ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၆ စာ. ၁၅
  • ခရစ္စမတ်ဟာ ခရစ်ယာန်တွေရဲ့ ပွဲလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ္စမတ်ဟာ ခရစ်ယာန်တွေရဲ့ ပွဲလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခရစ္စမတ်သည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါသက်သေတွေ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခရစ္စမတ်—အရှေ့တိုင်း၌ပင် အဘယ်ကြောင့်ကျင်းပကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၆ စာ. ၁၅

စာရှုသူများအမေး . . .

ခရစ္စမတ်ဟာ ခရစ်ယာန်တွေရဲ့ ပွဲလား

ခရစ္စမတ်ဆိုတာ ယေရှုခရစ်ရဲ့ မွေးနေ့ပွဲလို့ ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာ ယူဆကြတယ်။ ဒါပေမဲ့ ယေရှုနဲ့အနီးကပ်နေခဲ့တဲ့ ပထမရာစု ခရစ်ယာန်တွေ ခရစ္စမတ်ပွဲ လုပ်သလား။ မွေးနေ့ပွဲနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောထားသလဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိမယ်ဆိုရင် ခရစ္စမတ်ဟာ ခရစ်ယာန်တွေရဲ့ပွဲ ဟုတ်မဟုတ် ပိုင်းဖြတ်နိုင်ပါလိမ့်မယ်။

ဦးဆုံးအနေနဲ့ ကျမ်းစာထဲမှာ ယေရှုရဲ့ မွေးနေ့ပွဲအကြောင်း၊ ဘုရားကို သစ္စာရှိရှိဝတ်ပြုသူတွေရဲ့ မွေးနေ့ပွဲအကြောင်း မပါဘူး။ မွေးနေ့ပွဲလုပ်ခဲ့သူ နှစ်ဦးအကြောင်းပဲ ပါတယ်။ နှစ်ဦးစလုံးဟာ ယေဟောဝါဘုရားကို ကိုးကွယ်သူတွေ မဟုတ်ဘူး။ သူတို့ရဲ့မွေးနေ့ပွဲမှာ ဝမ်းနည်းစရာတွေ ဖြစ်ပျက်ခဲ့တယ်။ (ကမ္ဘာဦး ၄၀:၂၀။ မာကု ၆:၂၁) အစောပိုင်းခရစ်ယာန်တွေဟာ “မွေးနေ့ပွဲကျင်းပတဲ့ အယူမှားထုံးစံ” ကို မလိုက်ကြဘူးလို့ ဗြိတဲန်နီကာစွယ်စုံကျမ်းက ဖော်ပြတယ်။

ယေရှု ဘယ်နေ့မှာ မွေးခဲ့သလဲ

ကျမ်းစာမှာ ယေရှုမွေးတဲ့အချိန် အတိအကျကို မဖော်ပြဘူး။ “ခရစ်တော်ရဲ့မွေးနေ့ကို ဓမ္မသစ်ကျမ်းမှာ ဒါမှမဟုတ် တခြားဘယ်နေရာမှာမှ မဖော်ပြထားဘူး” လို့ မက်ကလင်းတော့နဲ့ စထရောင်းတို့ရဲ့ စွယ်စုံကျမ်းက ဆိုတယ်။ ယေရှုသာ သူ့မွေးနေ့ ကျင်းပစေချင်တယ်ဆိုရင် သူမွေးတဲ့နေ့ကို နောက်လိုက်တွေ သိအောင် ပြောခဲ့မှာပဲ။

ဒုတိယအနေနဲ့ ယေရှု ဒါမှမဟုတ် တပည့်တစ်ဦး ခရစ္စမတ်ပွဲ လုပ်ခဲ့တယ်ဆိုတဲ့ ကျမ်းစာမှတ်တမ်း မရှိဘူး။ ကက်သလစ်စွယ်စုံကျမ်းသစ်အရ “ဖီလိုကားလူးစ်ရဲ့ ရောမပြက္ခဒိန်မှာ” ခရစ္စမတ်အကြောင်း ဦးဆုံးပါရှိတယ်။ “ခရစ္စမတ်ပွဲကို အေဒီ ၃၃၆ မှာ စတင်ကျင်းပတာ ဖြစ်နိုင်တယ်။” ကျမ်းစာရေးပြီးနောက်ပိုင်း၊ ယေရှု မြေကြီးပေါ် အသက်ရှင်ခဲ့ချိန်နောက်ပိုင်း ရာစုနှစ်ချီကြာမှသာ ခရစ္စမတ်ပွဲကျင်းပတာ ထင်ရှားတယ်။ “ခရစ္စမတ်ပွဲကျင်းပဖို့ ဘုရားသခင် မမိန့်မှာခဲ့သလို ဓမ္မသစ်ကျမ်းမှာလည်း မဖော်ပြထားဘူး” လို့ မက်ကလင်းတော့နဲ့ စထရောင်းတို့က ရေးတယ်။a

ဘယ်ပွဲကို ကျင်းပဖို့ တပည့်တွေကို ယေရှု ညွှန်ကြားခဲ့သလဲ

ကြီးမြတ်တဲ့ဆရာ ယေရှုက နောက်လိုက်တွေကို ဘာလုပ်စေချင်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ကြားခဲ့တယ်။ အဲဒါကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ဒါပေမဲ့ ခရစ္စမတ်အကြောင်း မပါဘူး။ ကျောင်းဆရာက ကျောင်းသားတွေကို ညွှန်ကြားတာထက် ကျော်ပြီး မလုပ်စေချင်ဘူး။ အဲဒီလိုပဲ ယေရှုလည်း နောက်လိုက်တွေကို ‘ကျမ်းစာမှာ ရေးထားတာထက်လွန်’ ပြီး မလုပ်စေချင်ဘူး။—၁ ကောရိန္သု ၄:၆။

အစောပိုင်းခရစ်ယာန်တွေ ကျင်းပလေ့ရှိတဲ့ အရေးကြီးပွဲတော်တစ်ခု ရှိတယ်။ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲပဲ။ ယေရှုဟာ ဒီပွဲတော်ကို ဘယ်အချိန်မှာ ကျင်းပရမယ်ဆိုတာ တပည့်တွေကို မိန့်မှာပြီး ဘယ်လိုကျင်းပရမယ်ဆိုတာ ကိုယ်တိုင်ပြခဲ့တယ်။ အဲဒီ တိကျတဲ့ ညွှန်ကြားချက်တွေအပြင် ယေရှုသေဆုံးတဲ့ နေ့ကိုလည်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။—လုကာ ၂၂:၁၉။ ၁ ကောရိန္သု ၁၁:၂၅။

ခရစ္စမတ်ဆိုတာ မွေးနေ့ပွဲကျင်းပတာဖြစ်ပြီး အဲဒီအယူမှားထုံးစံကို အစောပိုင်းခရစ်ယာန်တွေ မလိုက်ကြမှန်း သိခဲ့ရပြီ။ ဒါ့အပြင် ယေရှု ဒါမှမဟုတ် တစ်ယောက်ယောက် ခရစ္စမတ်ပွဲလုပ်ခဲ့တဲ့အကြောင်း ကျမ်းစာမှာ မပါဘူး။ ဒီအချက်တွေကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ခရစ်ယာန်သန်းပေါင်းများစွာက ခရစ္စမတ်ဟာ ခရစ်ယာန်တွေရဲ့ ပွဲမဟုတ်ဘူးလို့ သတ်မှတ်ကြတယ်။

a ခရစ္စမတ်ထုံးစံအများစုရဲ့ ဇာစ်မြစ်အကြောင်း ပိုသိချင်ရင် ၂၀၁၄၊ ဒီဇင်ဘာ ၁၊ ကင်းမျှော်စင် မှာပါတဲ့ “စာရှုသူများအမေး . . . ခရစ္စမတ်နဲ့ပတ်သက်တဲ့ အမှန်တရားတွေက ဘာလဲ” ဆောင်းပါးကို ကြည့်ပါ။ www.pr2711.com/mya မှာလည်း ကြည့်နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ