တစ်အိမ်မှတစ်အိမ် ထိရောက်စွာအမှုဆောင်ခြင်း
၁ ယနေ့ “သတင်းကောင်း” ကိုမြေကြီးတစ်ဝန်းဟောပြောနေပြီ။ (မ၊ ၂၄:၁၄) ယင်းကို အဓိကအားဖြင့် တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းဖြင့် ပြီးမြောက်ဆောင်ရွက်နေကြသည်။—တ၊ ၂၀:၂၀၊ ၂၁။
၂ ကျွန်ုပ်တို့၏တင်ဆက်ပုံများသည် ကြုံတွေ့ရသူတို့အတွက် အဓိပ္ပာယ်ရှိနေရမည်။ အမျိုးသား၊ အမျိုးသမီးနှင့်လူငယ်များ၏ စိတ်ဝင်စားရာတို့မှာ မတူကြပါ။ ယင်းကြောင့် ရပ်ကွက်ရှိသူတို့နှစ်ခြိုက်မည့် ကျမ်းစာမှအကြောင်းအမျိုးမျိုးကို အသင့်ပြင်ဆင်ထားလျှင်ကောင်းလိမ့်မည်။
၃ စာပေစာတမ်းများကို ကောင်းစွာအသုံးပြု။ ထာဝစဉ်အသက်ရှင်စာအုပ်သည် နေရာတိုင်းရှိလူအသီးအသီးနှစ်ခြိုက်ဖွယ် အကြောင်းအမျိုးမျိုးပါရှိသည်။ ရုပ်ပုံများနှင့်ပုံဥပမာများသည် ထိရောက်စွာကူညီပေးပါလိမ့်မည်။ ဤစာအုပ်သည် လူတို့နှစ်ခြိုက်ဖွယ်ဖြစ်ပြီး ဆုံးဖြတ်ချက်များချဖို့လိုကြောင်း၊ ယုံကြည်ချက်များ၊ အကျင့်များ၊ စိတ်သဘောထားနှင့် ဘဝပုံစံကိုပင် ပြောင်းလဲဖို့လိုကြောင်း လူတို့အားသဘောပေါက်စေသည်။ ထာဝစဉ်အသက်ရှင်စာအုပ်ပါအကြောင်းများကို စေ့ငစွာသိရှိထားသင့်သည့် အကြောင်းနှစ်ကြောင်းရှိသည်။ တစ်ခုကား ဤသို့သိထားခြင်းအားဖြင့် အကြောင်းအမျိုးမျိုးကို လူတို့နှင့်ထိရောက်စွာပြောဆိုစေမည်။ အခြားတစ်ကြောင်းမှာ ဤစာအုပ်ကိုဝေငှရန် မြန်မာဘာသာဖြင့်မရှိသည့်အတွက် အခြားဘာသာများဖြင့်ပုံနှိပ်ထားသည့် ယင်းစာအုပ်ကိုဝေငှသည့်အခါ စာအုပ်တွင်းရှိအကြောင်းများကိုသိထားခြင်းက ဝေငှနိုင်ရန် အထောက်အကူပြုပါလိမ့်မည်။ ယင်းတို့ကို ဆွေးနွေးတင်ပြခြင်းဖြင့် အိမ်ရှင်၏စိတ်ဝင်စားမှု မည်မျှရှိသည်ကိုသိရှိစေမည်။
၄ ဓမ္မအမှု၌ထိရောက်မှုရှိရန် အိမ်ရှင်၏အကျိုးကို တကယ်လိုလားကြောင်း တင်ပြဖို့လိုပါသည်။ (ဖိ၊ ၂:၄) အိမ်ရှင်နှင့်ပတ်သက်သည့် သူ့လိုအပ်ရာကိုအခြေခံပြီး ဘုရားသခင့်နိုင်ငံတော်ကိုခေါင်းစဉ်ထားကာ စကားစမြည်ပြောဆိုနိုင်ရန် ကြိုးစားပါ။ အိမ်ရှင်စဉ်းစားပုံကိုသိရှိရန် သက်ဆိုင်ရာမေးခွန်းများမေးမြန်းကာ သူ့စိတ်ကိုသိဖို့ကြိုးစားပါ။ သူ့အဖြေများကို အာရုံစူးစိုက်နားထောင်ပါ။ သူ၏အဖြေများက သူစိတ်ဝင်စားသည့်အကြောင်းကို ဖော်ပြပေးပါလိမ့်မည်။ နိုင်ငံတော်သတင်းတရား၏တန်ဖိုးကို လူတို့အားသိမြင်စေလိုပါသည်။ ယင်းကိုမည်သို့ပိုမိုသိကျွမ်းနိုင်မည်အကြောင်း သူတို့အားတင်ပြပါ။ မောင်နှံတစ်စုံက သူတို့ထံလည်ပတ်လာသောညီအစ်ကိုသည် မိမိတို့အကျိုးကိုတကယ်လိုလားကြောင်းတင်ပြသည့်အတွက် ကျမ်းစာသင်အံမှုလက်ခံခဲ့ကြောင်းပြောပါသည်။
၅ ကြိမ်ဖန်များစွာ အမှုဆောင်ထားသည့်ရပ်ကွက်တွင်။ ထပ်ခါတလဲအမှုဆောင်ထွက်ထားသည့်ရပ်ကွက်များတွင် ထိရောက်မှုကိုပြုစုပျိုးထောင်ပေးရန် အထူးလိုအပ်ပါသည်။ ပိုမိုထိရောက်သောဓမ္မအမှုသည် ကျွန်ုပ်တို့ရပ်ကွက်ကို တိုးချဲ့ပေးသည်။ (က၈၉ ၇/၁၅ စ စ ၁၆-၂၂) ထိုအိမ်သို့တစ်ခါမျှမရောက်ဖူးသည့်ပုံစံမပြဘဲ ယခင်တစ်ကြိမ်က အိမ်ရှင်၏သဘောကိုအသိအမှတ်ပြုကာ မိမိအကျိုးအတွက်အသုံးပြုနိုင်ပါသည်။ နောက်ဆုံးရောက်ချိန်က အဘယ်အကြောင်းဆွေးနွေးခဲ့သည်ကိုတင်ပြကာ ဆက်ပြောဆိုနိုင်ပါသည်။ ယခင်လများကထုတ်ခဲ့သော ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု နှင့် Reasoning စာအုပ်ပါ တင်ဆက်ပုံများကို မိမိတို့ရပ်ကွက်နှင့်ကိုက်ညီစွာ ပြုပြင်အသုံးပြုနိုင်ပါသည်။
၆ ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများကိုခံစားရသူ ထပ်တိုးများလာစေရန် ယေဟောဝါရှင်သည် စိတ်ရှည်စွာဖြင့် တံခါးကိုဖွင့်ပေးထားတော်မူသည်။ ယေရှုသည် လူတို့အားချစ်မြတ်နိုးသည့်အတွက် သူ၏ဓမ္မအမှု ထိရောက်ခဲ့ခြင်းဖြစ်သည်။ (မာ၊ ၆:၃၄) ကိုယ်တော်၏ပုံသက်သေကို အတတ်နိုင်ဆုံးအတုယူနေပါသလော။ (၁ ပေ၊ ၂:၂၁) တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းလုပ်ငန်းတွင် အပြည့်အဝနှင့် ထိထိမိမိပါဝင်ခြင်းကို မရှောင်မလွှဲကြစို့ လေ။—၂ တိ၊ ၄:၅။