ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၂ စာ. ၆
  • လှုံ့ဆော်သောနိဒါန်းကို ပြုစုပျိုးထောင်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လှုံ့ဆော်သောနိဒါန်းကို ပြုစုပျိုးထောင်လော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထိရောက်သော နိဒါန်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ကျိုးကြောင်းဆင်ခြင်စာအုပ်ကို သင်အသုံးပြုနေပါသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • မကြာခဏ အမှုဆောင်သည့်ရပ်ကွက်တွင် လုပ်ဆောင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ရိုးရှင်းထိရောက်သော တင်ဆက်ပုံများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၁၁/၉၂ စာ. ၆

လှုံ့ဆော်သောနိဒါန်းကို ပြုစုပျိုးထောင်လော့

၁ ကင်းမျှော်စင် နှင့် နိုးလော့တို့သည် စာရှုသူများစိတ်နှလုံးတွင် သမ္မာတရားမျိုးစေ့စိုက်ပျိုးပေးရန် အလွန်အသုံးဝင်ပါသည်။ ထိုကြောင့်ဤမဂ္ဂဇင်းများပါ ဝိညာဏရတနာများမှ အကျိုးခံစားစေရန် ယင်းတို့ကို လူတို့အိမ်များထံရောက်သွားစေနိုင်မည့် ထိရောက်သောနည်းလမ်းများကို ပြုစုလိုကြပါသည်။

၂ ကျွန်ုပ်တို့မဂ္ဂဇင်းများကို လက်ခံဖတ်ရှုလိုစိတ် အိမ်ရှင်များတွင် ပေါ်ပေါက်လာစေရန် မည်သို့လှုံ့ဆော်ပေးနိုင်မည်နည်း။ ယင်းတို့ကို နိဒါန်းပျိုးပုံပေါ် များစွာမူတည်ပါသည်။ Reasoning စာအုပ်၊ စာမျက်နှာ ၉-၁၅ တွင်ထိရောက်သောနိဒါန်းများ ပြင်ဆင်ရန် နည်းကောင်းများစွာ ပါရှိသည်။

၃ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ကိုဝေငှသည့်အခါ Reasoning စာအုပ်၊ စာမျက်နှာ ၁၀-၁၁ ပါ “လတ်တလောအဖြစ်အပျက်များ” ခေါင်းစဉ်အောက် တတိယအကြံပြုချက်ကို စမ်းကြည့်ပါ။

မိမိကိုယ်ကိုမိတ်ဆက်ပြီးနောက် သင်ပြောဆိုနိုင်သည်ကား၊

▪ “သင်ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် လောကတွင် ယနေ့ကြုံတွေ့နေရသည့် ပြဿနာအများမှ အဘယ်ပြဿနာကို ဦးဆုံးပြုပြင်ပေးလိုသနည်း။” အိမ်ရှင်တုံ့ပြန်သံကို နားစွင့်ကာ သူ့ထင်မြင်ချက်ကို အသိအမှတ်ပြုပါ။ ထိုနောက်ဤသို့ဆက်ပြောဆိုနိုင်ပါမည်။ “ဒီပြဿနာမျိုးကိုဖြေရှင်းနည်းအနေနှင့် ကျမ်းစာဘယ်လိုဆိုထားတာကို ကြည့်ပါ။ [ဟေရှာ၊ ၉:၆၊ ၇ ဖတ်] ဒါကြောင့်လူ့ပြဿနာအားလုံးတို့ရဲ့ ဖြေရှင်းနည်းက တရားမျှတသော မေရှိယယေရှုခရစ်ရဲ့ အုပ်ချုပ်မှုသာဖြစ်တယ်။” ထိုနောက်စာမျက်နှာ ၆ သို့ဖွင့်၍ “လောဘလွန်ကျူးခြင်းမရှိသည့်ကမ္ဘာကိုစိတ်ကူးကြည့်ပါ” ဆောင်းပါး၏ နောက်ဆုံးနှစ်ပိုဒ်ကို ညွှန်ပြပါ။

၄ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်အတွက် အသုံးပြုနိုင်သည့် အခြားနိဒါန်းနှစ်ခုကို Reasoning စာအုပ်၊ စာမျက်နှာ ၁၁ တွင် “အနာဂတ်/လုံခြုံမှု” ခေါင်းစဉ်အောက်တွင် တွေ့ရှိနိုင်ပါသည်။ တင်ပြထားသည့် ဆင်ခြေနှင့်မေးခွန်းများကို ကိုယ်ပိုင်စကားဖြင့်တင်ပြခြင်း၊ သို့မဟုတ် Reasoning စာအုပ်တွင်ပါသည့်အတိုင်းသာ ပြန်ပြောဆိုနိုင်သည်။ အိမ်ရှင်၏စကားကို အသိအမှတ်ပြုပြီးနောက် “လောဘလွန်ကျူးခြင်းမရှိသည့်ကမ္ဘာကို စိတ်ကူးကြည့်ပါ” ဆောင်းပါး၏ ပထမအပိုဒ်ပါ စိတ်ဝင်စားစရာ အကြောင်းကို ဆွေးနွေးတင်ပြနိုင်သည်။ ထို့နောက် ဟေရှာယ ၆၅:၂၁-၂၃ ကိုဖတ်ခြင်းအားဖြင့် နိုင်ငံတော်အုပ်ချုပ်မှုအောက်ရရှိမည့်ကောင်းချီးများကို ညွှန်ပြပါ။

၅ “လူကောင်းများ အဘယ်ကြောင့်ဒုက္ခဆင်းရဲခံရသနည်း” အကြောင်းပါ စက်တင်ဘာ ၁၅ ရက်ထုတ်ကင်းမျှော်စင်ကို သင်အသုံးပြုနေပါက Reasoning စာအုပ်၊ စာမျက်နှာ ၁၃ တွင်ရှိ “အသက်/ပျော်ရွှင်မှု” ခေါင်းစဉ်အောက် တတိယနိဒါန်းကို စမ်းကြည့်ပါလေ။ ဆာလံ ၁:၁၊ ၂ နှင့်ဆက်သွယ်ပေးပြီးနောက် ကင်းမျှော်စင်မဂ္ဂဇင်းပါ သင့်တော်သောအကြောင်းတစ်ခုကို သတိပြုစေပါ။

၆ မိမိကိုယ်ပိုင်ဘာသာရေးစာပေများရှိပါသည်ဟု ဆင်ခြေတက်လေ့ရှိသော အိမ်ရှင်များနှင့်လည်း ကြုံကြိုက်တတ်သည်။ ထိုအခါ ကျွန်ုပ်တို့ကိုယ်ပိုင်အသုံးပြုသည့် (ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကဲ့သို့သော) စာပေများလည်းရှိကြောင်း၊ သို့ရာတွင် ကျွန်ုပ်တို့၏ မဂ္ဂဇင်းများကိုကား ယေဟောဝါသက်သေများမဟုတ်သူ သန်းပေါင်းများစွာတို့ ဖတ်ရှုလေ့လာနေကြောင်း ရှင်းပြနိုင်သည်။ မဂ္ဂဇင်းများကို နှစ်စဉ်ကြေးပေးယူနိုင်ကြောင်း ထည့်ပြောပါ။ စိတ်ဝင်စားမှုနည်းလျှင် မဂ္ဂဇင်း (ကင်းမျှော်စင် နှင့် နိုးလော့) ကို အစုံလိုက်၊ သို့မဟုတ် ဝေစာကို ပြနိုင်ပါသည်။

၇ ၁ ကောရိန္သု ၃:၆ တွင်ပေါလုက “ငါသည်စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား ဘုရားသခင်ပေတည်း” ဟုဆိုပါသည်။ စိတ်ဝင်စားသူများနှလုံးတွင် သမ္မာတရားမျိုးစေ့ကို ယေဟောဝါအားကြီးပွားစေလိုလျှင် လှုံ့ဆော်တိုက်တွန်းပေးသည့် နိဒါန်းများကို အသုံးပြုခြင်းအားဖြင့် ဤမျိုးစေ့များကို ထိထိမိမိစိုက်ပျိုးပေးရန် ဂရုစိုက်သင့်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ