ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဇွန် စာ. ၃၂
  • သင် မှတ်မိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှတ်မိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစ္စရေးနိုင်ငံ ခိုလှုံရာမြို့တွေရဲ့ တည်နေရာ၊ လမ်းတွေနဲ့ပတ်သက်ပြီး ဘယ်အချက်ကို စိတ်စွဲမှတ်သလဲ။
  • ယေရှုရဲ့ရွေးဖိုးက ရခဲ့ဖူးသမျှ ဘုရားပေး လက်ဆောင်တွေထဲမှာ ဘာကြောင့် အကောင်းဆုံးဖြစ်သလဲ။
  • ဆာလံ ၁၁၈:၂၂ က ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဘယ်လို ဖော်ပြသလဲ။
  • မေရှိယ ဆင်းသက်မယ့်မျိုးရိုးဟာ သားဦးအခွင့်အရာနဲ့ သက်ဆိုင်သလား။
  • ကျမ်းစာမှာ ကျန်းမာရေးဆိုင်ရာ ဘယ်လမ်းညွှန်ချက်တွေ ပါသလဲ။
  • ကိုယ့်ကိုယ်ကိုယ် အတော်အတန် ချစ်တာဟာ ခရစ်ယာန်တစ်ယောက်အတွက် ဘာကြောင့် သင့်လျော်သလဲ။
  • ဘုရားရေးရာမှာ တိုးတက်စေနိုင်တဲ့ အချက်တချို့ကို ဖော်ပြပါ။
  • နက္ခတ်ဗေဒင်နဲ့ ရှေ့ဖြစ်ဟောခြင်းက အနာဂတ်ကို သိနိုင်တဲ့နည်း ဘာကြောင့် မဟုတ်သလဲ။
  • ထမင်းစားဖိတ်တာကို လက်ခံတာနဲ့ပတ်သက်ပြီး ဘယ်လို ရှုမြင်သင့်သလဲ။
  • ခန့်အပ်ခံအမျိုးသားတွေဟာ တိမောသေဆီကနေ ဘာသင်ယူနိုင်သလဲ။
  • သင် မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • သင် မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • သင် မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • လူငယ်တွေ တိုးတက်အောင်မြင်လာအောင် ကူညီပေးပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဇွန် စာ. ၃၂

သင် မှတ်မိသလား

မကြာသေးမီက ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင် တွေကို သင် သေသေချာချာ ဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

သီချင်းဆိုတဲ့အခါ တိုးတက်နိုင်တဲ့ နည်းလေးနည်းက ဘာတွေလဲ။

သီချင်းစာအုပ်ကို မြင့်မြင့်ကိုင်ပါ။ မတ်မတ်ရပ်ပါ။ အသက်ဝဝရှူပါ။ ပါးစပ် ကျယ်ကျယ်ဖွင့်ပြီး သီဆိုပါ။—က၁၇.၁၁၊ စာ. ၅။

အစ္စရေးနိုင်ငံ ခိုလှုံရာမြို့တွေရဲ့ တည်နေရာ၊ လမ်းတွေနဲ့ပတ်သက်ပြီး ဘယ်အချက်ကို စိတ်စွဲမှတ်သလဲ။

နိုင်ငံတစ်ဝန်းမှာ ခိုလှုံရာမြို့ ခြောက်မြို့ရှိတယ်။ လမ်းတွေ သွားလာရ လွယ်ကူတဲ့အတွက် လျင်မြန်၊ လွယ်ကူစွာ ခိုလှုံစေနိုင်တယ်။—က၁၇.၁၁၊ စာ. ၁၄။

ယေရှုရဲ့ရွေးဖိုးက ရခဲ့ဖူးသမျှ ဘုရားပေး လက်ဆောင်တွေထဲမှာ ဘာကြောင့် အကောင်းဆုံးဖြစ်သလဲ။

အမြဲ အသက်ရှင်ချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတယ်။ အပြစ်နဲ့ သေခြင်းအောက်က လွတ်မြောက်စေတယ်။ ဘုရားသခင်က အာဒံရဲ့သားမြေးတွေကို မေတ္တာရှိတဲ့အတွက် “အပြစ်ရှိသူတွေ ဖြစ်နေ” ချိန်မှာတောင် ယေရှုကို ပေးခဲ့တယ်။—ကလ၁၇.၆၊ စာ. ၆-၇။

ဆာလံ ၁၁၈:၂၂ က ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဘယ်လို ဖော်ပြသလဲ။

ယေရှု ငြင်းပယ်ခံရ၊ အသတ်ခံရမယ်။ “ထောင့်ချုပ်ကျောက်” ဖြစ်လာနိုင်ဖို့ အသက်ပြန်ရှင်လာရမယ်။—က၁၇.၁၂၊ စာ. ၉-၁၀။

မေရှိယ ဆင်းသက်မယ့်မျိုးရိုးဟာ သားဦးအခွင့်အရာနဲ့ သက်ဆိုင်သလား။

မေရှိယ ဆင်းသက်မယ့် မျိုးရိုးဟာ အမြဲတော့ သားဦး ဖြစ်စရာ မလိုဘူး။ ဒါဝိဒ်ဟာ ယေရှဲရဲ့ သားဦး မဟုတ်ပေမဲ့ ဒါဝိဒ်ကနေ မေရှိယ ဆင်းသက်လာတယ်။—က၁၇.၁၂၊ စာ. ၁၄-၁၅။

ကျမ်းစာမှာ ကျန်းမာရေးဆိုင်ရာ ဘယ်လမ်းညွှန်ချက်တွေ ပါသလဲ။

မောရှေပညတ်အရ ရောဂါသည်တချို့ကို သီးသန့်ထားရမယ်။ လူသေကို ထိတွေ့ကိုင်တွယ်ပြီးနောက် လက်ဆေးရမယ်။ မစင်ကို စည်းကမ်းတကျ စွန့်ရမယ်။ မွေးပြီး ရှစ်ရက်မြောက်နေ့မှာ အရေဖျားဖြတ်ရမယ်။ အဲဒီနေ့မှာ သွေးခဲနှုန်း ပုံမှန်အခြေအနေ ရောက်လို့ပဲ။—ကလ၁၈.၁၊ စာ. ၇။

ကိုယ့်ကိုယ်ကိုယ် အတော်အတန် ချစ်တာဟာ ခရစ်ယာန်တစ်ယောက်အတွက် ဘာကြောင့် သင့်လျော်သလဲ။

လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ရမယ်။ (မာ. ၁၂:၃၁) ခင်ပွန်းဟာ “ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။” (ဧ. ၅:၂၈) ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တာ လွဲမှားသွားနိုင်တယ်။—က၁၈.၁၊ စာ. ၂၃။

ဘုရားရေးရာမှာ တိုးတက်စေနိုင်တဲ့ အချက်တချို့ကို ဖော်ပြပါ။

ကျမ်းစာကို လေ့လာ၊ ဆင်ခြင်ပြီး လက်တွေ့ကျင့်သုံးဖို့ လိုတယ်။ သန့်ရှင်းသော စွမ်းအားတော်ရဲ့ လွှမ်းမိုးမှု ခံရဖို့ စိတ်နှလုံးကို ဖွင့်ထားရမယ်။ တခြားသူတွေ ကူညီပေးတာကို ကျေးဇူးတင်စွာ လက်ခံရမယ်။—က၁၈.၂၊ စာ. ၂၆။

နက္ခတ်ဗေဒင်နဲ့ ရှေ့ဖြစ်ဟောခြင်းက အနာဂတ်ကို သိနိုင်တဲ့နည်း ဘာကြောင့် မဟုတ်သလဲ။

အကြောင်းရင်း များစွာ ရှိပေမဲ့ အဓိက အကြောင်းရင်းကတော့ နှစ်ခုစလုံးကို ကျမ်းစာမှာ အပြစ်တင်ထားလို့ပဲ။ —ကလ၁၈.၂၊ စာ. ၄-၅။

ထမင်းစားဖိတ်တာကို လက်ခံတာနဲ့ပတ်သက်ပြီး ဘယ်လို ရှုမြင်သင့်သလဲ။

ဖိတ်ခေါ်တာကို လက်ခံပြီးပြီဆိုရင် ကတိတည်သင့်တယ်။ (ဆာ. ၁၅:၄) ဘာမဟုတ်တာလေးနဲ့ မဖျက်သင့်ဘူး။ အိမ်ရှင်တွေဟာ အပင်ပန်းခံ ပြင်ဆင်ထားလေ့ရှိတယ်။—က၁၈.၃၊ စာ. ၁၈။

ခန့်အပ်ခံအမျိုးသားတွေဟာ တိမောသေဆီကနေ ဘာသင်ယူနိုင်သလဲ။

တိမောသေဟာ လူတွေကို အမှန်တကယ် ဂရုစိုက်တယ်။ ဟောပြောခြင်းလုပ်ငန်းကို ဦးစားထားတယ်။ မြင့်မြတ်တဲ့ အမှုတော်မှာ ကြိုးစားတယ်။ သိလာတာတွေကို လက်တွေ့ကျင့်သုံးတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲ လေ့ကျင့်ပေးတယ်။ ယေဟောဝါရဲ့ စွမ်းအားတော်ကို အားကိုးတယ်။ အကြီးအကဲတွေရော တခြားသူတွေပါ သူ့ကို အတုယူနိုင်ပါတယ်။—က၁၈.၄၊ စာ. ၁၃-၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ