ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၉၀ စာ. ၁-၃
  • ကျမ်းစာစာပေများ ဝေငှရန် နိုးကြားနေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာစာပေများ ဝေငှရန် နိုးကြားနေ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်အိမ်မှ တစ်အိမ်
  • အလွတ်သဘော သက်သေခံခြင်း
  • သတင်းကောင်း ဝေငှခြင်း—ကျမ်းစာသင်အံမှုများအားဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ဘာသာစကားစုံသောရပ်ကွက်တွင် စာပေများဝေငှခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုစာပေများကို ပညာရှိရှိအသုံးပြုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • စာပေများကို တန်ဖိုးထားကြောင်း တင်ပြခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၂/၉၀ စာ. ၁-၃

ကျမ်းစာစာပေများ ဝေငှရန် နိုးကြားနေ

၁ ကိုယ်တော်၏အဖွဲ့အစည်းမှတစ်ဆင့် ကျမ်းစာစာပေများကို ယေဟောဝါမှန်မှန်ပြင်ဆင်ပေးသဖြင့် ကျွန်ုပ်တို့များစွာကျေးဇူးတင်နိုင်ပါသည်။ ဤဝိညာဏအစာကို ကျွန်ုပ်တို့အလွန်တန်ဘိုးထားကြ၏။ စာပေအသစ်တစ်မျိုးရသည်နှင့် ၄င်းကို အားရဝမ်းသာစွာ လှန်လှောဖွင့်ဖတ်ကြည့်တတ်ကြသည်။ ယင်းနောက် အသေအချာလေ့လာဖတ်ရှုသည့်အခါ အသိဉာဏ်ပညာတိုးများလာသည်။ ယေဟောဝါရှင်နှင့် ကိုယ်တော်၏ရည်ရွယ်ချက်များကို တန်ဘိုးထားစိတ် တိုးပွားလာပေသည်။

၂ ကိုယ်တိုင်သိနားလည်လာသော အကျိုးကျေးဇူးများကို သူတစ်ပါးအားသိလာစေရန် မပြောမနေနိုင်တော့ချေ။ (မဿဲ ၂၄:၁၄) အသင်းမစာပေများကို လူများများလက်ထဲ ရောက်စေလိုကြသည်။ သို့ဖြင့် ၄င်းကျမ်းစာသြဝါဒစာပေများပါ သမ္မာတရားကို သူတို့လည်းသိနားလည်လာပေမည်။ ဤလထုတ်ဝေရမည့်စာပေကို ထုတ်ဝေရန် အသင့်ရှိမည်၊ နိုးကြားမည်ဆိုလျှင် အခြားစိတ်ရိုးမှန်သူများလည်း ယေဟောဝါထံချဉ်းကပ်၍ ကိုယ်တော်အမှုတော်ကို ကျွန်ုပ်တို့နှင့်အတူ ထမ်းဆောင်ရန် ကူညီပေးနိုင်ပေမည်။

တစ်အိမ်မှ တစ်အိမ်

၃ ဖေဖေါ်ဝါရီနှင့်မတ်လအတွင်း ၁၉၂ မျက်နှာရှိ စာအုပ်များကို ၅ ကျပ်ဖြင့် ဝေငှကြမည်။ စာအုပ်များမရှိလျှင် ကင်းမျှော်စင် နှင့် Awake! မဂ္ဂဇင်းများကို အစုံလိုက် ဝေငှကြပါ။

၄ တစ်ခါတစ်ရံ ကျွန်ုပ်တို့လည်ပတ်ချိန်တွင် အိမ်ရှင်များ တကယ်အလုပ်များနေကြသည်။ ဤအခြေအနေမျိုးနှင့်ကြုံရသည့်အခါ Reasoning စာအုပ် စာမျက်နှာ ၂၀ ပါဒုတိယအကြံပြုချက်အတိုင်း စာအုပ်ကိုဝေငှလိုပေမည်။ သို့မဟုတ်လျှင်လည်း ၄င်းစာမျက်နှာပါ တတိယပုံစံအတိုင်း ကိုယ်ပိုင်စကားဖြင့် ဤသို့ပြောဆိုလိုပေမည်။ “အခုစကားပြောဆိုဖို့အချိန်မရှိဘူးဆိုတော့ ဒီမဂ္ဂဇင်းနှစ်စောင်ကို ၅ ကျပ်နဲ့ယူထားစေချင်တယ်။ အချိန်ရတဲ့အခါ ဖတ်ကြည့်ပါ။ အသစ်ဖြစ်စေမဲ့ ဘုရားကတိတော်အကြောင်း သိရလို့ အားရဝမ်းသာလိမ့်မယ်။” ဤသို့ပြောဆိုခြင်းဖြင့် အိမ်ရှင်၏အခြေအနေကို စာနာမှုရှိကြောင်းတင်ပြသည်။ တစ်ချိန်တည်းတွင် စာပေများကိုလည်း ဝေငှလိုက်နိုင်မည်။

၅ ကျွန်ုပ်တို့ဝေငှနေသော စာပေကို အိမ်ရှင်ရထားပြီးလျှင်ကော။ ၁ ကောရိန္သု ၃:၆-၉ ပါကျမ်းစာမူကို ကျင့်သုံးလိုက်ပါ။ မျိုးစေ့ကြဲထားနှင့်ပြီ။ ယင်းကိုရေလောင်းပေးနိုင်ရန် အခွင့်အရေးယူကာ ထိုသူအားဆက်သက်သေခံပါ။ သို့မဟုတ် ဤသို့ပြောဆိုနိုင်သည်။ “ဒီစာအုပ်ရထားနှင့်တဲ့အတွက် ဝမ်းသာတယ်။ ဖတ်ပြီးလို့ ခွန်အားရခဲ့မှာဘဲ။ အခွင့်ပေးမယ်ဆိုရင် ဒီစာအုပ်ကနေ အကျိုးပိုခံစားရအောင် ဘာလုပ်နိုင်တယ်ဆိုတာကို ပြချင်တယ်။ မိနစ်အနည်းငယ်ဘဲကြာမှာပါ။” ယင်းနောက် ကျမ်းစာကို ထိုစာအုပ်အကူအညီဖြင့် မည်သို့လေ့လာကြောင်းတင်ပြပါ။ အိမ်ရှင်၌ စာအုပ်ရှိထားနှင့်သည့်အတွက် အိမ်တိုင်းသို့သွားရသည့် ကျွန်ုပ်တို့၏ရည်ရွယ်ချက် မပြောင်းလဲပါ။ ကျွန်ုပ်တို့၏အဓိကပန်းတိုင်မှာ “တပည့်ဖြစ်စေရန်” ဖြစ်သည်ကို သတိရပါ။​—မဿဲ ၂၈:၁၉။

အလွတ်သဘော သက်သေခံခြင်း

၆ အလွတ်သဘောသက်သေခံသည့်အခါ စာပေများကိုဝေငှရန် အခွင့်အရေးကောင်းများကို တွေ့မြင်နေရမည်။ ဧည့်သည်များ၊ ဆွေမျိုးများ၊ အလုပ်လုပ်ဘက်များ၊ ကျောင်းနေဘက်များ၊ ဈေးသွားစဉ်ကြုံကြိုက်သောသူများ၊ လယ်ကွင်းလုပ်ငန်းဆောင်ရွက်နေစဉ် တွေ့ရှိရသူများအား သက်သေခံနိုင်မည့်နည်းလမ်းများကို ကြိုစဉ်းစားထားပါ။ ဖြစ်နိုင်တိုင်း စာပေဝေငှရန် အသင့်ရှိနေဖို့ စာပေများကို အသင့်ဆောင်ထားပါ။ အများအားဖြင့်ဆိုလျှင် စာအုပ်ငယ်တစ်စောင်နှစ်စောင်ကို ဆောင်ထားရန် မခဲယဉ်းပါ။ အလွတ်သဘော သက်သေခံခြင်းအားဖြင့် အကျိုးများစွာပြုနိုင်ပါသည်။​—၁ ပေ၊ ၃:၁၅။

၇ ကျွန်ုပ်တို့ ဝိညာဉ်ရေးအရ သန်မာပြီး သတင်းကောင်းဟောနိုင်ရန် အကူအညီအဖြစ် ယေဟောဝါအဖွဲ့အစည်းက စာပေများစွာ ထုတ်ဝေထားပြီးဖြစ်သည်။ ကျမ်းစာစာပေများ ဝေငှရန် နိုးနိုးကြားကြားရှိခြင်းအားဖြင့် ယေဟောဝါနာမတော်ဘုန်းကို ထင်ရှားစေပါလိမ့်မည်။​—ဆာ၊ ၃၄:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ