မကြာခဏ အမှုဆောင်သည့်ရပ်ကွက်တွင် လုပ်ဆောင်ခြင်း
၁ အသင်းတော်များစွာသည် ယင်းတို့၏ရပ်ကွက်ကို မကြာခဏ ပြန်၍အမှုဆောင်နေကြောင်း သတင်းရရှိသည့်အတွက် ကျွန်ုပ်တို့ဝမ်းသာပါသည်။ (မ. ၂၄:၁၄; ၁ တိ. ၂:၃၊ ၄) ယင်းသည် ထူးခြားသောစိန်ခေါ်ချက်ဖြစ်သော်လည်း ကျွန်ုပ်တို့ကောင်းစွာပြင်ဆင်ထားပြီး ပေါ်ပေါက်လာတတ်သည့် အခြေအနေအမျိုးမျိုးကို ကိုင်တွယ်ရန် အသင့်ရှိမည်ဆိုလျှင် စိန်ခေါ်ချက်ကို အောင်မြင်စွာ ဖြေရှင်းနိုင်ကြောင်း အတွေ့အကြုံကသိရှိစေပါသည်။
၂ ထိရောက်သော နိဒါန်းများသည် သော့ချက်ဖြစ်– ကောင်းစွာ ကြိုတင်စဉ်းစားထားသည့် နိဒါန်း တစ်ခု သို့မဟုတ် ထိုထက်မကအသုံးပြုရန် အသင့်ပြင်ဆင်ထားဖို့ အလွန်အရေးကြီးပါသည်။ မကြာခဏ အလည်အပတ်လာရသည့် အရေးကြီးအကြောင်းများကို အတိအလင်းရှင်းပြသည့်စကားများ ပါသင့်ပါသည်။
၃ ကျိုးကြောင်းဆင်ခြင် စာအုပ်က အသုံးပြုနိုင်သည့် သင့်တော်သောနိဒါန်းကောင်းများစွာကို ဖော်ပြထားပါသည်။ “မကြာခဏ အမှုဆောင်သောရပ်ကွက်တွင်” ခေါင်းစဉ်အောက်ရှိ စာမျက်နှာ ၁၅ ၌သုံးခုကို ဖော်ပြထားသည်။ သင့်ရပ်ကွက်တွင် အသုံးပြုလိုသည့် နိဒါန်းများကို လေ့ကျင့်ပေးပါ။
၄ ကြေညာသူအချို့က ဒေသခံသတင်းစာမှ အကြောင်းအရာကို အသုံးပြု၍ မကြာခဏအမှုဆောင်သည့်ရပ်ကွက်တွင် အပြန်အလှန်စကားစမြည်စတင်နိုင်ခဲ့ပြီ။ ယင်းကိုမည်သို့ ပြုလုပ်နိုင်သည့် ဥပမာသုံးခုကို ကျိုးကြောင်းဆင်ခြင် စာအုပ်က ပေးထားပါသည်။ စာမျက်နှာ ၁၀ ပါ “ရာဇဝတ်မှု/လုံခြုံမှု” ခေါင်းစဉ်အောက်ရှိ ဒုတိယနိဒါန်းနှင့် စာမျက်နှာ ၁၀ နှင့် ၁၁ ရှိ “နောက်ဆုံးအဖြစ်အပျက်များ” ခေါင်းစဉ်အောက် ပထမနိဒါန်းနှစ်ခုကို သုံးသပ်ကြည့်ပါ။
၅ သင်ပြင်ဆင်သည့် နိဒါန်းများ– ကျိုးကြောင်းဆင်ခြင် စာအုပ်တွင်တင်ပြထားသည့် သင့်တော်သောနိဒါန်းပျိုးစကားများ၏ပုံစံအတိုင်း ကိုယ်ပိုင်နိဒါန်းများကို ပြုစု၍ အသုံးပြုပါ။ ယင်းကို ကိုယ့်နည်းကိုယ့်ဟန်၊ ကိုယ်ပိုင်စကားဖြင့် တင်ပြပြောဆိုပါ။ လယ်ကွင်းတွင် ယင်းကိုအသုံးမပြုမီ အတွေ့အကြုံရှိ ကြေညာသူတစ်ဦးနှင့် ကြိုတင်ကျင့်ထားနိုင်ပါသည်။
၆ ဥပမာ၊ ဤအတိုင်း သင်ပြောဆိုနိုင်ပေမည်–
▪ “ကျွန်တော်တို့ နောက်ဆုံးအလည်အပတ်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ [ရပ်ကွက်သားများ ပြောဆိုနေကြသည့် နောက်ဆုံးသတင်းတစ်ခုကို တင်ပြ]။ အဲ့ဒါဟာ ကျွန်တော်တို့အားလုံးကို တစ်နည်းမဟုတ်တစ်နည်း ထိခိုက်ပတ်သက်နေတဲ့အတွက် ရပ်ကွက်သားတွေက စိုးရိမ်နေကြပါတယ်။ ခင်ဗျားလည်း ဒီအကြောင်းကို အနည်းအကျဉ်းတော့ စဉ်းစားကြည့်ခဲ့မယ်။ [တုံ့ ပြန်မှု ရှိကောင်းရှိဖို့အတွက် ခေတ္တရပ်။] ဒီနေ့ကမ္ဘာ့ အခြေအနေတွေကိုကြည့်ရင် ယေရမိ အခန်းကြီး ၁၀ အငယ် ၂၃ ပါပရောဖက်ယေရမိရဲ့စကား မှန်တယ်လို့ သဘောမတူဘူးလား။” ကျမ်းချက်ကိုဖတ်ပြီးနောက် ဆွေးနွေးနေသည့် ယင်းပြဿနာကို ယေဟောဝါမည်သို့ဖြေရှင်းပေးတော်မူမည်အကြောင်း ဖော်ပြသည့် ကျမ်းချက်တစ်ခုကို သတိပြုစေပါ။
၇ သို့မဟုတ် သင်ပြောနိုင်သည်ကား–
◼“ခင်ဗျားဒီကနေ့သတင်းမှာ [အဖြစ်အပျက်တစ်ခုကို ဖော်ပြ] ကိုသတိပြုမိမယ်။ အဲ့ဒါဟာ ကျွန်တော်တို့နဲ့အားလုံးနှင့် သက်ဆိုင်နေတယ်။ [တုံ့ ပြန်မှု ရှိကောင်းရှိဖို့အတွက် ခေတ္တရပ်။] တာတိုဖြေရှင်းနည်းကို အစိုးရအရာရှိများ စီစဉ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီပြဿနာကို ဘယ်လိုထာဝစဉ်ဖြေရှင်းခံရတော့မယ်ဆိုတာ သမ္မာကျမ်းစာက ဖော်ပြထားတယ်။” ဘုရားသခင်ပြုတော်မူမည့်အရာကိုရှင်းပြသည့် ကျမ်းချက်အတိအကျတစ်ခုသို့ အာရုံစူးစိုက်စေပါ။
၈ “ဘာကြောင့် ခဏခဏလာရတာလဲ။” ကျိုးကြောင်းဆင်ခြင် စာအုပ် စာမျက်နှာ ၂၀ ရှိ “ခင်ဗျားတို့ ဘာကြောင့် ခဏခဏလာကြရတာလဲ” ခေါင်းစဉ်အောက် ဆက်စကားမပြောစေရန် မေးမြန်းတတ်သည့် အမေးအတွက် သင့်တော်သောအဖြေများ ရှိပါသည်။ မေးခွန်းမထုတ်သည့်တိုင်အောင် ဘုရားကိုလည်းကောင်း၊ လူကိုလည်းကောင်း တကယ်ချစ်သည့်အတွက် မကြာခဏလည်ပတ်လာရကြောင်း အခွင့်အရေးရတိုင်း သက်သေခံနိုင်ပါသည်။ ယောဟန် ၂၁:၁၅-၁၇ ပါယေရှု၏စကားများကိုဆွေးနွေးခြင်းက ယင်းနှင့်စပ်လျဉ်း၍ အကျိုးများစွာရှိနိုင်ပါသည်။
၉ တော်လောက်ပြီဟု ယေဟောဝါမပြောမချင်း မကြာခဏအမှုဆောင်ထားသည့်ရပ်ကွက်တွင် လုပ်ဆောင်ရသည့် စိန်ခေါ်ချက်ကို ဆက်ရင်ဆိုင်နေကြစို့။ ဤသို့ဆုံးဖြတ်ထားလျှင် ကိုယ်တော်၏လမ်းပြမှု၊ ကာကွယ်စောင့်ရှောက်မှုနှင့် ကောင်းချီးကို အဆုံးတိုင်ခံစားပါလိမ့်မည်—မဿဲ ၂၈:၁၉၊ ၂၀။