ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၉၀ စာ. ၆
  • ထိရောက်သော နိဒါန်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထိရောက်သော နိဒါန်းများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူတို့ကြည့်မြင်ပုံကို သုံးသပ်ကြည့်ပါ
  • Reasoning စာအုပ်မှ နိဒါန်းများကို အသုံးပြုခြင်း
  • ကျိုးကြောင်းဆင်ခြင်စာအုပ်ကို သင်အသုံးပြုနေပါသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • မကြာခဏ အမှုဆောင်သည့်ရပ်ကွက်တွင် လုပ်ဆောင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • စိတ်ဝင်စားမှုနှိုးဆွပေးသည့် နိဒါန်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ထိရောက်တဲ့နိဒါန်းတွေ ပြင်ဆင်နိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၂/၉၀ စာ. ၆

ထိရောက်သော နိဒါန်းများ

၁ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ပါဝင်သောအခါ “ဦးဆုံး ဘာပြောရမလဲ” ဟူသောမေးခွန်းကို အမြဲစဉ်းစားရမည်။ လယ်ကွင်းလုပ်ငန်းတွင် အကျိုးထိရောက်ခဲ့သော အတွေ့အကြုံရင့်ကျက်သူများက အကူအညီဖြစ်စေသည့် အကြံပြုချက်များစွာ ပေးပါသည်။ ၄င်းတို့အနက် အချို့က အဘယ်နည်း။

၂ ဦးဆုံးအနေနှင့် မိမိတွေ့ဆုံစကားပြောသူများကို စိတ်ဝင်စားမှုပြရန် အရေးကြီးသည်။ စကားအားဖြင့်လည်းကောင်း၊ အပြုအမူအားဖြင့်လည်းကောင်း စိတ်ဝင်စားကြောင်းတင်ပြနိုင်သည်။ အိမ်ရှင်၏ သဘောကိုထည့်စဉ်းစားရန်လည်း အရေးကြီးသည်။ သင့်တော်သောမေးခွန်းများမေးပြီး သူ့အဖြေကို ဂရုစိုက်နားထောင်ပါ။ ကျွန်ုပ်တို့ဆွေးနွေးနေသည့်အကြောင်းကို သူသုံးသပ်ခြင်းဖြင့် သူကိုယ်တိုင် မည်သို့အကျိုးခံစားရမည်အကြောင်း အိမ်ရှင်သဘောပေါက်စေရန် ကြိုးစားကူညီပေးပါ။

သူတို့ကြည့်မြင်ပုံကို သုံးသပ်ကြည့်ပါ

၃ ရှုခါအနီးရှိ ရေတွင်းတွင် ရှမာရိအမျိုးသမီးတစ်ဦးအား ယေရှုသက်သေခံခဲ့စဉ်က ကိုယ်တော့်စကားအသုံးအနှူန်းအချို့သည် သူ့အတွက် အဆန်းဖြစ်ခဲ့သည်။ သူ့သဘော၊ သူဝတ်ပြုသည့်နည်းအတိုင်း မဟုတ်ခဲ့ပါ။ ယေရှုအသေချာဂရုစိုက်နားထောင်ပြီး ဖြေဆိုသည့်အခါ သူမစကားကိုထည့်စဉ်းစားပေးသည်။ သူမကို ကိုယ်တော်ကူညီပေးလိုသည်။ (ယောဟန် ၄:၁၃၊ ၁၄၊ ၁၉-၂၆) သက်သေခံခြင်းလုပ်ငန်း၌ ပါဝင်စဉ် ဤကိစ္စတွင် ယေရှု၏ပုံသက်သေကို ကျွန်ုပ်တို့ကြိုးစားကျင့်သုံးပါသလော။

၄ “ကိုယ်ပိုင်ဘာသာရှိပါတယ်” ဟု သင့်နိဒါန်းကို ဖြေသူတစ်ဦးနှင့် ရပ်ကွက်တွင်ကြုံကြိုက်လျှင် မည်သို့ပြုလုပ်နိုင်မည်နည်း။ ကျမ်းစာရေးသူတစ်ဦး ဤသို့ဆိုသည်။ “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ ”(သု၊ ၁၅:၂၈) ဤသို့ သင်ပြုလုပ်သလော။ ဤကျမ်းချက်၏မူကို ထည့်စဉ်းစားကါ Reasoning စာအုပ် စာမျက်နှာ ၁၈-၁၉ ပါ အကြောင်းများကို သုံးသပ်ကြည့်ဖူးပြီလော။ သင့်နိဒါန်းများကို ပိုမိုထိရောက်စွာပြောဆိုတတ်ရန် လယ်ကွင်းလုပ်ငန်း၌ ထိရောက်သောကြေညာသူများနှင့် တွဲအမှုဆောင်နိုင်ပါသည်။

၅ မိမိကိုယ်ပိုင်ဘာသာရှိပါသည်ဟု ကန့်ကွက်ပြောဆိုသူများစွာနှင့် ကြုံရသည့်ရပ်ကွက်များတွင် သူတို့မပြောမီ ကိုယ်တိုင်သူတို့အရင် ယင်းအကြောင်းကို စပြောနိုင်သည်။ ဥပမာ၊ နှူတ်ခွန်းဆက်စကားများပြောဆိုပြီးနောက် သင်ပြောနိုင်သည်ကား “သင့်ကိုယ်ပိုင်ဘာသာရှိပါသလော။ [အဖြေကိုနားထောင်ပါ။] ဒီနယ်မှာ အများကိုယ်ပိုင်ဘာသာရှိထားလို့ သင့်မှာလည်းရှိမယ်ထင်မိတယ်။ ဒါပေမဲ့ ဒီမနက် ကျွန်တော်ရောက်လာရတဲ့ အကြောင်းကတော့ . . . ”။ ၄င်းနောက် တင်ပြပြောဆိုလိုသည့် အကြောင်းကို ဆက်ပြောဟောသွားပါ။

၆ အိမ်ရှင်များစွာက “မအားဘူး” ဟုပြောဆိုလျှင် Reasoning စာအုပ် စာမျက်နှာ ၁၉-၂၀ ရှိ အကြံပြုချက်တစ်ခုနှစ်ခုကို သင့်ရပ်ကွက်တွင် လိုအပ်သလို အသုံးပြုနိုင်ပါသည်။ ကြားနေကြရှိသော ဆင်ခြေများကို ကြိုသိထားပြီး ဤအကြံပြုချက်များကို ပြောင်းလဲအသုံးပြုနိုင်ပါသည်။

Reasoning စာအုပ်မှ နိဒါန်းများကို အသုံးပြုခြင်း

၇ Reasoning စာအုပ် စာမျက်နှာ ၉-၁၅ ပါ နိဒါန်းများကိုအသုံးပြုကြ၍ များစွာအောင်မြင်နေကြပြီ။ လက်ရှိအဖြစ်အပျက်များ၊ ကိုယ်ပိုင်လုံခြုံမှု၊ အလုပ်အကိုင်၊ အိုးအိမ်၊ မိသားစုဘဝ နှင့် အနာဂတ်ရေး အစရှိသည့် လူအများစိုးရိမ်တတ်သော အကြောင်းများကို သုံးသပ်ထားကြောင်း သင်သတိပြုမိမည်။ သို့ရာတွင် Reasoning စာအုပ်၌ အကြံပြုထားသော နိဒါန်းစကားများတွင် အိမ်ရှင်အား သူ့သဘောတင်ပြစေသည်ကို သတိပြုပါ။ ဤသို့ပြုခြင်းအားဖြင့် တင်ဆက်နေသောအကြောင်း၏အရေးကြီးမှု၊ သူကိုယ်တိုင်နှင့်ပတ်သက်နေမှုကိုပါ သဘောပေါက်စေသည်။ ဤနိဒါန်းများကို ထိရောက်စွာအသုံးပြုခြင်းအားဖြင့် အများသုံးလေ့ရှိသော ဆင်ခြေများကို အိမ်ရှင်မပြောဘဲနေမိစေမည်။

၈ သင့်ရပ်ကွက်တွင် အထိရောက်ဆုံးဖြစ်မည့် နိဒါန်းများကို အသေအချာစဉ်းစားထားပါ။ Reasoning စာအုပ်ပါ နိဒါန်းများကို သုံးတတ်ရန် လေ့ကျင့်ထားပါ။ အခြားကြေညာသူများ၏ အတွေ့အကြုံမှ အကျိုးခံစားပါ။ သင့်ကြိုးစားမှုများပေါ် ယေဟောဝါခေါင်းချီးသွန်းလောင်းပေးရန် ဆုတောင်းပါ။ ကောင်းစွာကြိုးစားပြီး ယေဟောဝါကောင်းချီး ခံစားရခြင်းအားဖြင့် ကယ်တင်ခြင်းသတင်းကောင်းကို သင့်ရပ်ကွက်ရှိသူ များများလက်ခံလာပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ