သတင်းကောင်းဝေငှခြင်း—အိမ်တွင်းကျမ်းစာသင်အံမှုကမ်းလှမ်းခြင်း
၁ ခရစ်တော်တပည့်ဖြစ်စေရာတွင် စိုက်ပျိုး၍ရေလောင်းရန် ကျွန်ုပ်တို့တာဝန်ကို ၁၉၉၁ ခု၊ ဩဂုတ်လထုတ် နိုင်ငံတော်ဓမ္မအမှု စာစောင်တွင်သတိပေးထားသည်။ နိုင်ငံတော်သတင်းကောင်းတုံ့ပြန်သူတို့ကိုချစ်သောမေတ္တာက သူတို့ကိုကျမ်းစာသင်ပေးရန်လှုံ့ဆော်သင့်ကြောင်း ယင်းကဖော်ပြသည်။ ကျမ်းစာသင်အံမှုကမ်းလှမ်းခြင်းက တပည့်ဖြစ်စေခြင်းတာဝန်ကို ကျေပွန်ရန်ကူညီသည်။—မ၊ ၂၈:၁၉၊ ၂၀။
၂ ကောင်းသောအားပေးချက်များကို ကျွန်ုပ်တို့အများ လက်တွေ့သုံးနေကြသည်ကိုမြင်ရခြင်းကား ကောင်းပေစွ။ မှတ်တမ်းများက ကျမ်းစာသင်အံမှုများစွာတိုးလာကြောင်းပြသည်။ ၁၉၉၁ ခုနှစ်မြန်မာပြည်ကျမ်းစာသင်အံမှုမှတ်တမ်းမှာ ၁၉၉၀ ပြည့်နှစ်လုပ်ငန်းတော်ထက် ၅ ရာခိုင်နှုန်းတိုးတက်သည်။ ဦးဆုံးအကြိမ်သင်အံမှုကျင်းပသူတို့လည်း တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင်ပျော်မွေ့ကြသည်။ သို့သော် ဤအကျိုးပေးသည့်ဓမ္မအမှုကဏ္ဍတွင်တိုး၍ မည်သို့ပါဝင်နိုင်သေးသနည်း။
၃ တစ်လအတွင်းဝေငှရမည့်စာပေများကိုသုံးခြင်း။ သင့်၌ရှိသောနိုဝင်ဘာလဝေငှရမည့်စာအုပ်တစ်အုပ်အုပ်ပါ အခန်းတစ်ခုကိုရွေးချယ်ပြီး ကျမ်းစာသင်အံမှုစတင်နိုင်ရန်ကြိုးစားကြည့်ပါ။ အသေးစိတ်ပြင်ဆင်ရန်လိုအပ်၏။ အိမ်ရှင်စိတ်ဝင်စားမှုတိုးပွားစေသည့်နည်းကောင်းများကို Reasoning စာအုပ်ပါအကြံပေးချက်များတွင်ရနိုင်သည်။
၄ Reasoning စာအုပ်စာမျက်နှာ ၁၀ ပါနိဒါန်းများကိုအသုံးပြုနိုင်သည်။ ကျမ်းစာကိုတိုက်ရိုက်အာရုံစိုက်စေသည့် နည်းငါးနည်းတင်ပြထားသည်။ ဘဝပြဿနာများအတွက် ကျမ်းစာမှအဖြေရှာရန် လူများကိုအားပေးထားသည်။ သို့ဖြင့် ကျမ်းစာသင်အံမှုစတင်ရန် လမ်းပွင့်လာသည်။
၅ ဘုရားသခင့်နှုတ်ကပါဌ်တော် စာအုပ်ကို သင်ဝေငှမည်ဆိုပါက Reasoning စာအုပ်စာမျက်နှာ ၁၂ ပါ “အိမ်တွင်းကျမ်းစာသင်အံမှု” ခေါင်းစဉ်ခွဲအောက်တွင် ထိုစာအုပ်ကိုတိုက်ရိုက်အာရုံစိုက်စေသောအချက်နှစ်ချက်သည် သင့်အတွက်အသုံးဝင်ပေမည်။ အကြံပေးချက်နှစ်ခုလုံး ထိုစာအုပ်ကို စနစ်ကျသည့်သင်အံမှုနည်းစနစ်ဖြင့်အသုံးပြုရန် အားပေးထားသည်။ သင်အံမှုစရန် တိုက်ရိုက်ချဉ်းကပ်နည်းကိုအသုံးပြုပါက ၁၉၉၁ ခု၊ စက်တင်ဘာလထုတ် နိုင်ငံတော်ဓမ္မအမှု စာစောင်ပါအကြံကောင်းများကို လိုက်နာနိုင်သည်။
၆ ယေဟောဝါကိုယုံစားပါ။ ကျမ်းစာသင်အံမှုလုပ်ငန်းတွင် ယေဟောဝါအကူအညီအားဖြင့်သာအောင်မြင်မှုရရှိနိုင်ကြောင်း မမေ့သင့်။ လူများကိုကူညီရန် ကျွန်ုပ်တို့ကြိုးစားရာတွင် ကိုယ်တော်သည်အဓိကကဏ္ဍမှပါဝင်သည်။ (၁ ကော၊ ၃:၆) ထို့ကြောင့် ကျမ်းစာသင်အံမှုရရန်အတွက်သာမက တိုးတက်သောကျမ်းစာသင်သားဖြစ်စေရန်အတွက်ကိုပါ ဆုတောင်းသင့်သည်။ (ယော၊ ၁၆:၂၃) ကျွန်ုပ်တို့သည် “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်” များဖြစ်ကြောင်း သတိရသင့်သည်။—၁ ကော၊ ၃:၉။