စိတ်ဝင်စားမှုနှိုးဆွပေးသည့် နိဒါန်းများ
၁ နိဒါန်းများကိုအသုံးပြုပုံတွင် ယေရှုသည် အလွန်ပိုင်နိုင်ပါသည်။ လူအုပ်ကိုဖြစ်စေ၊ တစ်ဦးတည်းကိုဖြစ်စေ စကားပြောဆိုသည့်အခါ သူတို့နှင့်ပင်ပတ်သက်နေသည့်အကြောင်းဖြစ်သည်ကို သိနားလည်စေ၍ အာရုံဆွဲဆောင်နိုင်ပါသည်။ မိမိပြောဆိုနေသည့်အကြောင်း မည်မျှတန်ဖိုးရှိသည်ကို နားထောင်နေသူအား တင်ပြတော်မူသည်။—မ၊ ၅:၃-၁၂။ လု၊ ၂၀:၂၅-၃၇။ ယော၊ ၄:၇-၃၀။
၂ ကြိုတင်ပြင်ဆင်ရန်လို။ ကျွန်ုပ်တို့သတင်းတရားကိုစိတ်ဝင်စားစေရန် ပြောဆိုသည့်အကြောင်းသည် နားထောင်သူနှင့်သက်ဆိုင်ကြောင်း၊ သူ့ အကျိုးအတွက်ဖြစ်ကြောင်း၊ နိုင်ငံတော်သတင်းတရားသည် သူ့အားမည်သို့အကူအညီဖြစ်စေမည်အကြောင်း သိစေရန် ကျွန်ုပ်တို့နိဒါန်းများကို သက်ဆိုင်သလိုတင်ပြပေးရန်လိုပါသည်။
၃ ဓမ္မအမှုအတွက်ပြင်ဆင်ရာတွင် အရပ်သားများ၏ လတ်တလောစိုးရိမ်မှုများကို ပြန်လည်ဆင်ခြင်သုံးသပ်ကြည့်ပါ။ နောက်ဆုံးအဖြစ်အပျက်တစ်ခုကို လူတိုင်းစိတ်ဝင်စားနေပါသလော။ လူငယ်တစ်ဦး ဘာကိုစိတ်ဝင်စားတတ်သနည်း။ လူကြီးကော။ လင်ယောက်ျား၊ ဇနီးသည်မိန်းမ၊ သို့မဟုတ် မိဘများဖြစ်နေလျှင်ကော။ အိမ်ပေါက်ဝတိုင်းတွင် နိဒါန်းတစ်မျိုးတည်းအသုံးပြုနေစရာ မလိုပါ။ နိဒါန်းအမျိုးမျိုးပြင်ဆင်ထားပြီး အိမ်ရှင်တို့၏တုံ့ပြန်ပုံကိုမြင်သည့်အလျောက်အလိုက်အထိုက် ပြုပြင်ပြောင်းလဲသွားခြင်းသည် အများအားဖြင့် ပိုထိရောက်ပါသည်။ တစ်အိမ်မှတစ်အိမ် အမှုဆောင်ထွက်တိုင်း Reasoning စာအုပ်မှနိဒါန်းအသီးသီးကိုပြင်ဆင်၍အသုံးပြုရာတွင် များစွာအောင်မြင်မှုရရှိခဲ့ကြောင်း ကြေညာသူအချို့တွေ့ရှိခဲ့ပြီ။ (rs pp 9-15) ဤသို့ပြုခြင်းဖြင့် သူတို့ချဉ်းကပ်ပုံသည် အသစ်အဆန်းဖြစ်၍ စိတ်ဝင်စားစရာလည်းဖြစ်ပါသည်။
၄ စက်တင်ဘာလတွင် ဤကဲ့သို့သောတင်ဆက်ပုံကို သင်အသုံးပြုလိုပေမည်။
▪ “မင်္ဂလာပါ။ အကြီးအမှူးလုပ်သူတွေမှာ ဘယ်လိုအရည်အချင်းတွေရှိစေလိုကြောင်း သင့်အိမ်နီးချင်းအချို့ နဲ့ ဆွေးနွေးခဲ့ပါတယ်။ အရေးအကြီးဆုံး ဘယ်လိုအရည်အချင်းတွေ ရှိဖို့လိုမည်ထင်သလဲ။ တစ်ခုနှစ်ခုလောက် ပြောနိုင်မလား။ [ဖြေဆိုပါစေ။ တင်ပြချက်တို့ကိုအသိအမှတ်ပြုပါ။ သင့်တော်လျှင် သဘောတူကြောင်းပြော။] လူသားကိုအုပ်စိုးထိုက်သူလို့ အသိအမှတ်ပြုခံရသူရဲ့ အရည်အချင်းများကို သမ္မာကျမ်းစာမှာဖော်ပြထားကြောင်း သိပါသလား။ ဟေရှာယ ၉:၆၊ ၇ မှာပါတယ်။ [ဖတ်] ဒီလိုမင်းတစ်ပါးအောက် နေထိုင်ရမယ်ဆိုရင် အခြေအနေဘယ်လိုရှိမယ်ဆိုဒါကို စဉ်းစားကြည့်ဖူးပါသလား။” ဖြေဆိုခွင့်ပြုပြီး ဆာလံ ၁၄၆:၃၊ ၄ နှင့် ယေရှု၏အစိုးရသည် အရည်အချင်းပြည့်မီမည့်အာမခံချက်နှင့်စပ်လျဉ်းသည့် Reasoning စာအုပ် စာမျက်နှာ ၁၅၃-၄ ပါအကြောင်းကိုအာရုံပြုစေပါ။ သို့မဟုတ် ထာဝစဉ်အသက်ရှင်စာအုပ်၊ စာမျက်နှာ ၁၁၂ နှင့် ၁၁၃ တို့ကိုအသုံးပြုကာ တိုး၍စိတ်ဝင်စားစေနိုင်သည်။ တကယ်စိတ်ဝင်စားကြောင်း သတိပြုမိလျှင် စာအုပ်ကိုဝေငှလိုပေမည်။
၅ အကယ်၍ မိသားစုဘဝကိုစိတ်ဝင်စားသူတို့အား စကားစမြည်ပြောဆိုနေပါက ထာဝစဉ်အသက်ရှင်စာအုပ်ကို ဖော်ပြနေသည့်အခါ အောက်ပါတင်ဆက်ပုံကိုအသုံးပြုလျှင်ကောင်းပေမည်။
ဒေသခံနှုတ်ခွန်းဆက်စကားပြောပြီးနောက် ဤသို့ဆိုနိုင်သည်။
▪ “ဒီနေ့မိသားစုတိုင်းဟာ ဖိစီးမှုများနဲ့ပြဿနာတွေကို နေ့စဉ်နေ့တိုင်းတွေ့ကြုံနေရပြီး အခက်အခဲရှိကြတာကို သတိပြုမိသလား။ [ဖြေဆိုပါစေ။] အကြံဉာဏ်ကောင်းရရှိဖို့ မိသားစုတွေဟာ ဘယ်သူ့ထံသွားမလဲ။ [ဖြေဆိုပါစေ။] ဒီအကြောင်းကို သမ္မာကျမ်းစာဘယ်လိုဆိုထားကြောင်း အာရုံပြုစေလိုပါတယ်။ ပထမလူမောင်နှံကို အိမ်ထောင်ရေးတီထွင်ရှင် ဘယ်လိုဆိုခဲ့ကြောင်း သတိပြုပါ။” ကမ္ဘာဦး ၁:၂၈ ကိုဖတ်ပြီးနောက် ထာဝစဉ်အသက်ရှင်စာအုပ်၊ စာမျက်နှာ ၂၃၈ သို့ဖွင့်ကာ အခန်း ၂၉ ပါအချက်ကောင်းများကိုအသုံးပြု၍ ဆက်ဆွေးနွေးတင်ပြပါ။
၆ စိတ်ဝင်စားစေရန်နှင့် ဆွေးနွေးခန်းတွင် နားထောင်သူတို့အား ပါဝင်စေရန် ယေရှုအသုံးပြုသည့် နည်းများကို အတုယူခြင်းအားဖြင့် ဝိညာဏအကြောင်းများ၏တန်ဖိုးကို စိတ်နှလုံးရိုးသားသူတို့အား တင်ပြနိုင်ပါသည်။