ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၆ ဇူလိုင် စာ. ၂၆-၃၀
  • မဟာကရုဏာနဲ့ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဟာကရုဏာနဲ့ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကို ဘုရားသခင့် မဟာကရုဏာ လှုံ့ဆော်ပေးသလား
  • ရွေးနုတ်ဖိုးနဲ့ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောပါ
  • ဘုရားသခင့်မိတ်ဆွေဖြစ်လာအောင် လူတွေကို ကူညီပေးပါ
  • ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်မှန်း လူတွေကို သင်ပေးပါ
  • စနစ်သစ်မှာ ခံစားရမယ့် မဟာကရုဏာ
  • သတင်းကောင်းကို ဆက်ဟောပြောပါ
  • ဘုရားသခင့်မဟာကရုဏာ ခံစားရသူတွေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • မဟာကရုဏာတော်ကြောင့် လွတ်မြောက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ကြင်နာမှုပြခြင်းဖြင့် ယေဟောဝါအားပျော်ရွှင်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • “အကြင်နာတရား” က လှုံ့ဆော်ပေးပါစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
က၁၆ ဇူလိုင် စာ. ၂၆-၃၀
လူတစ်ယောက်ကို တမန်တော်ပေါလု ဟောပြောနေ

မဟာကရုဏာနဲ့ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောပါ

‘ဘုရားသခင်၏ မဟာကရုဏာတော်နှင့်ဆိုင်သော သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံပါ။’—တ. ၂၀:၂၄။

သီချင်း– ၁၀၁၊ ၈၄

သင် ဘယ်လိုဖြေမလဲ

  • ယေဟောဝါရဲ့ မဟာကရုဏာက ဘာလုပ်ဆောင်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်သင့်သလဲ။

  • ‘နိုင်ငံတော်သတင်းကောင်း’ က ဘုရားသခင့် မဟာကရုဏာကို ဘယ်လိုပေါ်လွင်စေသလဲ။

  • ကမ္ဘာသစ်မှာ မဟာကရုဏာကို ယေဟောဝါ ဘယ်လိုဖော်ပြမလဲ။

၁၊ ၂။ ဘုရားသခင့် မဟာကရုဏာအတွက် ကျေးဇူးတင်မှန်း တမန်တော်ပေါလု ဘယ်လိုဖော်ပြခဲ့သလဲ။

တမန်တော်ပေါလုက “ငါခံရသော [ဘုရားသခင့်] မဟာကရုဏာတော်သည် အချည်းနှီးဖြစ်သည်မဟုတ်” လို့ ပြောနိုင်ခဲ့တယ်။ (၁ ကောရိန္သု ၁၅:၉၊ ၁၀ ကိုဖတ်ပါ။) သူဟာ ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းခဲ့သူဖြစ်တယ်။ ဒါကြောင့် ဘုရားရဲ့ကြီးမားတဲ့ကရုဏာ ခံစားရတာဟာ သူ့ကြိုးစားအားထုတ်မှုကြောင့် မဟုတ်မှန်း၊ ရထိုက်လို့ မဟုတ်မှန်း ပေါလု ကောင်းကောင်းသိတယ်။

၂ ပေါလုက သူ့ဘဝရဲ့ နောက်ဆုံးအချိန်လေးမှာ လုပ်ဖော်ဆောင်ဖက် တိမောသေဆီ အခုလို ရေးခဲ့တယ်– “ငါ့ကို တန်ခိုးပေးတော်မူသော ငါတို့သခင် ခရစ်တော်ယေရှုအား ကျေးဇူးတင်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ့ကို အမှုတော်ဆောင်ရန် ခန့်အပ်ခြင်းဖြင့် သစ္စာရှိသူဟု ယူမှတ်တော်မူ၏။” (၁ တိ. ၁:၁၂-၁၄) အဲဒီအမှုဆောင်လုပ်ငန်းက ဘာလဲ။ ဒီလုပ်ငန်းမှာ ဘာပါဝင်မှန်း ဧဖက်အသင်းတော်က အကြီးအကဲတွေကို ပေါလု အခုလိုပြောတယ်– “ဘုရားသခင်၏ မဟာကရုဏာတော်နှင့်ဆိုင်သော သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံရန် သခင်ယေရှုထံမှ ငါရရှိထားသော တာဝန်နှင့် ဓမ္မအမှုကို အပြီးအစီးဆောင်ရွက်ခွင့် ရမည်ဆိုလျှင် ငါသည် ကိုယ့်အသက်ကို ပမာဏမပြု၊ နှမြောခြင်းမရှိ။”—တ. ၂၀:၂၄။

၃။ ဘယ်အထူးအမှုဆောင်လုပ်ငန်းကို ပေါလု ပေးအပ်ခံရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၃ ဘုရားသခင့် မဟာကရုဏာကို ပေါ်လွင်စေတဲ့ ဘယ် “သတင်းကောင်း” ကို ပေါလု ဟောပြောခဲ့သလဲ။ “သင်တို့အကျိုးကိုထောက်၍ ငါ့အား အပ်ပေးတော်မူသော ဘုရားသခင်၏ မဟာကရုဏာတော်ကြောင့်ရသည့် ဘဏ္ဍာစိုးအရာကို သင်တို့အမှန်ကြားသိကြပြီ” လို့ ဧဖက်ခရစ်ယာန်တွေကို ပေါလု ပြောတယ်။ (ဧ. ၃:၁၊ ၂) ဂျူးမဟုတ်သူတွေကို သတင်းကောင်းဟောဖို့ ပေါလု မိန့်မှာခံရတဲ့အတွက် သူတို့လည်း မေရှိယအုပ်ချုပ်တဲ့ နိုင်ငံတော်အစိုးရအဖွဲ့ဝင်ဖြစ်ခွင့် ရရှိနိုင်ခဲ့တယ်။ (ဧဖက် ၃:၅–၈ ကိုဖတ်ပါ။) သတင်းကောင်းကို ပေါလု ဇွဲထက်သန်စွာ ဟောပြောပြီး ဒီနေ့ခေတ် ခရစ်ယာန်တွေအတွက် စံနမူနာကောင်းချမှတ်ခဲ့တယ်။ သူ့ကိုပြခဲ့တဲ့ ဘုရားသခင့် မဟာကရုဏာ “အချည်းနှီး” မဖြစ်ဘူးဆိုတာ သက်သေပြခဲ့တယ်။

သင့်ကို ဘုရားသခင့် မဟာကရုဏာ လှုံ့ဆော်ပေးသလား

၄၊ ၅။ ‘နိုင်ငံတော်သတင်းကောင်း’ ဟာ “ဘုရားသခင်၏ မဟာကရုဏာတော်နှင့်ဆိုင်သော သတင်းကောင်း” နဲ့အတူတူပဲလို့ ဘာကြောင့်ပြောနိုင်သလဲ။

၄ ဒီနောက်ဆုံးကာလမှာ “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြော” ဖို့ ယေဟောဝါရဲ့လူမျိုး မိန့်မှာခံထားရတယ်။ (မ. ၂၄:၁၄) နိုင်ငံတော်သတင်းကောင်းဟာ “ဘုရားသခင်၏ မဟာကရုဏာတော်နှင့်ဆိုင်သော သတင်းကောင်း” လည်း ဖြစ်တယ်။ အကြောင်းကတော့ ဘုရားသခင့်နိုင်ငံတော်မှာ ရရှိမယ့် ကောင်းချီးအားလုံးကို ဘုရားသခင့်ကရုဏာကြောင့်သာ ရရှိမှာဖြစ်လို့ပဲ။ (ဧ. ၁:၃) ပေါလုဟာ ဇွဲထက်သန်စွာဟောပြောခြင်းအားဖြင့် ယေဟောဝါရဲ့ မဟာကရုဏာအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တယ်။ ပေါလုရဲ့ စံနမူနာကို ကျွန်တော်တို့ တုပနေသလား။—ရောမ ၁:၁၄–၁၆ ကိုဖတ်ပါ။

၅ အပြစ်သားတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ မဟာကရုဏာကနေ နည်းလမ်းများစွာနဲ့ အကျိုးရရှိနေမှန်း ရှေ့ဆောင်းပါးမှာ သိခဲ့ရတယ်။ အဲဒီလိုအကျိုးရရှိနေတဲ့အတွက် ယေဟောဝါ ဘယ်လို မေတ္တာပြနေမှန်း၊ အဲဒီကနေ ဘယ်လိုအကျိုးရရှိနိုင်မှန်း တခြားသူတွေကို သင်ကြားပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဘုရားသခင့် မဟာကရုဏာအတွက် ကျေးဇူးတင်လာအောင် တခြားသူတွေကို ဘယ်နည်းတွေနဲ့ ကူညီပေးနိုင်သလဲ။

ရွေးနုတ်ဖိုးနဲ့ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောပါ

၆၊ ၇။ ရွေးနုတ်ဖိုးအကြောင်း တခြားသူတွေကို ရှင်းပြတာက ဘယ်လိုနည်းနဲ့ ဘုရားသခင့် မဟာကရုဏာနဲ့ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောနေတာဖြစ်သလဲ။

၆ ဒီနေ့ခေတ် လူများစွာဟာ အပြစ်လုပ်တဲ့အခါ အပြစ်ရှိတယ်လို့ မခံစားကြရဘူး။ ဒါကြောင့် လူသားတွေ ဘာကြောင့် ရွေးနုတ်ဖိုး လိုအပ်မှန်း နားမလည်ကြဘူး။ တစ်ချိန်တည်းမှာ စည်းလွတ်ဝါးလွတ် ဘဝပုံစံက စစ်မှန်တဲ့ပျော်ရွှင်မှု မပေးနိုင်မှန်း သိရှိလာသူ ပိုများလာတယ်။ ယေဟောဝါသက်သေတွေနဲ့ တွေ့မှ အပြစ်ဆိုတာ ဘာဖြစ်မှန်း၊ ကျွန်တော်တို့ကို ဘယ်လို ထိခိုက်မှန်း၊ အပြစ်ရဲ့ကျွန်ဘဝကနေ လွတ်အောင် ဘာလုပ်ဖို့ လိုအပ်မှန်း လူများစွာ သိလာကြတယ်။ ယေဟောဝါဟာ ကြီးမားတဲ့ မေတ္တာကရုဏာကြောင့် ကျွန်တော်တို့ကို အပြစ်နဲ့ သေခြင်းအောက်ကနေ ရွေးနုတ်ဖို့ သားတော်ကို မြေကြီးပေါ် စေလွှတ်ခဲ့မှန်း သိလာတဲ့အခါ စိတ်ရိုးဖြောင့်သူတွေ တအားကျေးဇူးတင်ကြတယ်။—၁ ယော. ၄:၉၊ ၁၀။

၇ ယေဟောဝါရဲ့ အချစ်ဆုံးသားနဲ့ ပတ်သက်ပြီး ပေါလုက “ငါတို့သည် သားတော်၏ အသွေးတော်အားဖြင့် ရွေးနုတ်တော်မူခြင်းခံရ၏။ ဘုရားသခင်၏ မဟာကရုဏာတော် ကြွယ်ဝမှုကြောင့် အပြစ်လွတ်ခွင့်ရ၏” လို့ ပြောခဲ့တယ်။ (ဧ. ၁:၇) ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးပူဇော်သကာဟာ ကျွန်တော်တို့အပေါ်ထားတဲ့ ဘုရားသခင့်မေတ္တာရဲ့ အကြီးမားဆုံးသက်သေဖြစ်တယ်။ ဘုရားရဲ့ မဟာကရုဏာ ဘယ်လောက်ကြီးမားမှန်းလည်း ဖော်ပြတယ်။ ယေရှုရဲ့ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း တင်ပြရင် အပြစ်တွေ ခွင့်လွှတ်ခံရပြီး ကြည်လင်တဲ့သိစိတ်ရရှိမယ်ဆိုတာ သိရလို့ ဝမ်းသာစရာပဲ။ (ဟေဗြဲ ၉:၁၄) တခြားသူတွေကို ဝေမျှသင့်တဲ့ တကယ့်သတင်းကောင်းပဲ။

ဘုရားသခင့်မိတ်ဆွေဖြစ်လာအောင် လူတွေကို ကူညီပေးပါ

၈။ အပြစ်ရှိတဲ့လူသားတွေဟာ ဘုရားသခင်နဲ့ ပြန်သင့်မြတ်ဖို့ ဘာကြောင့် လိုအပ်သလဲ။

၈ ယေရှုရဲ့ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း မတင်ပြသူတွေကို ရန်သူအဖြစ် ဘုရားသခင် ယူမှတ်တယ်။ ဒါကြောင့် ဘုရားသခင့်မိတ်ဆွေဖြစ်လာနိုင်မှန်း သူတို့ကို ပြောပြဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ “သားတော်ကို ယုံကြည်ကြောင်း တင်ပြသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ငြင်းပယ်သူမူကား အသက်ကို ရလိမ့်မည်မဟုတ်။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေ၏” လို့ တမန်တော်ယောဟန် ပြောတယ်။ (ယော. ၃:၃၆) ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးကြောင့် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်တာ ဝမ်းသာစရာပဲ။ “သင်တို့သည် တစ်ချိန်က ဆိုးညစ်သောအမှုများကို စိတ်စွဲလမ်းသောကြောင့် ဘုရားသခင်နှင့် ကင်းကွာလျက် ကိုယ်တော်၏ရန်သူများ ဖြစ်ခဲ့ကြ၏။ ထိုသူသည် . . . လူ့ခန္ဓာကိုယ်၌ အသေခံတော်မူခြင်းအားဖြင့် ယခု ဘုရားသခင်သည် သင်တို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူ၏” လို့ ပေါလုပြောတယ်။—ကော. ၁:၂၁၊ ၂၂။

၉၊ ၁၀။ (က) ဘိသိက်ခံညီတွေကို ခရစ်တော် ဘယ်တာဝန် ပေးအပ်သလဲ။ (ခ) ဘိသိက်ခံတွေကို “အခြားသိုး” တွေ ဘယ်လို ကူညီပေးနေသလဲ။

၉ ခရစ်တော်က မြေကြီးပေါ်မှာရှိတဲ့ ဘိသိက်ခံညီတွေကို “ပြန်လည်သင့်မြတ်စေသည့်လုပ်ငန်း” ပေးအပ်ခဲ့တယ်။ သူတို့ကို ပေါလု အခုလိုပြောတယ်– “အရာခပ်သိမ်းသည် ဘုရားသခင်ထံမှ ဖြစ်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါတို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူ၍ ပြန်လည်သင့်မြတ်စေသည့်လုပ်ငန်းကို ငါတို့အား ပေးအပ်တော်မူ၏။ ထိုလုပ်ငန်းမှာ ဘုရားသခင်သည် ခရစ်တော်အားဖြင့် လောကကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူ၍ သူတို့၏အပြစ်များကို မှတ်တော်မမူခြင်းဖြစ်၏။ ပြန်လည်သင့်မြတ်ခြင်းတရားကိုလည်း ငါတို့၌ လွှဲအပ်တော်မူ၏။ ထို့ကြောင့် ငါတို့အားဖြင့် ဘုရားသခင် တောင်းပန်သည့်အလား ငါတို့သည် ခရစ်တော်၏ကိုယ်စား သံအမတ်များ ဖြစ်ကြ၏။ ‘ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင် ပြုကြလော့’ ဟု ခရစ်တော်၏ကိုယ်စား ငါတို့တောင်းပန်ကြ၏။”—၂ ကော. ၅:၁၈-၂၀။

၁၀ “အခြားသိုး” တွေဟာ ဒီလုပ်ငန်းမှာ ဘိသိက်ခံတွေကို ကူညီပေးခွင့် ရရှိထားတယ်။ (ယော. ၁၀:၁၆) ခရစ်တော်ရဲ့ သံတမန်တွေအဖြစ် “အခြားသိုး” တွေဟာ ဟောပြောသွန်သင်ခြင်း၊ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိလာအောင် လူတွေကို ကူညီပေးခြင်းမှာ အကြီးမားဆုံးအတိုင်းအတာနဲ့ ပါဝင်နေကြတယ်။ ဒါဟာ ဘုရားသခင့် မဟာကရုဏာနဲ့ဆိုင်တဲ့ သတင်းကောင်း ဟောပြောခြင်းရဲ့ အရေးကြီးကဏ္ဍတစ်ခုဖြစ်တယ်။

ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်မှန်း လူတွေကို သင်ပေးပါ

၁၁၊ ၁၂။ ယေဟောဝါဆီ ဆုတောင်းနိုင်မှန်း သိလာတာဟာ လူတွေအတွက် ဘာကြောင့် သတင်းကောင်းဖြစ်သလဲ။

၁၁ လူများစွာဟာ စိတ်သက်သာရာရအောင် ဆုတောင်းကြပေမဲ့ ဆုတောင်းချက်တွေကို ဘုရားနားထောင်တယ်လို့တော့ မယုံကြည်ကြဘူး။ ယေဟောဝါဟာ ‘ဆုတောင်းစကားကို နားထောင်တဲ့ဘုရား’ ဖြစ်မှန်း သူတို့ သိဖို့လိုတယ်။ ‘ဆုတောင်းစကားကို နားထောင်တော်မူသောဘုရား၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်။ မတရားသောအမှုသည် အလွန်များ၍ အကျွန်ုပ်သည် မတတ်နိုင်ပါ။ သို့သော်လည်း အကျွန်ုပ်တို့ပြစ်မှားခြင်းအပြစ်များကို ကိုယ်တော်ဖြေရှင်းတော်မူမည်’ လို့ ဆာလံဆရာဒါဝိဒ် ရေးခဲ့တယ်။—ဆာ. ၆၅:၂၊ ၃။

၁၂ “သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကို တောင်းလျှင် ငါပြုမည်” လို့ တပည့်တွေကို ယေရှုပြောတယ်။ (ယော. ၁၄:၁၄) ယေဟောဝါရဲ့ အလိုတော်နဲ့အညီ ဘာမဆို တောင်းနိုင်တယ်ဆိုတဲ့သဘောဖြစ်တယ်။ “အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူကြောင်း ငါတို့ယုံကြည်စိတ်ချကြ၏” လို့ ယောဟန် အာမခံထားတယ်။ (၁ ယော. ၅:၁၄) ဆုတောင်းခြင်းဟာ စိတ်သက်သာရာရစေတဲ့ နည်းလမ်းလောက်သာမဟုတ်ဘဲ ယေဟောဝါရဲ့ “မဟာကရုဏာတော်ပလ္လင်” ဆီ ချဉ်းကပ်နိုင်တဲ့ နည်းလမ်းဖြစ်မှန်း လူတွေသိလာအောင် ကူညီပေးရတာ အခွင့်ထူးပဲ။ (ဟေဗြဲ ၄:၁၆) တောင်းသင့်တောင်းထိုက်ရာတွေကို ပုဂ္ဂိုလ်မှန်ဆီ နည်းမှန်လမ်းမှန် ဆုတောင်းတတ်အောင် သင်ကြားပေးတာက လူတွေကို ယေဟောဝါရဲ့ မိတ်ဆွေဖြစ်အောင်၊ ဒုက္ခရောက်ချိန်မှာ နှစ်သိမ့်မှုရအောင် ကူညီပေးတာဖြစ်တယ်။—ဆာ. ၄:၁; ၁၄၅:၁၈။

စနစ်သစ်မှာ ခံစားရမယ့် မဟာကရုဏာ

၁၃၊ ၁၄။ (က) အနာဂတ်မှာ ဘယ်အံ့ဖွယ်အခွင့်ထူးတွေကို ဘိသိက်ခံတွေ ရရှိကြမလဲ။ (ခ) လူသားတွေအတွက် ဘယ်အံ့ဖွယ်ရာတွေကို ဘိသိက်ခံတွေ လုပ်ဆောင်ပေးမလဲ။

၁၃ “နောင်ကာလ၊” တစ်နည်းအားဖြင့် လာမယ့်စနစ်သစ်မှာ မဟာကရုဏာကို အခုထက်ပိုပြီး ယေဟောဝါ ဖော်ပြပါလိမ့်မယ်။ ဘယ်နည်းတွေနဲ့လဲ။ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အုပ်စိုးမယ့် ၁၄၄,၀၀၀ ကို အံ့ဖွယ်အခွင့်ထူးတစ်ခု ဘုရားပေးလိမ့်မယ်။ အဲဒီအခွင့်ထူးအကြောင်း ပေါလု အခုလိုရှင်းပြတယ်– “သနားကြင်နာခြင်းနှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူသော မဟာမေတ္တာတော်ကြောင့် ဒုစရိုက်၌ သေလွန်သူများဖြစ်သော ငါတို့ကိုပင် ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ သင်တို့သည် မဟာကရုဏာတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ကြရ၏။ ဘုရားသခင်သည် ငါတို့ကို ထမြောက်စေ၍ ခရစ်တော်ယေရှု၏ တပည့်များဖြစ်သော ငါတို့ကို ကောင်းကင်အရပ်တွင် ကိုယ်တော်နှင့်အတူ နေရာပေးတော်မူ၏။ သို့ဖြင့် ကိုယ်တော်သည် ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိသော ငါတို့အပေါ်ထားသည့် သနားကြင်နာမှုအားဖြင့် ကိုယ်တော်၏ မဟာကရုဏာတော် သာလွန်များပြားမှုကို နောင်ကာလတွင် ထင်ရှားပြတော်မူလိမ့်မည်။”—ဧ. ၂:၄-၇။

၁၄ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ ဘိသိက်ခံခရစ်ယာန်တွေ အုပ်စိုးချိန်မှာ သူတို့ကိုပေးဖို့ ယေဟောဝါပြင်ဆင်ထားတဲ့ အံ့ဖွယ်ရာတွေအကြောင်း တွေးကြည့်ဖို့ ခက်တယ်။ (လု. ၂၂:၂၈-၃၀; ဖိ. ၃:၂၀၊ ၂၁; ၁ ယော. ၃:၂) ယေဟောဝါက အထူးသဖြင့် သူတို့ကို “မဟာကရုဏာတော် သာလွန်များပြား” စွာ ပြသပါလိမ့်မယ်။ ခရစ်တော်ရဲ့သတို့သမီးဖြစ်တဲ့ “ဂျေရုဆလင်မြို့သစ်” ကို သူတို့နဲ့ ဖွဲ့စည်းပါလိမ့်မယ်။ (ဗျာ. ၃:၁၂; ၁၇:၁၄; ၂၁:၂၊ ၉၊ ၁၀) “လူမျိုးတို့ကို ကုသ” ရာမှာ ယေရှုနဲ့အတူ သူတို့လုပ်ဆောင်ကြလိမ့်မယ်။ အပြစ်နဲ့ သေခြင်း ဝန်ထုပ်အောက်ကနေ လူသားတွေ လွတ်မြောက်ပြီး စုံလင်လာအောင် ကူညီပေးကြလိမ့်မယ်။—ဗျာဒိတ် ၂၂:၁၊ ၂၊ ၁၇ ကိုဖတ်ပါ။

၁၅၊ ၁၆။ အနာဂတ်မှာ “အခြားသိုး” ကို ယေဟောဝါ ဘယ်လိုနည်းနဲ့ မဟာကရုဏာပြမလဲ။

၁၅ “နောင်ကာလ” မှာ မဟာကရုဏာကို ဘုရားသခင် ထင်ရှားပြမယ်လို့ ဧဖက် ၂:၇ မှာပြောတယ်။ အဲဒီအချိန်မှာ မြေကြီးပေါ်ကလူတိုင်းဟာ “မဟာကရုဏာတော် သာလွန်များပြားမှုကို” ကျိန်းသေခံစားရပါလိမ့်မယ်။ (လု. ၁၈:၂၉၊ ၃၀) မြေကြီးပေါ်မှာ ယေဟောဝါ မဟာကရုဏာပြမယ့် အကြီးမားဆုံးနည်းတစ်ခုကတော့ လူသေတွေကို “သင်္ချိုင်း” ကနေ ထမြောက်စေခြင်းပဲ။ (ယောဘ ၁၄:၁၃-၁၅; ယော. ၅:၂၈၊ ၂၉) ဘယ်သူတွေ ထမြောက်လာမလဲ။ ခရစ်တော် မသေဆုံးခင် သေဆုံးသွားတဲ့ သစ္စာရှိအမျိုးသားအမျိုးသမီးတွေနဲ့ နောက်ဆုံးကာလအတွင်း ယေဟောဝါအပေါ် သစ္စာရှိရှိ သေဆုံးသွားတဲ့ “အခြားသိုး” တွေဖြစ်တယ်။ အဲဒီသစ္စာရှိသူအားလုံးဟာ ယေဟောဝါကို ဆက်ဝတ်ပြုဖို့ ထမြောက်လာကြပါလိမ့်မယ်။

၁၆ ဘုရားသခင်ကို မသိဘဲ သေဆုံးသွားတဲ့ လူသန်းပေါင်းများစွာလည်း ထမြောက်လာပါလိမ့်မယ်။ “သေလွန်သူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ ရပ်နေသည်ကိုလည်းကောင်း၊ စာလိပ်များဖွင့်ထားသည်ကိုလည်းကောင်း ငါမြင်၏။ အခြားစာလိပ်တစ်လိပ်ကိုလည်း ဖွင့်ထား၏။ ၎င်းမှာ အသက်စာလိပ်ဖြစ်၏။ သေလွန်သူတို့သည် စာလိပ်များတွင် ရေးထားချက်များနှင့်အညီ မိမိတို့အကျင့်များအတိုင်း တရားစီရင်ခြင်း ခံရ၏။ ပင်လယ်သည် မိမိ၌ရှိသောသေလွန်သူများကို ပေးအပ်၏။ သေခြင်းနှင့် သင်္ချိုင်းတို့လည်း မိမိတို့၌ရှိသော သေလွန်သူများကို ပေးအပ်ကြ၏။ ထိုသူတို့သည် မိမိတို့အကျင့်များအတိုင်း တစ်ဦးချင်း တရားစီရင်ခြင်း ခံရ၏” လို့ ယောဟန်ပြောတယ်။ (ဗျာ. ၂၀:၁၂၊ ၁၃) ထမြောက်လာသူတွေဟာ ယေဟောဝါအကြောင်း သင်ယူဖို့၊ ကိုယ်တော့်အုပ်ချုပ်မှုကို လက်ခံဖို့ အခွင့်အရေး ရရှိကြပါလိမ့်မယ်။ ကျမ်းစာမူတွေ၊ “စာလိပ်” တွေမှာပါတဲ့ ညွှန်ကြားချက်အသစ်တွေကို သင်ယူပြီး လိုက်နာရပါလိမ့်မယ်။ အဲဒီညွှန်ကြားချက်အသစ်တွေကို ဖော်ပြတာဟာ ယေဟောဝါ နောက်ထပ် မဟာကရုဏာပြတဲ့နည်းလမ်း ဖြစ်ပါလိမ့်မယ်။

သတင်းကောင်းကို ဆက်ဟောပြောပါ

၁၇။ သက်သေခံခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ ဘယ်အချက်ကို စိတ်စွဲမှတ်ထားသင့်သလဲ။

၁၇ အဆုံးနီးပြီဖြစ်လို့ နိုင်ငံတော်သတင်းကောင်း ဟောပြောဖို့ အရင်ကထက် ပိုအရေးကြီးနေတယ်။ (မာ. ၁၃:၁၀) ဟောပြောရတဲ့ရည်ရွယ်ချက်က ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းဖို့ပဲဆိုတာ စိတ်စွဲမှတ်ထားဖို့ လိုအပ်တယ်။ ဘယ်နည်းအားဖြင့်လဲ။ ကမ္ဘာသစ်မှာ ရရှိမယ့် ကောင်းချီးအားလုံးကို ယေဟောဝါရဲ့ အံ့ဖွယ်ကရုဏာကြောင့်သာ ရရှိနိုင်မှာဖြစ်မှန်း လူတွေကို ပြောပြခြင်းအားဖြင့်ဖြစ်တယ်။

လူငယ်တစ်ယောက်ကို ညီအစ်ကိုတစ်ယောက် နိုင်ငံတော်သတင်းကောင်း ဟောပြောနေ

“ဘုရားသခင်၏မဟာကရုဏာတော် ခံစားရသူ ဘဏ္ဍာစိုးကောင်းများ” အနေနဲ့ ဇွဲထက်သန်စွာ အမှုဆောင်ပါ။ —၁ ပေ. ၄:၁၀ (အပိုဒ် ၁၇-၁၉ ကိုကြည့်ပါ)

၁၈၊ ၁၉။ ယေဟောဝါရဲ့ မဟာကရုဏာကို ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ ချီးမွမ်းကြသလဲ။

၁၈ လူသားတွေဟာ ခရစ်တော်ရဲ့ နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ရွေးနုတ်ဖိုးရဲ့ အကျိုးကျေးဇူးအားလုံးကို ရရှိမှာဖြစ်ပြီး တဖြည်းဖြည်းစုံလင်လာမယ့်အကြောင်း လူတွေကို သက်သေခံတဲ့အခါ ရှင်းပြနိုင်တယ်။ “ဖန်ဆင်းခံအရာများသည် ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှု ဘုန်းအသရေကို ခံစားရလိမ့်မည်” လို့ ကျမ်းစာပြောတယ်။ (ရော. ၈:၂၁) ယေဟောဝါရဲ့ မဟာကရုဏာကြောင့်သာ အဲဒီလိုဖြစ်နိုင်ပါလိမ့်မယ်။

၁၉ ဗျာဒိတ် ၂၁:၄၊ ၅ မှာပါတဲ့ အံ့ဖွယ်ကတိအကြောင်း လူအားလုံးကို ပြောပြရတာ အခွင့်ထူးပဲ။ “[ဘုရားသခင်] သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ” လို့ အဲဒီကျမ်းချက်မှာ ပြောထားတယ်။ ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ယေဟောဝါက “ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ၏” လို့ပြောတယ်။ “ရေးထားလော့။ အကြောင်းမူကား ဤစကားတို့သည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏” လို့လည်း ပြောတယ်။ အဲဒီသတင်းကောင်းအကြောင်း တခြားသူတွေကို ဇွဲထက်သန်စွာဟောပြောတာက ယေဟောဝါရဲ့ မဟာကရုဏာကို ချီးမွမ်းရာရောက်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ