ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၂ စာ. ၁-၄
  • အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုအားရှုမှတ်ရန် သူတစ်ပါးကို လှုံ့ဆော်ပေးပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • အကြီးမြတ်ဆုံးလူသားနောက်လိုက်ရန် အခြားသူများအားဖိတ်ခေါ်လေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • လူသန်းပေါင်းများစွာကိုစိတ်လှုပ်ရှားစေသည့်စာအုပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • အကြီးမြတ်ဆုံးလူသားအကြောင်း သူတစ်ပါးသိရှိစေရန် ကူညီပေးလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၁/၉၂ စာ. ၁-၄

အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား

၁ ဤစာအုပ်သစ်ကိုရသောအခါ အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား ဟူသည့်ယင်း၏ခေါင်းစဉ်က ကျွန်ုပ်တို့၏စိတ်ဝင်စားမှုကိုနှိုးဆွလိုက်သည်။ လူတစ်ယောက်ကိုအကြီးမြတ်ဆုံးလူသားအဖြစ်ဖော်ထုတ်တင်ပြနိုင်ခြင်းက ထိုသူသည်ကမ္ဘာပေါ်အသက်ရှင်ခဲ့သမျှလူသန်းပေါင်းများစွာထက်သာလွန်ထူးကဲသောကြောင့်ဖြစ်သည်။ “ကြီးမြတ်သော” ဟူသည် “အကျင့်အကြံနှင့်အရည်အချင်းတို့တွင်မြင့်မားခြင်း” မည်၏။ ထိုအရည်အချင်းပြည့်ဝသူသည်အမှန်ပင်ထူးချွန်ပေါ်လွင်သူဖြစ်ရမည်။

၂ ဘုရားသခင့်သားတော်ယေရှုခရစ်သည် ယင်းသို့မှတ်သားဖော်ပြထိုက်သူဖြစ်သည်။ မြေကြီးပေါ်ကိုယ်တော်စွမ်းဆောင်အောင်မြင်ခဲ့သမျှသည် စည်းစိမ်ချမ်းသာ၊ လောကီအောင်မြင်မှု၊ နိုင်ငံရေးအာဏာတို့နှင့်လုံးဝမသက်ဆိုင်ပါ။ နှိမ့်ကျသောအသိုင်းအဝိုင်းမှကိုယ်တော်မွေးဖွားလာပြီးမထင်မရှားဖြင့်သာကြီးပြင်းလာခဲ့သည်။ အသက် ၃၀ ရောက်သော် ကိုယ်တော်၏ပြောဆိုပြုမူပုံအားဖြင့် ပါလက်စ်တိုင်းတစ်ခွင်ရှိလူများအာရုံစိုက်စရာဖြစ်လာသည်။ လူသားများတစ်ခါမျှမကြုံဖူးသည့်နည်းဖြင့် ယေဟောဝါ၏ဥပဓိရုပ်တော်နှင့်ရည်ရွယ်တော်မူချက်များကို ကိုယ်တော်ထင်ရှားပြသည်။ လူသားတစ်ဦးအနေနှင့်လုပ်ဆောင်ရမည့်ဟောပြောခြင်းလုပ်ငန်းကိုကိုယ်တော်အောင်မြင်ခဲ့သည်။ ထင်ရှားသည့်အံ့ဖွယ်ရာများကိုကိုယ်တော်ပြုလုပ်ခဲ့ပြီး ကမ္ဘာသစ်အတွက်ကိုယ်တော်အုတ်မြစ်ချခဲ့သည်။

၃ ဤစာအုပ်အဘယ်ကြောင့်လိုအပ်။ ပုံသက်သေနှင့်ထင်ရှားသည့်ဂုဏ်အင်္ဂါ၌ နမူနာအဖြစ်ယေရှုကို “စေ့စေ့ကြည့်” ရန်ကျွန်ုပ်တို့ကိုပေါလုတိုက်တွန်းခဲ့သည်။ အသင်းမသည် ယေရှုဘဝနှင့်ဓမ္မအမှုဆိုင်ရာဆောင်းပါး ၁၄၉ပုဒ်ကို ၁၉၈၅မှ ၁၉၉၁ ခုနှစ်အထိ ကင်းမျှော်စင် တွင်ဆက်တိုက်တင်ပြခဲ့သည်။ ဤဆောင်းပါးများသည်ယေရှုပြောခဲ့သည့်စကားများနှင့်ကျွန်ုပ်တို့အတွက်ပြုခဲ့သည့်အရာများကို ပိုမိုနိုးကြားထက်သန်စွာအာရုံစိုက်စေသည်။ ကိုယ်တော့်ပုံသက်သေကိုတုပရန်လိုအပ်ပုံကိုအထူးပေါ်လွင်စေသည်။ ဤအချက်အားလုံးကိုစုစည်းလိုက်ပြီး စာအုပ်အသွင်ဖြင့်ကျွန်ုပ်တို့ရရှိလာသည်။ ယေရှုကိုစေ့စေ့ကြည့်ရန်နှင့် ယေဟောဝါခန့်အပ်သည့် “ခပ်သိမ်းသောအထွတ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်း. . .တို့အထက်” ၌ရှိသူ၏လက်အောက်ခံတစ်ဦးဖြစ်လာဖို့အခြားသူတို့ကိုကူညီရာတွင်မည်မျှကောင်းသည့်လက်နက်ကိရိယာတစ်ခုပါတကား။​—ဧဖက် ၁: ၂၁။

၄ ပေါ်လွင်သည့်အချက်များ။ ဤစာအုပ်ကိုဝေငှသည့်အခါဤသို့မေးနိုင်သည်။ “အဘယ်အရာကယေရှုကိုကမ္ဘာ့အကြီးမြတ်ဆုံးလူသားဖြစ်စေသနည်း။” ကိုယ်တော်၏ဘဝ၊ ဥပဓိရုပ်၊ သွန်သင်ခြင်းနှင့်လုပ်ငန်းများအပေါ်အခြေပြုထားသည့်အခန်း ၁၃၃ ကိုညွှန်ပြပြီးဖြေဆိုနိုင်သည်။ အခန်း ၂၄ ကမြေကြီးသို့ကြွလာရခြင်း၏ရည်ရွယ်ချက်ကိုရှင်းပြသည်။ အခန်း ၃၅ ကကျော်ကြားသောတောင်ပေါ်ဒေသနာတော်ကိုပြန်သုံးသပ်ထားသည်။ အခန်း ၄၃ ကယေရှု၏ပုံဥပမာဖြင့်သွန်သင်သည့်မှတ်သားဖွယ်အရည်အချင်းတို့ကိုပေါ်လွင်စေသည်။ အခန်း ၁၃၃ ခန်းကကိုယ်တော်.လုပ်ငန်းတော်ကိုလက်စသပ်သည့်အခါ လူသားများခံစားရမည့်ကောင်းချီးများကိုတစ်စွန်းတစ်စဖော်ပြထားသည်။ အခန်းတိုင်း၏အဆုံးပါမေးခွန်းများကိုသုံး၍ အပြန်အလှန်ဆွေးနွေးရန်လှုံ့ဆော်နိုင်သည်။ ရည်ညွှန်းထားသည့်ကျမ်းချက်များသည် ကျမ်းစာတွင်ဤအဖြစ်အပျက်များကိုရှာဖွေတွေ့ရှိရန်အတွက်ဖြစ်သည်။ ယေရှု၏တန်ခိုးပါသည့်ဂုဏ်ရည်တော်၊ သူတစ်ပါးအပေါ်ကျယ်ဝန်းနက်နဲသည့်ချစ်ခင်ကြင်နာမှု၊ ဟောပြောခြင်း၌ပြင်းပြသည့်စိတ်ထက်သန်မှုတို့ကိုပေါ်လွင်စေသည့်စိတ်စွဲငြိဖွယ်ရုပ်ပုံများကိုထောက်ပြနိုင်သည်။ အခန်း ၄၄၊ ၉၅၊ ၁၁၇၊ ၁၂၃ တို့ကိုပြပါ။

၅ ဤစာအုပ်အသစ်ကို ဇန်နဝါရီနှင့်ဖေဖော်ဝါရီလများအတွင်း ဝေငှကြမည်။ ထူးခြားသောတင်ပြချက်များက ယင်းစာအုပ်ကိုထောက်ခံရန်နှင့် အခြားသူတို့ကိုအားတက်သရောဝေငှရန်ကျွန်ုပ်တို့အတွက်ဖြစ်စေသည်။ ထာဝရအသက်ရလိုသူတိုင်း ယေရှုခရစ်နှင့်ဆိုင်သောအသိပညာကိုရယူရမည်။ ဤစာအုပ်ကိုထုတ်ဝေရန်ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုက အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသားအားဖြင့် စိတ်ရင်းမှန်ရှိသူတို့၏ဘဝကိုများစွာအကျိုးသက်ရောက်စေနိုင်ပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ