ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဒီဇင်ဘာ စာ. ၁၃
  • သင် မှတ်မိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှတ်မိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင် မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • သင် မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ယေဟောဝါဆီမှာ ခိုလှုံပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • လူ့အသက်ကို ယေဟောဝါ တန်ဖိုးထား
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဒီဇင်ဘာ စာ. ၁၃

သင် မှတ်မိသလား

မကြာသေးမီက ထုတ်ဝေတဲ့ ကင်းမျှော်စင်စာစောင်တွေကို သေသေချာချာ ဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို သင်ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

သားသမီးတွေရဲ့ ဘုရားရေးရာကို ကူညီပေးရာမှာ ဘာသာစကားကိစ္စကို ပြောင်းရွှေ့လာတဲ့မိဘတွေ ဘာကြောင့် ထည့်စဉ်းစားသင့်သလဲ။

သားသမီးတွေဟာ ကျောင်းနဲ့ ပတ်ဝန်းကျင်ကနေ ဒေသခံဘာသာစကား သင်ယူနိုင်တယ်။ ဘာသာစကား တစ်မျိုးထက်မက တတ်ကျွမ်းတာက အကျိုးရှိနိုင်တယ်။ သားသမီးတွေ အမှန်တရားကို အကောင်းဆုံး နားလည်ဖို့၊ ဘုရားရေးရာမှာ တိုးတက်ဖို့အတွက် ဒေသခံစကားပြောအသင်းတော်နဲ့ ပူးပေါင်းမလား၊ ကိုယ့်နဂိုဘာသာစကား ပြောတဲ့ အသင်းတော်နဲ့ ပူးပေါင်းမလားဆိုတာ မိဘတွေ စဉ်းစားသုံးသပ်သင့်တယ်။ ကိုယ့်အကြိုက်ထက် သားသမီးတွေရဲ့ ဘုရားရေးရာကောင်းကျိုးကို ခရစ်ယာန်မိဘတွေ အဓိကထားကြတယ်။—w17.05, စာ. ၉-၁၁။

“ဒီဟာတွေထက် ကျွန်တော့်ကို ပိုချစ်သလား” လို့ ပေတရုကို ယေရှု မေးတဲ့အခါ “ဒီဟာတွေ” က ဘာကို ရည်ညွှန်းသလဲ။ (ယောဟန် ၂၁:၁၅)

အနားမှာရှိနေတဲ့ငါး ဒါမှမဟုတ် ငါးဖမ်းလုပ်ငန်းကို ယေရှု ရည်ညွှန်းပုံရတယ်။ ယေရှု သေဆုံးပြီးတဲ့နောက် ပေတရုဟာ နဂိုလုပ်ခဲ့တဲ့ ငါးဖမ်းလုပ်ငန်းကို ပြန်လုပ်ကိုင်ခဲ့တယ်။ လောကအလုပ်ကို ဘယ်လို သဘောထားကြောင်း ခရစ်ယာန်တွေ စဉ်းစားချင့်ချိန်သင့်တယ်။—w17.05, စာ. ၂၂-၂၃။

အာဗြဟံက သူ့မိန်းမကို ညီမလို့ ဘာကြောင့် ပြောခိုင်းတာလဲ။ (က. ၁၂:၁၀-၁၃)

တကယ်တော့ စာရာဟာ အာဗြဟံရဲ့ ဖတူမိကွဲ ညီမ ဖြစ်တယ်။ အကယ်၍ စာရာက အာဗြဟံရဲ့ မိန်းမလို့ ပြောလိုက်ရင် အာဗြဟံ အသတ်ခံရနိုင်တယ်၊ ဘုရားကတိပြုထားတဲ့ မျိုးနွယ် မပေါ်ထွန်းနိုင်တော့ဘူး။ —wp17.3, စာ. ၁၄-၁၅။

ကမ္ဘာသစ်ဘာသာပြန်ကျမ်းရဲ့ ထူးခြားချက်တချို့က ဘာတွေလဲ။

ရှင်းလင်းပြီး ဖတ်ရလွယ်တယ်။ အခန်းငယ်တွေကို စုပြီး အပိုဒ်တွေအဖြစ် ဖွဲ့စည်းထားတယ်။ ကျမ်းညွှန်း၊ မာတိကာ၊ ဝေါဟာရစာရင်းတို့ ပါတယ်။ အခြေခံကျမ်းစာ အယူဝါဒတွေနဲ့သက်ဆိုင်တဲ့ ဆောင်းပါးတိုလေးတွေကို နောက်ဆက်တွဲအဖြစ် ဖော်ပြထားတယ်။ ကျမ်းစာမှာပါတဲ့ နေရာဒေသတွေအကြောင်း နားလည်ဖို့ ကူညီပေးတဲ့ မြေပုံတွေ ပါတယ်။—wp17.4, စာ. ၁၁-၁၄

လူတွေရဲ့ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သေနတ်ကိုင်ဆောင်ခြင်းနဲ့ပတ်သက်တဲ့ ခရစ်ယာန်တစ်ယောက်ရဲ့ အမြင်ကို ဘယ်အချက်တွေက အကျိုးသက်ရောက်သင့်သလဲ။

အချက်တချို့ကတော့– ဘုရားသခင့်အမြင်မှာ အသက်ဟာ မြင့်မြတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဓားကိုင်ဆောင်ပါလို့ တပည့်တွေကို ယေရှု မတိုက်တွန်းခဲ့ဘူး။ (လု. ၂၂:၃၆၊ ၃၈) ဓားကို ထယ်သွားဖြစ်အောင် ထုလုပ်ရမယ်။ ပစ္စည်းဥစ္စာထက် အသက်က ပိုတန်ဖိုးရှိတယ်။ တခြားသူတွေရဲ့ သိစိတ်ကို ကျွန်တော်တို့ လေးစားတယ်။ ပုံသက်ကောင်း ပြချင်ကြတယ်။ (၂ ကော. ၄:၂) —w17.07, စာ. ၃၁-၃၂။

ယေရှုရဲ့ အစောပိုင်း အသက်တာအကြောင်း မဿဲနဲ့ လုကာမှတ်တမ်း ဘာကြောင့် ကွဲပြားနေသလဲ။

မာရိ ကိုယ်ဝန်ဆောင်တာ၊ အီဂျစ်ပြည်ကို ထွက်ပြေးဖို့၊ ပြန်လာဖို့ ဘုရားဆီက သတင်းရတာ စတဲ့အကြောင်းအရာတွေအပေါ် ယောသပ် တုံ့ပြန်ပုံအကြောင်း မဿဲက အလေးပေး ဖော်ပြတယ်။ လုကာကတော့ မာရိအကြောင်း အလေးပေး ဖော်ပြတယ်။ ဥပမာ၊ ဧလိရှဗက်ဆီ လည်ပတ်တာ၊ ဗိမာန်တော်မှာ သူငယ်ယေရှု ကျန်ခဲ့ချိန်မှာ တုံ့ပြန်တာတွေ ဖြစ်တယ်။ —w17.08, စာ. ၃၂။

ဘယ်အခြေအနေတချို့အောက်မှာ ကျမ်းစာ ဆက်တည်တံ့ခဲ့သလဲ။

နှစ်တွေတစ်လျှောက် ကျမ်းစာ စကားလုံး၊ အသုံးအနှုန်းတွေရဲ့ အဓိပ္ပာယ် ပြောင်းလဲသွားတယ်။ နိုင်ငံရေး အပြောင်းအလဲတွေက ဘာသာစကားအပေါ် အကျိုးသက်ရောက်ခဲ့တယ်။ အများသုံးဘာသာစကားနဲ့ သာသာပြန်ဆိုရာမှာ ဆန့်ကျင်မှု ကြုံတွေ့ခဲ့ရတယ်။—w17.09, စာ. ၁၉-၂၁။

ကိုယ်စောင့်နတ်ဆိုတာ ရှိသလား

မရှိပါဘူး။ တပည့်တွေရဲ့ ကောင်းကင်တမန်တွေက ဘုရားရဲ့ ရှေ့မှောက်မှာ ခစားနေကြတယ်လို့ ယေရှု ပြောခဲ့တယ်။ (မ. ၁၈:၁၀) မိမိတပည့်တွေကို ကောင်းကင်တမန်တွေ စိတ်ဝင်စားတယ်လို့ ဆိုလိုနေတာပါ။ သူတို့တစ်ဦးစီကို အံ့ဖွယ်နည်းနဲ့ ကာကွယ်နေတယ်လို့ ပြောတာ မဟုတ်ဘူး။ —wp17.5, စာ. ၅။

ဘယ်မေတ္တာမျိုးက အမြင့်မြတ်ဆုံးလဲ။

မှန်ကန်တဲ့ မူတွေအပေါ် အခြေခံတဲ့ အဂါးပေး မေတ္တာဟာ အမြင့်မြတ်ဆုံးပဲ။ ချစ်ခင်မှု၊ နွေးထွေးမှု ပါတယ်။ တခြားသူတွေအပေါ် ပြသတဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့ လုပ်ရပ်တွေနဲ့ ဖော်ပြတယ်။—w17.10, စာ.၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ