဝိုင် သုံးဆောင်သူကို ဘယ်လို ဆက်ဆံသင့်သလဲ။

သူ့ကို အလွန်အကျွံ မချီးမြှောက်သင့်ဘူး။ အမှန်တကယ် ဘိသိက်ပေးခံရသူက ချီးမြှောက်မခံချင်ဘူး။ ဘုရားသခင်ရှေ့ သူ့ရဲ့ အနေအထားကို လူသိရှင်ကြား မကြေညာချင်ဘူး။ (မ. ၂၃:၈-၁၂)—က၁၆.၀၁၊ စာ. ၂၂-၂၃။

ဘုရားသခင်နဲ့ အာဗြဟံ မိတ်ဆွေဖြစ်လာပုံကနေ ဘာသင်ယူနိုင်သလဲ။

အာဗြဟံဟာ ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာကို ရှေမဆီက သင်ယူခဲ့တာဖြစ်နိုင်တယ်။ အာဗြဟံဟာ သူနဲ့ သူ့မိသားစုကို ဘုရားသခင်ဆက်ဆံပုံကနေ အတွေ့အကြုံတွေ ရခဲ့တယ်။ ကျွန်တော်တို့လည်း အလားတူ လုပ်ဆောင်နိုင်တယ်။—က၁၆.၀၂၊ စာ. ၅-၆။

ကျမ်းစာ အခန်းကြီး၊ အခန်းငယ်တွေ ဘယ်လို စပေါ်လာသလဲ။

ဦးဆုံး၊ ဂျူးလူမျိုး ကျမ်းကူးရေးသူတွေက ဟေဗြဲကျမ်းစောင်တွေကို အခန်းငယ်တွေ ခွဲခဲ့တယ်။ ၁၃ ရာစုမှာ ဘုန်းတော်ကြီး စတီဖန် လန်တန်က ကျမ်းစာကို အခန်းကြီးတွေ ခွဲခဲ့တယ်။ ၁၆ ရာစုရောက်တော့ ကျမ်းပညာရှင် ရောဘတ် အေတီယန်က ခရစ်ယာန်ဂရိကျမ်းစောင်တွေကို အခန်းငယ်တွေ ခွဲခဲ့တယ်။—ကလ၁၆.၂၊ စာ. ၁၄-၁၅။

စာတန်က ယေရှုကို သွေးဆောင်ဖို့ တကယ့် ဗိမာန်တော်ဆီ ခေါ်သွားသလား။

ကျွန်တော်တို့ အတိအကျ မသိနိုင်ဘူး။ မဿဲ ၄:၅ နဲ့ လုကာ ၄:၉ ဟာ ယေရှုကို စိတ်အာရုံကတစ်ဆင့် ဗိမာန်တော်ဆီ ခေါ်ဆောင်သွားတာကို ဆိုလိုနိုင်သလို ဗိမာန်တော်ဧရိယာအတွင်းက မြင့်မားတဲ့နေရာတစ်ခုခုအပေါ် ရပ်ခဲ့တာကိုလည်း ဆိုလိုနိုင်တယ်။—က၁၆.၀၃၊ စာ. ၃၁-၃၂။

ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းဟာ ဘယ်လိုနည်းတွေနဲ့ ဆီးနှင်းနဲ့ တူနိုင်သလဲ။

ဆီးနှင်းဟာ တဖြည်းဖြည်းဖြစ်တည်လာပြီး လန်းဆန်းစေတယ်၊ အသက်အတွက် အရေးပါတယ်။ ဘုရားဆီကလာတဲ့ ကောင်းချီးဖြစ်တယ်။ (တရား. ၃၃:၁၃) အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင့်လူမျိုးရဲ့ စုပေါင်းလုပ်အားလည်း အလားတူပဲ။—က၁၆.၀၄၊ စာ. ၃၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ