ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၀ စာ. ၆-၇
  • ခံနိုင်ရည်ဖြင့် ဆက်၍အသီးသီးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခံနိုင်ရည်ဖြင့် ဆက်၍အသီးသီးခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခံနိုင်ရည်နှင့် ကြိုးစားအားထုတ်မှု လိုအပ်
  • တိုး၍လုပ်ကိုင်နိုင်မည်လော
  • ဆုတောင်းခြင်းအရေးကြီး
  • ကျေးဇူးတင်စိတ်တင်ပြ
  • အခြားလိုအပ်ချက်များ
  • ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • “ခံနိုင်ရည်ရှိရှိ သီးပွင့်ဖြစ်ထွန်း” သူတွေကို ယေဟောဝါ ချစ်မြတ်နိုး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • သတင်းကောင်းဝေငှခြင်း—ဆုတောင်းခြင်းဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ‘များစွာသောအသီးကို သီးနေလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၈/၉၀ စာ. ၆-၇

ခံနိုင်ရည်ဖြင့် ဆက်၍အသီးသီးခြင်း

၁ ယေရှုခရစ်ထမြောက်ပြီးနောက် အနှစ် ၃၀ ပင်မရှိသေးချိန်တွင် ကောလောသဲမြို့ရှိအသင်းတော်ထံ စာရေးစဉ်တွင် သတင်းကောင်းနှင့်ဆိုင်သောသမ္မာတရားသည် အသီးသီးပြီး ကမ္ဘာတစ်ဝှန်းတိုးတက်နေကြောင်း တမန်တော်ပေါလုပြောနိုင်ခဲ့သည်။ (ကော၊ ၁:၅၊ ၆) ယနေ့ထိုထက် ယေဟောဝါသက်သေများ နိုင်ငံတော်သတင်းကို စာသားအတိုင်း “မြေကြီးစွန်းတိုင်အောင်” ဟောပြောလေပြီ။ (တ၊ ၁:၈။ ယော၊ ၁၄:၁၂) ၁၉၈၉ ခုလုပ်ငန်းတော်နှစ်အတွင်း ကမ္ဘာချီနိုင်ငံတော်ကြေညာသူပျမ်းမျှအရေအတွက် ၅.၆ ရာခိုင်နှုန်းအထိတိုးတက်ခဲ့သည်။ နိုင်ငံပေါင်း ၂၁၂ နိုင်ငံတွင် ကြေညာသူနှုန်းသစ် ၃၇၈၇၁၈၈ အထိတိုးတက်လာသည်။

၂ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားသည့် နိုင်ငံများတွင် မှတ်တမ်းများစုံစုံလင်လင်မရနိုင်ဦးတော့ ထိုထက်များသောတိုးတက်မှုဖြစ်သည့် ၇.၆ ရာခိုင်နှုန်းပင်ရကြောင်း သိရှိရသည်။ ထိုနိုင်ငံများ၌ ပြဿနာများစွာရှိသော်လည်း ကြေညာသူများသည် “မြဲမြံစွာအသီးသီး” ဆဲရှိကြသည်။ (လု၊ ၈:၁၅) အချို့နေရာများတွင် ဖိနှိပ်မှုများလျော့နည်းနေပေပြီ။ သို့သော် ခဲယဉ်းသောအခြေအနေများမူကား ရှိမြဲရှိနေသည်။

၃ နိုင်ငံတော်သတင်းဟောပြောရန် ပိုလွတ်လပ်သောနိုင်ငံများတွင် အခြားအခက်အခဲများရှိသည်။ ဥပေက္ခာပြုမှုနှင့် အရေးမထားမှုကို အထူးသဖြင့် ကြွယ်ဝချမ်းသာသောနေရာများတွင် တွေ့မြင်ရကြသည်။ ဤကဲ့သို့သောစိတ်နေသဘောထားမျိုး ဓာတ်ကူးမသွားစေရန် သတိပြုရမည်။ စည်းစိမ်ဥစ္စာ၊ အပျော်အပါး၊ အပန်းဖြေမှုနှင့်အခြားသောဆွဲဆောင်မှုများကြောင့် ကျွန်ုပ်တို့၏သီအိုကရက်တစ်လုပ်ငန်းရပ်များကို မထိခိုက်စေလိုပါ။ ထိုသို့မဟုတ်လျှင် အရေးမထားစိတ်ဝင်လာပြီး ခံနိုင်ရည်ရှိရှိ မြဲမြံစွာအသီးသီးနေရန်လိုကြောင်းကို လေးစားသောသဘော ပျောက်လွင့်သွားနိုင်သည်။​—လု၊ ၂၁:၃၄-၃၆။

ခံနိုင်ရည်နှင့် ကြိုးစားအားထုတ်မှု လိုအပ်

၄ သတင်းကောင်းကိုတိုက်ခံခြင်း၊ သို့မဟုတ် ကျွန်ုပ်တို့၏ခရစ်ယာန်တာဝန်များကို ဆောင်ရွက်ရန် လွတ်လပ်မှုအနည်းအကျဉ်းရရှိခြင်းကိုပင် ရင်ဆိုင်ရစေကာမူ ခံနိုင်ရည်သည် လိုအပ်ချက်တစ်ခုဖြစ်ပေသည်။ အချို့နိုင်ငံများတွင် ကျွန်ုပ်တို့ညီအစ်ကိုများသည် ဆယ်စုနှစ်များစွာ အခက်အခဲဒုက္ခနှင့် အမှုဆောင်ခဲ့ရကြပြီ။ ဤကဲ့သို့သောအခက်အခဲကြား ခံနိုင်ရည်ရှိခဲ့ကြသောကြောင့် ယခုသူတို့ကြွယ်ဝစွာကောင်းချီးများခံစားနေရကြသည်။ (ရော၊ ၅:၃-၅။ ဂလ၊ ၆:၉) ကျွန်ုပ်တို့မည်သည့်အခက်အခဲများကိုပင် ရင်ဆိုင်ရစေကာမူ ခံနိုင်ရည်ရှိလိုကြသည်။ နိုင်ငံတော်သတင်းကောင်းဟောပြောရမည်။ သမာဓိရှိကြောင်းကိုလည်း ဆက်လက်တင်ပြရကြမည်။ ခံနိုင်ရည်ရှိခြင်းအားဖြင့် ကျွန်ုပ်တို့၏စိုးလ်အသက်ဆုံးရှုံးမည်မဟုတ်။​—မာ၊ ၁၃:၁၀။ လု၊ ၂၁:၁၉။

၅ ယေဟောဝါ၏လုပ်ငန်းတော်ကို ကြိုးစားအားထုတ်လုပ်ကိုင်ခြင်း၊ ဟောပြောခြင်းလုပ်ငန်းတွင် လက်ပန်းမကျခြင်းအားဖြင့် ဝိညာဏရေးရာများကို တန်ဖိုးထားကြောင်းတင်ပြကြသည်။ သယ်ယူပို့ဆောင်မှုခဲယဉ်းသောနိုင်ငံများ၊ ပစ္စည်းဥစ္စာရှားပါးသောနိုင်ငံများ၊ စီးပွားရေးပြဿနာမပြေလည်သောနိုင်ငံများတွင် သတင်းကောင်းကို အဆက်မပြတ်ဟောပြောနေကြပါသည်။ ဤကဲ့သို့သောနိုင်ငံအချို့တွင် အသင်းတော်ကြေညာသူများ လစဉ်မှန်မှန် လယ်ကွင်းလုပ်ငန်းတွင် ပျမ်းမျှအားဖြင့် ၁၄ မှ ၁၇ နာရီမှတ်တမ်းသွင်းကြသည်။ သူတို့၏ရှေ့ဆောင်ဦးရေသည်လည်း တိုးများလာနေသည်။ ဇိမ်ခံပစ္စည်းပေါများသူ ကျွန်ုပ်တို့စဉ်းစားစရာဖြစ်စေသည်။ အရေးတကာ့အရေးအကြီးဆုံး နိုင်ငံတော်သတင်းဟောပြော၍ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့မှန်မှန်ပါဝင်ခြင်းကို တိုးချဲ့ပေးနိုင်ပါမည်လော။

တိုး၍လုပ်ကိုင်နိုင်မည်လော

၆ လယ်ကွင်းလုပ်ငန်း၌ အချိန်ပိုပါဝင်နိုင်ရန် ကျွန်ုပ်တို့အစီအစဉ်ဇယားများကို အနည်းငယ်ပြုပြင်ပေးရန်လိုအပ်ပေမည်။ တနင်္ဂနွေနေ့တွင် လယ်ကွင်းလုပ်ငန်းကိုတစ်နာရီပါဝင်နေလေ့ရှိလျှင် နောက်ထပ်တစ်နာရီတိုး၍ ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုပြုလုပ်ပေးနိုင်မည်လော။ သို့မဟုတ် ကျမ်းစာသင်အံမှုရှိထားလျှင် သင်အံမှုအရင် တစ်အိမ်မှတစ်အိမ်လုပ်ငန်း သို့မဟုတ် ပြန်လည်ပတ်မှုအနည်းငယ်ပြုလုပ်ရန် တစ်နာရီနှစ်နာရီတိုးပါဝင်နိုင်မည်လော။ စနေနေ့တွင် မဂ္ဂဇင်းလုပ်ငန်း၌ တစ်နာရီနှစ်နာရီပါဝင်ပြီးနောက် မဂ္ဂဇင်းလမ်းကြောင်းတွင် မဂ္ဂဇင်းများပြန်ဝေငှနိုင်မည်။ သို့မဟုတ် ပြန်လည်ပတ်မှုအနည်းအကျဉ်းပြုလုပ်နိုင်မည်။ ဤနည်းမျိုးစုံဖြင့် လယ်ကွင်းလုပ်ငန်း၌ပါဝင်ချိန်ကို ကျွန်ုပ်တို့တိုးများစေနိုင်သည်။ အချိန်တိုး၍ပေးသမျှ အကျိုးကျေးဇူးများလည်းတိုးများလာပေမည်။

၇ လယ်ကွင်းလုပ်ငန်း၌ ပြန်လည်ပတ်မှုများပြုလုပ်ခြင်းဖြင့် အချိန်တိုး၍ပါဝင်လေ ကျမ်းစာသင်အံမှုများလာလေဖြစ်မည်။ အချိန်တန်လျှင် သမ္မာတရားသို့ဝင်လာသူ များလာလေဖြစ်မည်။ ဤသူများသည်လည်း နိုင်ငံတော်သတင်းဟောပြောခြင်းကိုပြီးမြောက်အောင်မြင်စေရန် ကျွန်ုပ်တို့ကိုဝိုင်းဝန်းကူညီပေးကြလိမ့်မည်။​—မ၊ ၂၈:၁၉၊ ၂၀။

ဆုတောင်းခြင်းအရေးကြီး

၈ ခံနိုင်ရည်ဖြင့် ကျွန်ုပ်တို့အသီးများအမြဲသီးနေရန် ယေဟောဝါကောင်းချီးကိုတောင်းဆို၍ ကိုယ်တော့်ဝိညာဉ်တော်ညွှန်ကြားမှုကို ခံယူရမည်။ ကျွန်ုပ်တို့ဓမ္မအမှုအကြောင်း ယေဟောဝါကိုဆုတောင်းရမည်။ ကျွန်ုပ်တို့လယ်ကွင်းလုပ်ငန်းအကြောင်း ယေဟောဝါထံဆုတောင်းကြသောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်၏လုပ်ဖက်များဖြစ်ကြောင်း သတိရစေသည်။ (၁ ကော၊ ၃:၉) ယေဟောဝါအကူအညီဖြင့် ချက်ချင်းအကျိုးမထင်ရှားသော်လည်း ဓမ္မအမှု၌ခံနိုင်ရည်ရှိနိုင်မည်။ အချို့နေရာဒေသများတွင် နိုင်ငံတော်ကြွေးကြော်သူများ နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိရှိကြိုးစားအားထုတ်ပြီးနောက်မှ တိုးတက်လာသည်။ အနာဂတ်သို့ ကျွန်ုပ်တို့ရှုမြော်ကြရာတွင် လက်မလျှော့ဘဲ ဓမ္မအမှုကို အပြည့်အဝပြီးစီးနိုင်ရန် မြင့်မြတ်သောလမ်းပြမှုနှင့်မစမှုကို အမြဲရှာယူနေရန်လိုသည်။ (၂ တိ၊ ၄:၅) နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အသီးများစွာသီးစရာလိုနေသေးသည်။

၉ အမြဲဆုတောင်းရန်လိုကြောင်း ယေရှုအလေးအနက်တင်ပြခဲ့သည်။ (လု၊ ၁၈:၁) ပေါလုဤသို့တိုက်တွန်းခဲ့သည်။ “မခြားမလပ်ဆုတောင်းပတ္ထနာပြုကြလော့။” (၁ သက်၊ ၅:၁၇) ယနေ့ ဇွဲရှိရှိဆုတောင်းရန်လိုသည့် အကြောင်းကောင်းများစွာရှိသည်။ နှစ်စဉ်နှစ်တိုင်း တိုးများလာနေသည့် သိုးစုကိုကျွေးမွေးပြုစုပေးရန် တာဝန်များစွာထမ်းဆောင်ရမည်။ သူတစ်ထူးလည်း ခံနိုင်ရည်နှင့်မြဲမြံစွာအသီးသီးကြရန် ကူညီပေးလိုကြသည်။ ကြေညာသူတစ်ဦးစီနှင့် အဖွဲ့အစည်းတစ်ခုလုံးအတွက် ဖြည့်စွက်ပေးစရာကိစ္စအမျိုးမျိုးကို ပြုစုပေးရမည်။ လုပ်ငန်းတော်နှင့် ကျမ်းစာအခြေခံစာပေများကို အဆက်မပြတ်ပုံနှိပ်ထုတ်ဝေရန် ထောက်ပံ့ပေးမည့် အလှူငွေလိုကြောင်းသိထားကါ ဤကိစ္စတွင် ဘုရားသခင်ကိုကြောက်ရွံ့သူများ ရက်ရောစွာပေးကမ်းကြရန် သူတို့စိတ်နှလုံးကို ယေဟောဝါတိုက်တွန်းပေးမည်အကြောင်း ဆုတောင်းလိုကြမည်။​—၂ ကော၊ ၉:၈-၁၁။

၁၀ ယခင်ကထက်တိုး၍ သီအိုကရက်တစ်လုပ်ငန်းအတွက် ကမ္ဘာချီလယ်ကွင်းရှိဒေသအသစ်များ ထပ်တိုးလာရာ ကောလောသဲ ၄:၂ ပါကျမ်းစာသြဝါဒက ပိုအဓိပ္ပာယ်ရှိလာလေသည်။ “ဆုတောင်းပတ္ထနာပြုခြင်းအမှုကိုအမြဲပြု၍ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။” ညီအစ်ကိုများသည် ဆက်အသီးသီးပြီး သက်သေခံရန်အခြေအနေယခင်ကထက် ပိုခဲယဉ်းလာသောနေရာဒေသများတွင် တွေ့ရှိထားသည့် သိုးကဲ့သို့သောသူများကိုကူညီပေးနိုင်ရန် ကမ္ဘာတစ်ဝှန်းမှ ညီအစ်ကိုများအတွက် ဆုတောင်းပေးသင့်သည်။

ကျေးဇူးတင်စိတ်တင်ပြ

၁၁ ကျွန်ုပ်တို့မြတ်နိုးလှသည့် ကြွယ်ဝသောဝိညာဏပြင်ဆင်မှုများအတွက် ကျေးဇူးတော်ကြီးမားလှသည်တကား။ ယင်းတို့အတွက် ယေဟောဝါကိုကျေးဇူးတင်လိုကြသည်။ သစ္စာရှိကျေးကျွန်နှင့် ၄င်း၏အုပ်ချုပ်ရေးအဖွဲ့၏လုပ်ငန်းအပေါ် ကောင်းချီးဆက်သွန်းလောင်းတော်မူမည်အကြောင်းလည်း ဆုတောင်းပေးကြပါသည်။ စိတ်နှိမ့်ချစွာဖြင့် ကျွန်ုပ်တို့နှင့် ကမ္ဘာချီသိုးကဲ့သို့သောသူများအကျိုးအလိုငှာ မမောမပန်းကြိုးစားအားထုတ်လေသမျှကို များစွာကျေးဇူးတင်လေးစားအပ်ပေသည်။

၁၂ နိုင်ငံတော်မျိုးစေ့ကြဲရာတွင် စာအုပ်စာတမ်းများစွာ ဝေငှထားပေပြီ။ (မ၊ ၁၃:၃-၈၊ ၁၈-၂၃) သို့ဖြစ်၍ပင် ကျမ်းစာနှင့် ကျမ်းစာစာပေများကို လယ်ကွင်း၌ ဆက်ဝေငှရန်မလောက်မငဖြစ်နေသေးသည်။ ပြန်လည်ပတ်မှုနှင့် အိမ်တွင်းကျမ်းစာသင်အံမှုများပြုခြင်းအားဖြင့် မျိုးစေ့ကြဲ၍ရေလောင်းခြင်းလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်နေကြောင်း ကမ္ဘာ့မှတ်တမ်းကတင်ပြသည်။ ကျွန်ုပ်တို့ဓမ္မအမှု၏ ဤအရေးကြီးကဏ္ဍများတွင် မိမိတာဝန်ကိုဆက်ဆောင်ရွက်ရာတွင် ကြီးထွားစေရန် ယေဟောဝါဆက်ကောင်းချီးပေးသည့်အတွက် ကိုယ်တော်ကိုကျေးဇူးတင်ပါသည်။ ယင်းကောင်းချီးအတွက် ကျွန်ုပ်တို့ဆုတောင်းပါသည်။​—၁ ကော၊ ၃:၆၊ ၇။

အခြားလိုအပ်ချက်များ

၁၃ ဤလောကနှင့်မသက်ဆိုင်သော်လည်း လောကတွင်ရှိနေသောကြောင့် ခရစ်ယာန်များသည် စမ်းသပ်မှုနှင့် စုံစမ်းခြင်းအမျိုးမျိုးကို ကြုံရကြမည်။ ဤနောက်ဆုံးကာလတွင် ပို၍ပင်ပြင်းထန်ဦးမည်။ ယခုအချို့သူများ ညှဉ်းဆဲခြင်းနှင့် အခြားအခက်အခဲများကို ခံနေရကြသည်။ အခြားသူများမူ စစ်ဆင်နွှဲနေသောနိုင်ငံများတွင် ခရစ်ယာန်လုပ်ငန်းများကို ထမ်းဆောင်နေရကြသည်။ မြေငလျင်၊ လေမုန်တိုင်းအစရှိသည့် သဘာဝဘေးဒဏ်များကို ညီအစ်ကိုများကြုံကြိုက်ခဲ့ကြပြီ။ ဤသို့ဖြစ်ပျက်သည့်အခါ ဤအရပ်ဒေသများရှိညီအစ်ကိုများအတွက် ဆုတောင်းပေးသင့်သည်။ (တ၊ ၁၂:၅။ ၂ ကော၊ ၁:၁၁) တစ်ခါတစ်ရံ ကျွန်ုပ်တို့လုပ်ငန်းနှင့်ပတ်သက်၍ ပိတ်ပင်မှုများ၊ ညီအစ်ကိုများကိုညှဉ်းဆဲနှိပ်စက်ခြင်း၊ သို့မဟုတ် နိုင်ငံတော်မှုရေးကိစ္စများနှင့်သက်ဆိုင်သော အကြောင်းကိစ္စများကို အရာရှိများနှင့်ဆွေးနွေးရန် သွားရောက်ခြင်းနှင့် စာတင်ရန်အရေးအကြောင်းများ ပေါ်တတ်ပါသည်။ ဤကဲ့သို့သောအခြေအနေမျိုးအောက်တွင် ကျွန်ုပ်တို့တတ်နိုင်သမျှကိုပြုလုပ်ပေးမည်။ ကျွန်ုပ်တို့၏အမှုဆောင်ဖက်သားများကို ဤသူများမျက်နှာသာပေးရန် ဆုတောင်းပေးပါမည်။​—၁ တိ၊ ၂:၁၊ ၂။

၁၄ စာတန်၏စနစ်ဆိုးတွင် မိသားစုများစွာ ဖိစီးမှုအမျိုးမျိုးကြုံတွေ့နေရကြသည်။ (၂ ကော၊ ၄:၄) အိမ်ထောင်သည်များစွာ ကြီးလေးသောပြဿနာများရှိကြ၏။ ဘုရားသခင်၏လမ်းပြမှုရရန် သူတို့ဆုတောင်းကြဖို့ တိုက်တွန်းပေးပါ။ သူတို့အတွက်လည်း ဆုတောင်းပေးနိုင်ပါသည်။ (၁ ကော၊ ၇:၅။ ၁ ပေ၊ ၃:၇) မိမိတို့အိမ်ထောင်များကို ကောင်းစွာဦးစီးနိုင်ရန် လမ်းပြညွှန်ကြားပေးဖို့ အိမ်ထောင်ဦးစီးများ၏ဆုတောင်းချက်များကို ယေဟောဝါနားညောင်းတော်မူမည့်အကြောင်း စိတ်ချနိုင်သည်။ (တရား၊ ၁၃:၈။ ဖိ၊ ၄:၆၊ ၇) လူကြီးလူငယ်အားလုံး ခဲယဉ်းသောအခြေအနေများကို ရင်ဆိုင်ရကြသည်။ ကျောင်းတွင်၊ အလုပ်ခွင်တွင်၊ ခရီးသွားစဉ်၊ သို့မဟုတ်အခြားအခြေအနေများတွင် ဖြစ်နိုင်သည်။ ဤစနစ်ဆိုး၏စိတ်ဓာတ်ကို ငြင်းဆန်နိုင်ရန်၊ ယေဟောဝါမျက်နှာသာရသော အမှုများကိုဆက်ပြုလုပ်ရာတွင် အသီးများသီးနိုင်ရန် ဆုတောင်းခြင်းက များစွာအကူအညီပေးသည်။​—မ၊ ၆:၁၃။ ဧ၊ ၆:၁၃-၁၈။ ၁ ယော၊ ၃:၂၂။

၁၅ ယေဟောဝါသည် ဆုတောင်းချက်များကို နားညောင်းတော်မူသောအရှင်သခင်ဖြစ်သည်။ (ဆာ၊ ၆၅:၂) အချိန်အခါမရွေး မိမိတို့၏ပူပန်မှုများကို ကိုယ်တော်အား ရင်ဖွင့်ပြောဆိုသင့်သည်။ (ဆာ၊ ၅၅:၂၂) နိုင်ငံတော်ရေးရာများ၊ ကမ္ဘာအနှံ့ရှိ ကျွန်ုပ်တို့ညီအစ်ကိုများအကျိုးအလိုငှာ စိုးရိမ်ပူပန်ပေးကြောင်း ဆုတောင်းပေးခြင်းဖြင့် တင်ပြနိုင်သည်။ အသင်းတော်တွင် ဦးစီးနေသူများ၏လုပ်ငန်း၊ ကမ္ဘာတစ်ဝှန်း တိုးတက်ရေးအစီအစဉ်ကိုညွှန်ကြားပေးနေသူများ၊ ဝိညာဉ်ရေးအရ အားနည်းနေသူများ၊ အခြားပြဿနာကြီးကြီးငယ်ငယ်များကို ကိုင်တွယ်သောအခါ ဤကိစ္စအသီးသီးကို ဆုတောင်းခြင်းအားဖြင့် ယေဟောဝါအားတင်ပြသင့်သည်။ (၁ သက်၊ ၅:၂၅။ ယာ၊ ၅:၁၄-၁၆) ယေဟောဝါရှေ့ ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများကို ပုံချထားပြီး အလိုတော်နှင့်အညီတောင်းလေသမျှဆုကို ကိုယ်တော်နားညောင်းတော်မူမည်အကြောင်း ကျွန်ုပ်တို့စိတ်ချသင့်သည်။ (၁ ပေ၊ ၅:၇။ ၁ ယော၊ ၅:၁၄) နိုင်ငံတော်လုပ်ငန်းတွင် ကျွန်ုပ်တို့ဇွဲရှိပြီး ခံနိုင်ရည်ဖြင့် မြဲမြံစွာအသီးသီးနိုင်ရန် ယေဟောဝါထံတော်မှကူညီမစမှုကို ဆက်မျှော်ကိုးကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ