စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးရန် ဘာပြောဆိုနိုင်
၁ သတင်းကောင်းဟောပြောခြင်း၏အဓိကရည်ရွယ်ချက်မှာ စာပေများဝေငှရုံမက တပည့်များဖြစ်စေရန်ဖြစ်သည်။ ထိုကြောင့် စိတ်ဝင်စားသူကိုတွေ့ဆုံပြီးနောက် ပျိုးခဲ့သောမျိုးစေ့ကို ပြုစုပေးရန်လိုသည်။ ကျန်းမာသောဝန်းကျင်အခြေအနေကို မိမိပြုစုပျိုးထောင်ပြီးနောက် ယေဟောဝါသည် ထိုသူအား ဝိညာဉ်ရေးဘက် ကြီးထွားလာစေမည်။ (၁ ကော၊ ၃:၆) အထက်တွင်ဖော်ပြထားသည့် ဦးဆုံးတင်ဆက်နည်းအပြင် အဘယ်အရာကိုဆက်ပြုလုပ်ပေးနိုင်မည်နည်း။ သင်တွေ့ကြုံနိုင်သည့် အခြေအနေအမျိုးမျိုးကို ဤတွင်ဖော်ပြထားသည်။
၂ တွေ့ရှိသောစိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ခြင်း။ “အရင်တစ်ခါ စကားပြောခွင့်ရတုန်းက ခင်ဗျားအလုပ်များနေတဲ့ကြား အနာဂတ်အတွက် စိုးရိမ်တဲ့အကြောင်း အချိန်ယူပြောဆိုတယ်။ ဗျာဒိတ် ၁:၃ မှာ ‘ကန့်သတ်ထားချိန်နီးပြီ’ လို့ဖတ်ခဲ့ကြတာ သတိရမယ်။ ကျွန်ုပ်တို့အားလုံးရဲ့ နောင်ရေးနှင့်သက်ဆိုင်နေတယ်။ အနာဂတ်အကြောင်း ဒီစာအုပ်ကဘာပြောထားတယ်ဆိုတာ သတိပြုပါ။ [Revelation Climax စာအုပ်၊ စာမျက်နှာ ၁၇ အပိုဒ် ၁၁ ကိုဖတ်ပါ။] ဒီစာအုပ်က ဗျာဒိတ်ကျမ်းမှ ပရောဖက်ပြုချက်အားလုံးကို ပြန်သုံးသပ်ပေးထားတယ်။ ကိုယ်တိုင်ဘယ်လိုအကျိုးခံစားနိုင်တဲ့အကြောင်း တင်ပြထားသည်။ ပိုမိုသိရှိလိုပါသလား။”
၃ ကျမ်းစာသင်အံမှုစရန် Revelation Climax စာအုပ်ကိုအသုံးပြုခြင်း။ “ပြန်တွေ့ဆုံရတာ ဝမ်းသာတယ်။ သင်နဲ့ထားရစ်ခဲ့သောစာအုပ်မှ ထပ်ဆင့်ဖော်ပြလိုသည့်အချက်တစ်ခုရှိတယ်။ အားရှိစရာဖြစ်တယ်။ ထာဝစဉ်အသက်ရှင်မည့်သူများနှင့်ပတ်သက်ပြီး ‘အသက်စာစောင်’ အကြောင်းကျမ်းစာဖော်ပြထားတယ်။ ဒီစာစောင်ပေါ် အဘယ်နာမည်များပါရှိမည်အကြောင်း သင်သိလိုပါသလား။” Revelation Climax စာအုပ်၊ စာမျက်နှာ ၂၉၈ သို့လှန်ပါ။ အပိုဒ် ၁၁ ကိုဖတ်။ ထိုနောက်ထိုအပိုဒ်ရှိမေးခွန်းများကို မေးပါ။ အပိုဒ်အချို့ကိုဖတ်ရှုပြီးနောက် ပြန်လာ၍ဆက်ဆွေးနွေးလိုကြောင်း ကမ်းလှမ်းပြောဆိုပါ။
၄ အခြားစာပေတစ်အုပ်ကိုအသုံးပြု၍ ကျမ်းစာသင်အံမှုစခြင်း။ “ဒီနေ့အိမ်မှာတွေ့လိုက်ရတာ ဝမ်းသာတယ်။ အရင်တစ်ခါက ဗျာဒိတ် ၁:၃ ပါကျမ်းစာကတိအကြောင်း ဆွေးနွေးခဲ့တယ်။ [ပြန်ဖတ်။] ပျော်ရွှင်မှုကို အလိုလိုရမယ်လို့မဆိုထားကြောင်း သတိပြုပါ။ လိုအပ်ချက်နှစ်ခုရှိတယ်။ သမ္မာကျမ်းစာကိုဖတ်ပြီး ကျင့်သုံးရမည်ဖြစ်တယ်။ အရင်ကယူထားတဲ့ ‘ကြည့်ရှုလော့။ ငါသည်အသစ်ဖန်ဆင်းမည်’ ဘရိုရှာသည် ဘုရားသခင့်တောင်းဆိုချက်များကို လွယ်ကူစွာရှင်းပြထားတဲ့အတွက် သင်ဖတ်ရှုပြီး ပျော်ရွှင်မှုရပါလိမ့်မယ်။ စာမျက်နှာ ၃၀ မှာလူအများမေးတတ်တဲ့မေးခွန်းများပါသည်။ ဘယ်မေးခွန်းရဲ့အဖြေကို သင်ရလိုသလဲ။” အိမ်ရှင်ဖြေပြီးနောက် မေးခွန်းအဖြေပါသည့်စာမျက်နှာသို့ဖွင့်ကာ ကျမ်းစာသင်အံမှုစနိုင်သည်။
၅ စိတ်ဝင်စားမှုလှုံ့ဆော်ပေးရန် ရုပ်ပုံများကိုအသုံးပြု။ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်တွင် ရုပ်ပုံများစွာပါသည်။ စိတ်ဝင်စားမှုနှိုးဆော်ပေးရန် ယင်းတို့ကိုအသုံးပြုနိုင်ပါသည်။ ဥပမာ၊ ပြန်လည်ပတ်မှုပြုရာတွင် စာမျက်နှာ ၂၄၃-၆ သို့လှန်ပြီး မိသားစုများအဝင်ဖြစ်သည့် ဖခင်၊ မိခင်၊ သားသမီး နှင့် လင်သား၊ ဇနီးသည်မိန်းမများအတွက် ဘုရားသခင့်တောင်းဆိုချက်များ မည်သို့ရှိကြောင်းကို ရှင်းပြနိုင်သည်။
၆ ပြန်လည်ပတ်မှုသွားချိန်တွင် ပထမအကြိမ်လည်ပတ်ချိန်ကအုတ်မြစ်အပေါ် ထပ်ဆင့်ပြောဆိုနိုင်သည်။ ကျွန်ုပ်တို့ဓမ္မအမှု၏ ဤကဏ္ဍကို အထူးသတိပြုခြင်းသည် ယေဟောဝါထံတော်မှ ကျွန်ုပ်တို့အတွက်နှင့် ကျွန်ုပ်တို့စကားကိုနားထောင်သူများအတွက် ကောင်းချီးများစွာရှိပါလိမ့်မည်။—၁ တိ၊ ၄:၁၆။