ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၉၆ စာ. ၄-၈
  • သူတို့နားလည်ရန် ကူညီပေးလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့နားလည်ရန် ကူညီပေးလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်သောပျော်ရွှင်မှုအတွက် သော့ချက်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးရန် ဘာပြောဆိုနိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဘုရားသခင့်ထံတော်မှအသိပညာက မေးခွန်းများစွာကိုဖြေကြားပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • တုံ့ပြန်မှုရသော တင်ဆက်ပြောဆိုချက်များ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၂/၉၆ စာ. ၄-၈

သူတို့နားလည်ရန် ကူညီပေးလော့

၁ အဘယ်အရာကိုနားလည်စေရန်နည်း။ သမ္မာတရားကို သူတို့သဘောပေါက်နားလည်ရန် ကူညီပေးပါ။ မိသားစုအသိုင်းအဝိုင်းများအတွင်း ပြဿနာ အဘယ်ကြောင့်ထူပြောနေရကြောင်း သိရှိပါစေ။ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို သိကျွမ်းပြီး သူတို့မိသားစုဘဝတွင် ကျမ်းစာသြဝါဒကို ကျင့်သုံးနိုင်ကြစေရန် ကူညီပါ။ သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း စာအုပ်ကို စိတ်ဝင်စားသူတို့အား ကျွန်ုပ်တို့ဝေငှခဲ့ပြီ။ ၎င်းကို အကောင်းဆုံးနည်းဖြင့် အသုံးပြုကြရန် မည်သို့ကူညီပေးနိုင်သနည်း။

၂ ကျမ်းစာမူများကို မိမိအိမ်ထောင်တွင် ကျင့်သုံးခြင်းအကြောင်း သင်ဆွေးနွေးခဲ့မည်ဆိုလျှင် ဤသို့ပြောဆိုခြင်းက ပြန်၍စိတ်ဝင်စားမှုနှိုးဆွပေးပေမည်–

▪ “ကျမ်းစာမူများကို ကျင့်သုံးခြင်းဟာ မိသားစုမှာ ဘယ်လိုငြိမ်သက်မှု၊ သာယာမှုရှိစေနိုင်တဲ့အကြောင်း အရင်တစ်ခေါက်က ဆွေးနွေးခဲ့ကြတယ်။ အဲဒီတုန်းကယူထားတဲ့ မိသားစုဘဝ စာအုပ်က အဲ့ဒီလိုဖြစ်ရအောင် ကူညီပေးမယ်။” စိတ်ဝင်စားသူကို စာအုပ်ယူလာစေပြီး စာမျက်နှာ ၄၀ အခန်း ၄ ကိုဖွင့်စေပြီး ခေါင်းစဉ်နှင့် ပထမအပိုဒ်ကို ဖတ်ပြီးနောက် ဤသို့ဆိုနိုင်ပေမည်– “လေးစားခံရသူဖြစ်နိုင်တဲ့နည်းနဲ့ပတ်သက်ပြီး ယေဟောဝါဘုရားသခင်နဲ့ ယေရှုခရစ်တို့ဟာ ပုံနမူနာကောင်းတွေဖြစ်တယ်။ အပိုဒ် ၆ ကိုကျေးဇူးပြု၍ဖတ်ပါ။ အခန်းငါးက ဇနီးသည်များအတွက် စိတ်ဝင်စားစရာဖြစ်တယ်။ မိမိလင်ယောက်ျားရဲ့ ချစ်မြတ်နိုးမှုကို ဇနီးတစ်ဦး ဘယ်လိုရနိုင်မယ့်အကြောင်းပဲ။” စာမျက်နှာ ၅၅ သို့ဖွင့်ပြီး ခေါင်းစဉ်နှင့် အပိုဒ် ၆၊ ၃၉ နှင့် ၄၀ တို့ကိုဖတ်စေပါ။ “ဒီစာအုပ်ကို အစကနေ စဖတ်မယ်ဆိုရင် လင်နဲ့မယားပဲမကဘူး ကလေးအကြီးအငယ်တို့အတွက်ပါ များစွာအကူအညီဖြစ်မယ်။” ထပ်ဆင့်ဆွေးနွေးရန်အတွက် ပြန်လာဖို့ ကမ်းလှမ်းပါ။

၃ ပထမအကြိမ်လည်ပတ်ချိန်တွင် ယောဟန် ၁၇:၃ ကိုဆွေးနွေးခဲ့မည်ဆိုလျှင် ကျမ်းစာအသိပညာတိုးပွားဖို့လိုကြောင်းကို ဤသို့ပြောဆိုခြင်းအားဖြင့် အလေးအနက်ဖော်ပြနိုင်ပေမည်–

▪ “ဘုရားသခင်ကိုသိကျွမ်းခြင်းဟာ ထာဝရအသက်ရစေနိုင်ပြီး မိသားစုတစ်စုလုံးအတွက် ငြိမ်းချမ်းသာယာမှုပေးနိုင်တဲ့အကြောင်း ယောဟန် ၁၇:၃ ကိုအရင်တစ်ခေါက်ကဖတ်ပြီး ရှင်းပြခဲ့တယ်။ ဒါပေမဲ့ ယနေ့လိုကမ္ဘာမျိုးပေါ်မှာ ထာဝစဉ် အသက်ရှင်ချင်ပါ့မလား။ [ဖြေဆိုပါစေ။] လူအများစုက နေချင်မှာမဟုတ်ဘူး။ ဒါကြောင့် ဘုရားသခင်ပေးထားတဲ့ ကတိတွေကိုသိရတဲ့အခါ တကယ်ဝမ်းသာမှာပဲ။ အရင်တစ်ခေါက်က ရောမ ၆:၂၃ ကိုလည်းဖတ်သေးတယ်။” စာမျက်နှာ ၁၈၃ အပိုဒ် ၅ သို့ဖွင့်ပါ။ “ဘုရားသခင်ရဲ့ကတိတော်များအကြောင်းကို ဒီစာအုပ်က ပိုသိကျွမ်းစေမယ်။” ထပ်ဆင့်ဆွေးနွေးရန် ပြန်လာမည်ဟု ကမ်းလှမ်းပါ။

၄ “ကြည့်ရှုလော့” ဘရိုရှာ၏မျက်နှာဖုံးပါ ရုပ်ပုံကို အသုံးပြုခဲ့မည်ဆိုလျှင် ၎င်းရုပ်ပုံကိုပြန်ပြပြီး ဤသို့ပြောနိုင်ပေသည်–

▪ “ဘုရားသခင်ရဲ့နိုင်ငံတော်အောက်မှာ လူတို့ခံစားရမယ့် ဒီပုံမှာပါတဲ့ ကောင်းချီးများအကြောင်းကို ကျွန်တော်တို့ ဆွေးနွေးခဲ့တယ်။ အဲ့ဒီနိုင်ငံတော်လက်အောက်မှာ နေထိုင်ချင်ရင် ဘာလုပ်ရမယ်ထင်သလဲ။ [ဖြေဆိုပါစေ။] ကျမ်းစာခေတ်ကလူတချို့ဟာ ကျွန်တော်တို့အတုယူသင့်တဲ့ ပုံနမူနာတွေ ချထားခဲ့တယ်။” တမန်တော် ၁၇:၁၁ ကိုဖတ်ပြီး ‘ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှု’ ရန်လိုကြောင်းကို အလေးအနက်ဖော်ပြပါ။ ယေဟောဝါသက်သေများသည် ရပ်ကွက်တွင်ရှိ စိတ်ရင်းမှန်သူများအား ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာ၍ သဘောပေါက်နားလည်ရန် ကူညီပေးနေကြကြောင်း ရှင်းပြပါ။

၅ အလုပ်များလွန်းသဖြင့် စကားမပြောအားသောအိမ်ရှင်တစ်ဦးကို ဝေစာတစ်ခုပေးခဲ့မည်ဆိုလျှင် ဤသို့ပြန်ချဉ်းကပ်နိုင်ပေမည်–

▪ “မကြာသေးခင် ရောက်လာတုန်းက ခင်ဗျားအလုပ်အတော်များနေတယ်။ ဝေစာတစ်ခုထားရစ်ခဲ့တာ မှတ်မိမှာပါ။ အဲ့ဒီထဲမှာ ဒီလိုပြောတယ်– ‘. . . ’” [သင့်တော်သောအပိုဒ်ကိုဖတ်ပြပြီး ဆက်ဆွေးနွေးပါ။] ဘရိုရှာ သို့မဟုတ် မိသားစုဘဝ စာအုပ်ကို ဝေငှလိုပေမည်။

၆ စိတ်ဝင်စားသူဖြစ်လျှင် ထာဝစဉ်အသက်ရှင် စာအုပ်ကိုပြပြီး ယင်းနှင့်သင်အံမှုစတင်လိုပေမည်။ “အတွေ့အကြုံနည်းသူများကို သဘောပေါက်” စေရန် ကူညီပေးရာတွင် ပျော်ရွှင်မှုများစွာ အမှန်ရရှိပေလိမ့်မည်။—ဆာ. ၁၁၉:၁၃၀၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ