ကျမ်းစာသင်အံမှုများကို သင်ကမ်းလှမ်းနေသလော
၁ ကျမ်းစာသင်ဖို့အခွင့်အရေးကမ်းလှမ်းရာတွင် တိုက်ရိုက်နည်းကိုအသုံးပြုခြင်းအားဖြင့် အောင်မြင်မှုရရှိသူများစွာရှိပါသည်။ အကြိမ်ကြိမ်စာပေများလက်ခံမယူသူတစ်ဦးသည် ကျမ်းစာသင်အံမှုကမ်းလှမ်းခံရသည့်အခါ ချက်ချင်းလက်ခံခဲ့သည်။ သူက “ကျမ်းစာသင်ချင်တာကြာပြီ” ဟုသူဖြေဆိုသည်။ သင်အံမှုစခဲ့၍ တစ်အိမ်ထောင်လုံး အလျင်အမြန်တိုးတက်ခဲ့ပါသည်။
၂ သင်အံမှုများစတင်ရန် အားလုံးစိတ်စွဲလမ်းသင့်သည်။ ခရစ်တော်၏တပည့်များဖြစ်လာရန် တိုးတက်မှုရှိရမည်ဆိုလျှင် သူတို့အားသွန်သင်ပေးရမည်။ (မ၊ ၂၈:၁၉၊ ၂၀) သွန်သင်မှုရရန် သူတို့နှင့်ကျမ်းစာသင်အံမှုပြုလုပ်ပေးရမည်။ သမ္မာကျမ်းစာနှင့်ဘုရားသခင့်ကတိတော်များအကြောင်း ပိုမိုသိရှိရန် မည်သို့ပြုလုပ်နိုင်ကြောင်း သရုပ်ပြပေးရုံနှင့် ကျမ်းစာသင်အံမှုများကို စတင်ပေးနိုင်ပါလိမ့်မည်။ ကမ္ဘာသစ်တွင်ငြိမ်ချမ်းသောအသက်တာဝေစာနှင့် ညီအစ်ကိုတစ်ဦးသည် သင်အံမှုငါးခုစတင်နိုင်ခဲ့သည်။ သူ၏သင်အံမှုများကို မှန်မှန်မပြုလုပ်နိုင်သည့်အတွက် အခြားကြေညာသူများကို လွှဲပြောင်းပေးခဲ့ရပါသည်။
၃ သင်အံမှုများလွယ်ကူစွာစနိုင်မည်ဆိုလျှင် အခြားကြေညာသူများကိုခေါ်သွားပြီး သူတို့အတွက်သင်အံမှုများရှာပေးနိုင်သည်။ သို့မဟုတ် မိမိ၌ရှိသောသင်အံမှုအချို့ကို အသင်းတော်ရှိအခြားသူတို့အား လွှဲပြောင်းပေးနိုင်မည်။ ကျမ်းစာသင်အံမှုရလိုလျှင် တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ သင်တွေ့ဆုံသူတစ်ဦးအား ကျမ်းစာသင်အံမှုကမ်းလှမ်းကြည့်ပါ။ တစ်ခါတွင် ကြေညာသူတစ်ဦးသည် စိတ်ဝင်စားမှုမရှိလှသော ဆယ်ကျော်သက်အမျိုးသမီးလေးတစ်ဦးထံ ပြန်လည်ပတ်သွားပါသည်။ မည်သို့ဆိုစေကာမူ သူအားကျမ်းစာသင်အံမှုကမ်းလှမ်းလေသော် သူမလက်ခံခဲ့သည်။ ယခုဤသူသည် နှစ်ခြင်းခံပြီးရုံမက သူ့အမနှင့်အမယောက်ျားပါ စည်းဝေးများတက်နေပြီ။—ဂလ၊ ၆:၆။
၄ ကျမ်းစာသင်အံမှုစထားပြီးနောက် လူတိုင်းဆက်လေ့လာမည်ကားမဟုတ်ပါ။ လေ့လာသူတိုင်း သမ္မာတရားရလိမ့်မည်မဟုတ်ပါ။ သို့သော်အချို့ယုံကြည်လက်ခံလာမည်။ သင်အံမှုများများစနိုင်လေ အခြားသူတို့အား ယေဟောဝါကိုချီးမွမ်းသူများဖြစ်လာစေရန်ကူညီပေးဖို့ အကြောင်းပိုများလေဖြစ်သည်။