ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ ဒီဇင်ဘာ စာ. ၁၈
  • သင် မှတ်မိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှတ်မိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင် မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • သင် မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • မစိုးရိမ်ကြနဲ့တော့
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ပုံသက်သေမကောင်းတဲ့မိဘတွေလက်အောက်မှာ ကြီးပြင်းလာရင်တောင် ယေဟောဝါဘုရားကို ဝတ်ပြုနိုင်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ ဒီဇင်ဘာ စာ. ၁၈

သင် မှတ်မိသလား

မကြာသေးမီက ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင်စာစောင်တွေကို သင် သေသေချာချာဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို သင် ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

မဿဲ ၁၈:၁၅–၁၇ မှာ ပါတဲ့ အကြံဉာဏ်မှာ ဘယ်အပြစ်မျိုးကို ယေရှု ပြောနေတာလဲ။

သက်ဆိုင်သူတွေ အချင်းချင်း ဖြေရှင်းလို့ရနိုင်တဲ့ကိစ္စတွေကို ယေရှု ပြောနေတာဖြစ်တယ်။ ဖြေရှင်းလို့ မရရင် နှင်ထုတ်နိုင်လောက်တဲ့အထိ ကြီးလေးတဲ့အပြစ်မျိုး ဖြစ်တယ်။ ဥပမာ၊ အသရေဖျက်မှု၊ လိမ်လည်မှုတို့ ဖြစ်နိုင်တယ်။—w16.05 စာ. ၇။

ကျမ်းစာဖတ်ရှုခြင်းကနေ ပိုအကျိုးရအောင် ဘာလုပ်နိုင်သလဲ။

အောက်ပါအတိုင်း လုပ်ပါ– အမြင်ကျယ်ကျယ်ထားပြီး ဖတ်ရှုပါ။ လက်တွေ့ကျင့်သုံးနိုင်တဲ့ အချက်တွေကို ရှာဖွေပါ။ ‘ဒီအချက်ကို သုံးပြီး တခြားသူတွေကို ငါဘယ်လို ကူညီပေးနိုင်သလဲ’ စတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဖတ်နေတဲ့အကြောင်းကို ရှာဖွေလေ့လာဖို့ ရနိုင်တဲ့ကိရိယာတွေကို အသုံးပြုပါ။—w16.05 စာ. ၂၄-၂၆။

ခရစ်ယာန်တစ်ယောက် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ပေမဲ့ ဝမ်းနည်းပူဆွေးတာ မှားသလား။

ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခြင်းက ခရစ်ယာန်တစ်ယောက် ခံစားရနိုင်တဲ့ ဆုံးရှုံးမှုကို မဖြေဖျောက်ပေးနိုင်ဘူး။ စာရာသေဆုံးချိန်မှာ အာဗြဟံ ငိုကြွေးမြည်တမ်းခဲ့တယ်။ (က. ၂၃:၂) တဖြည်းဖြည်း ဝမ်းနည်းပူဆွေးမှု လျော့ပါးလာပါလိမ့်မယ်။—wp16.3 စာ. ၄။

ယေဇကျေလ အခန်းကြီး ၉ မှာ ဖော်ပြထားတဲ့ မင်အိုးပါတဲ့သူနဲ့ ကွပ်မျက်စရာ လက်နက် ကိုင်ထားတဲ့ လူခြောက်ယောက်က ဘယ်သူတွေကို ပုံဆောင်သလဲ။

သူတို့ဟာ ဂျေရုဆလင်မြို့ ဖျက်ဆီးခြင်းမှာ ပါဝင်ခဲ့တဲ့၊ အာမဂေဒုန် ဖျက်ဆီးခြင်းမှာ ပါဝင်ဦးမယ့် ကောင်းကင်စစ်တပ်ကို ပုံဆောင်တယ်။ ဒီနေ့ခေတ် ပြည့်စုံမှုမှာ မင်အိုးပါတဲ့သူက ကယ်တင်ခံရမယ့်သူတွေကို မှတ်သားတဲ့ ယေရှုခရစ်ကို ပုံဆောင်တယ်။—w16.06 စာ. ၁၆-၁၇။

ကျမ်းစာဟာ ဘယ်လို အန္တရာယ်တွေကြားမှာ ဆက်တည်ရှိခဲ့သလဲ။

(၁) ကျူရွက်၊ သားရေစတဲ့ ပျက်စီးနိုင်တဲ့ စာရေးကိရိယာ၊ (၂) ကျမ်းစာကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်တွေရဲ့ ဆန့်ကျင်မှု၊ (၃) ကျမ်းစာသတင်းတရားကို ပြောင်းလဲဖို့ လူတချို့ရဲ့ ကြိုးစားမှု။—wp16.4 စာ. ၄-၇။

ခရစ်ယာန်တစ်ယောက် ဘဝကို ဘယ်နည်းတွေနဲ့ ရိုးရှင်းစေနိုင်သလဲ။

တကယ်လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းလုပ်ပါ။ မလိုအပ်တဲ့ အသုံးစရိတ်ကို လျှော့ချပါ။ လက်တွေ့ကျတဲ့ ဘတ်ဂျက်တစ်ခု ရေးဆွဲပါ။ မသုံးတဲ့ပစ္စည်းတွေကို ရှင်းထုတ်ပါ။ အကြွေးတွေကို အမြန်ဆုံး ပြန်ဆပ်ပါ။ အလုပ်ချိန် လျှော့ချပါ။ အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ စီစဉ်ပါ။—w16.07 စာ. ၁၀။

ရွှေငွေထက် တန်ဖိုးရှိတဲ့ ဘယ်အရာကို ကျမ်းစာမှာ ဖော်ပြထားသလဲ။

ဘုရားရေးရာ ဉာဏ်ပညာဟာ ရွှေငွေထက် တန်ဖိုးရှိတယ်လို့ ယောဘ ၂၈:၁၂၊ ၁၅ မှာ ဖော်ပြထားတယ်။ ဉာဏ်ပညာကို ရှာဖွေစဉ် နှိမ့်ချနေဖို့၊ ယုံကြည်ခြင်း ခိုင်မာနေဖို့ ကြိုးစားအားထုတ်ပါ။—w16.08 စာ. ၁၈-၁၉။

ညီအစ်ကိုတစ်ယောက် မုတ်ဆိတ်မွေးထားတာ သင့်တော်သလား။

ယဉ်ကျေးမှုတချို့မှာ သပ်သပ်ရပ်ရပ် တိထားတဲ့ မုတ်ဆိတ်မွေးဟာ သင့်တော်ပြီး သတင်းကောင်းကိုလည်း အတားအဆီး မဖြစ်စေဘူး။ တချို့ကတော့ မထားဖို့ ဆုံးဖြတ်ကြတယ်။ (၁ ကော. ၈:၉) ယဉ်ကျေးမှုတချို့နဲ့ နိုင်ငံတွေမှာကျတော့ မုတ်ဆိတ်မွေး ထားတာ ယေဟောဝါ သက်သေတွေအတွက် မသင့်တော်ဘူးလို့ ယူဆကြတယ်။—w16.09 စာ. ၂၁။

ဒါဝိဒ်နဲ့ ဂေါလျတ်တို့အကြောင်း ကျမ်းစာ မှတ်တမ်းကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

ဂေါလျတ်ရဲ့အရပ်ဟာ အခုခေတ် အရပ်အရှည်ဆုံးလို့ မှတ်တမ်းတင်ခံရသူထက် ခြောက်လက်မပဲ ပိုရှည်တယ်။ ဒါဝိဒ်ဟာ သက်ရှိထင်ရှားခဲ့တဲ့ တကယ့်ပုဂ္ဂိုလ်ဖြစ်တယ်။ ရှေးခေတ် ကျောက်စာတစ်ချပ်မှာ ဒါဝိဒ်ရဲ့ အိမ်တော်အကြောင်း ဖော်ပြထားပြီး ယေရှုလည်း ပြောခဲ့တယ်။ မှတ်တမ်းပါဖြစ်ရပ်တွေဟာ တကယ်တည်ရှိတဲ့ နေရာတွေနဲ့ ကိုက်ညီတယ်။—wp16.5 စာ. ၁၃။

အသိပညာ၊ နားလည်နိုင်စွမ်း၊ ဉာဏ်ပညာတို့ ဘယ်လို ကွာခြားသလဲ။

အသိပညာရှိတဲ့သူက အချက်အလက်တွေကို ဆည်းပူးတယ်။ နားလည်နိုင်စွမ်းရှိသူက အချက်အလက်တွေကို ဆက်စပ်တတ်တယ်။ ဉာဏ်ပညာရှိတဲ့သူကတော့ အသိပညာနဲ့ နားလည်နိုင်စွမ်းကို ပေါင်းပြီး လက်တွေ့ကျကျ လုပ်ဆောင်နိုင်တယ်။—w16.10 စာ. ၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ