ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၃ စာ. ၁-၅
  • အိမ်တွင်းကျမ်းစာသင်အံမှုများကို စခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်တွင်းကျမ်းစာသင်အံမှုများကို စခြင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာသင်အံမှုများကို သင်ကမ်းလှမ်းနေသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • သတင်းကောင်းဝေငှခြင်း—တိုက်ရိုက်ချဉ်းကပ်နည်းဖြင့် သင်အံမှုများစခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • သတင်းကောင်းဝေငှခြင်း—အိမ်တွင်းကျမ်းစာသင်အံမှုကမ်းလှမ်းခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • အလိုရှိသည်—နောက်ထပ်ကျမ်းစာသင်အံမှုများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၉/၉၃ စာ. ၁-၅

အိမ်တွင်းကျမ်းစာသင်အံမှုများကို စခြင်း

၁ ခရစ်ယာန်စစ်များအတွက် အကျိုးအရှိဆုံးနှင့် စိတ်ကျေနပ်မှုအပေးဆုံးတွေ့ကြုံမှုများအနက်တစ်ခုကား အိမ်တွင်းသမ္မာကျမ်းစာသင်အံမှုအားဖြင့် တစ်ဦးတစ်ယောက်အား သမ္မာတရားသင်ပေးခြင်းဖြစ်သည်။ သို့ဖြစ်၍ပင် မိမိသည် ကျမ်းစာသင်အံမှုစ၍ မကျင်းပနိုင်ဟု ယူမှတ်သူအချို့သည် ဓမ္မအမှုအဝင် ဤအားရှိစရာအမှုကို မခံစားရဘဲ နေပေမည်။ ထူးခြားစွာအောင်မြင်နေသောကြေညာသူနှင့်ရှေ့ဆောင်အချို့ပင် တစ်ချိန်က ဤသို့ခံစားခဲ့ကြရသည်။ သို့ရာတွင် ယေဟောဝါကိုအားကိုးခြင်း၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ အကြံပြုချက်များကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ကျမ်းစာသင်အံမှုများစပြီး ကျင်းပတတ်လာကြပါသည်။ သို့ဖြစ်၍ ဓမ္မအမှု၌ သူတို့သည် ပျော်ရွှင်မှုပိုရရှိခဲ့ကြပြီ။ အသင်လည်း ထပ်တူပန်းတိုင်ထားရှိနိုင်ပါသည်။

၂ တိုက်ရိုက်နည်းနှင့် ဝေစာများကိုအသုံးပြုခြင်း: သင်အံမှုစရန် အလွယ်ကူဆုံးနည်းတစ်နည်းကား တိုက်ရိုက်နည်းပင်ဖြစ်သည်။ အချို့သူများလိုအပ်နေသည်ကား ကျမ်းစာလေ့လာရန် နွေးထွေးသောဖိတ်ခေါ်ချက်ဖြစ်သည်။ အိမ်ရှင်အား “အိမ်တွင်းကျမ်းစာသင်လိုပါသလား။ ကျမ်းစာအသိပညာတိုးပြီး ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို သိချင်သလား” ဟူ၍သာမေးဖို့လိုပါသည်။ သို့မဟုတ် အိမ်တွင်းကျမ်းစာသင်အံမှုကို မည်သို့ကျင်းပပေးကြောင်း တင်ပြရန် အသင့်ရှိသည်ကို အိမ်ရှင်အား ပြောပြနိုင်သည်။ ဤကမ်းလှမ်းချက်ကို လူအများလက်ခံလိမ့်မည်မဟုတ်သော်လည်း လက်ခံသူတစ်ဦးတစ်ယောက်ကို တွေ့ရှိသည့်အခါ သင်မည်မျှ ရွှင်လန်းနိုင်မည်တကား။

၃ ကျမ်းစာသင်အံမှုစနည်း အခြားတစ်နည်းမှာ ဝေစာများကို အသုံးပြုခြင်းဖြင့်ဖြစ်သည်။ သေးငယ်သော်လည်း ယင်းတို့၌ပါသောသတင်းတရားသည် တန်ခိုးပါ၍ ယုံကြည်နိုင်ဖွယ်ဖြစ်သည်။ ဝေစာဖြင့် သင်အံမှု မည်သို့စတင်နိုင်မည်နည်း။ အိမ်ရှင်စိတ်ဝင်စားမည်ထင်သည့် ဝေစာတစ်ခုကိုပေးရုံပေးခြင်းအားဖြင့်ဖြစ်သည်။ ထိုနောက် ကိုယ်ကစတင်၍ သင်နှင့်အတူ ပထမအပိုဒ်ကိုဖတ်ကြည့်ရန် အိမ်ရှင်အား ဖိတ်ခေါ်ပါ။ ကိုးကားထားသောကျမ်းချက်များကို ဖွင့်ဖတ်ပြီး ဆွေးနွေးနေသည့်အကြောင်းနှင့် သက်ဆိုင်ပုံကို ဆင်ခြင်သုံးသပ်ပါ။ ပထမလည်ပတ်ချိန်တွင် အပိုဒ်တစ်ပိုဒ်နှစ်ပိုဒ်ကိုသာ သုံးသပ်လိုပေမည်။ သမ္မာကျမ်းစာမှ စိတ်ဝင်စားဖွယ်ရာများကို သိရှိလာနေကြောင်း အိမ်ရှင်သဘောပေါက်လာသည့်အခါ သင့်ဆွေးနွေးချိန်ကို တိုးပေးနိုင်ပေမည်။

၄ သမ္မာကျမ်းစာကိုသာ အသုံးပြုခြင်း: တစ်ခါတစ်ရံ ကျမ်းစာကိုဆွေးနွေးရန် သဘောတူသော်လည်း စနစ်ကျနစွာလေ့လာခြင်း၊ သို့မဟုတ် အသင်းမထုတ် စာပေများကို အသုံးပြုခြင်းကို မလိုလားသူ အချို့ရှိပါသည်။ ထာဝစဉ်အသက်ရှင်၊ သို့မဟုတ် Reasoning စာအုပ်မှ စိတ်ဝင်စားစရာ ကျမ်းစာအကြောင်းများကို ကြိုတင်ပြင်ဆင်ပြီး စိတ်ဝင်စားသူထံလည်ပတ်သည့်အခါ ကျမ်းစာကိုသာအသုံးပြုခြင်းအားဖြင့် ကျမ်းစာသင်အံမှုစပြီး ကျင်းပနိုင်ပါသည်။ အခြေအနေအရ ဤဆွေးနွေးခန်းများသည် ၁၅ မိနစ်မှ မိနစ် ၂၀ သို့မဟုတ် ထိုထက်ကြာရှည်နိုင်သည်။ သမ္မာတရားကို တိုး၍တိုး၍ သိရှိလာသည့် သွန်သင်နည်းဖြင့် ဤသို့မှန်မှန်ပြုလုပ်ပါက ကျမ်းစာသင်အံမှုကို သင်စထားပြီဖြစ်၍ ယင်းကို မှတ်တမ်းသွင်းနိုင်ပါသည်။ အချိန်တန်လျှင် ထာဝစဉ်အသက်ရှင်စာအုပ်ကို သင်ပြပြီး ယင်းနှင့်စည်းစနစ်ကျနစွာ သင်အံမှုပြုနိုင်ပေလိမ့်မည်။

၅ လယ်ကွင်းဓမ္မအမှုတွင် အခွင့်အရေးများရရှိနိုင်မည့်အပြင် အိမ်နီးချင်း၊ အပေါင်းအသင်း၊ သို့မဟုတ် မိသားစုရှိသူတို့နှင့် ကျမ်းစာသင်အံမှုစတင်ရန် ကြိုးစားခဲ့ဖူးပါသလော။ ထိုသို့ကြိုးစားခဲ့ခြင်းသည် အတန်ကြာသွားပြီလော။ မကြာမီက ပြန်စမ်းကြည့်ဖူးပြီလော။ တစ်နည်းမအောင်မြင်လျှင် အခြားနည်းတစ်နည်းကို ကြိုးစားစမ်းကြည့်ဖူးပါသလော။

၆ အကြံပြုချက်များကို သင်ကျင့်သုံးမည်၊ လယ်ကွင်းလုပ်ငန်း၌ ဇွဲလုံ့လရှိရှိပါဝင်မည်၊ ယေဟောဝါ၏ကောင်းချီးကိုရမည်ဟု စိတ်ချနေမည်ဆိုလျှင် သင်အံမှုများစတင်ရန် သင်အောင်မြင်မှုရနိုင်ပါလိမ့်မည်။ သမ္မာတရား၏တန်ခိုးနှင့်တကွ ယေဟောဝါပေးတော်မူသောအကူအညီကို မည်သည့်အခါမျှ အထင်မသေးပါနှင့်။ အိမ်တွင်းကျမ်းစာသင်အံမှုများစတင်၍ ကျင်းပခြင်းအားဖြင့် ဓမ္မအမှု၌ သင့် ရွှင်လန်းမှုကို တိုးပွားနိုင်ပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ