အရေးကြီးကိရိယာများကို ပညာရှိစွာအသုံးပြုခြင်း
၁ တစ်အိမ်မှတစ်အိမ်ဟောပြောစဉ် ကျမ်းစာနှင့် အခြားအရေးကြီး ကိရိယာများကို အသုံးပြုခြင်းအားဖြင့် ကျမ်းစာမှ တည်ဆောက်မှုပေးသော စကားစမြည်များကို အိမ်ရှင်နှင့် ပြောဆိုရန်ပန်းတိုင်ထားရှိသင့်သည်။ (၂ ကောရိန္သု ၆:၁။ ၂ တိမောသေ ၂:၁၅ နှိုင်းယှဉ်။) လတ်တလောအချိန်တွင် သင့်ရပ်ကွက်ရှိသူများ အဘယ်အကြောင်းကို စိုးရိမ်တကြီးဖြစ်နေကြသနည်း။ စီးပွားရေးအခြေအနေ၊ မိသားစုဘဝကျဆင်းနေသည့်အတွက် စိုးရိမ်နေကြပါသလော။ ဤအကြောင်းများကို နိဒါန်းပျိုးခြင်းဖြင့် ကျမ်းစာဆွေးနွေးခန်းကောင်းတစ်ခု ရရှိနိုင်ပါလိမ့်မည်။
၂ သင်ပြောဆိုနိုင်သည်ကား၊
◼ “စိန်ခေါ်ချက်ဖြစ်နေတဲ့ ဒီအချိန်အခါမှာ နေထိုင်မှုအဆင်ပြေဘို့ လူအများ အလွန်ကြိုးစားနေကြရတယ်။ လူတိုင်းအတွက် တရားမျှတစွာနဲ့ ကျွန်တော်တို့စီးပွားရေးပြဿနာများကို လူ့အစိုးရများဖြေရှင်းပေးနိုင်မယ်လို့ ခင်ဗျားထင်ပါသလား။ [အဖြေကိုနားထောင်ပါ။] ဒီအချက်က ကျွန်တော်ကို အားရှိစေခဲ့ပါတယ်။ . . . ”
၃ ထိုနောက် ဆာလံ ၇၂:၁၂-၁၄ ကိုဖတ်ကာ Reasoning စာအုပ်၊ စာမျက်နှာ ၁၅၄-၅ ပါကျမ်းချက်တစ်ခုခုကို ရွေးချယ်၍ စုစည်းပြောဆိုပါသည်။ သို့မဟုတ် ကျမ်းချက်တစ်ချက်ကိုဖတ်ရှုပြီးသည့်နောက် ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ ဝေစာမှ အပိုဒ်တစ်ပိုဒ်ကို ကိုးကားနိုင်ပါသည်။ လူငယ်များပါအပါအဝင် ကြေညာသူများစွာတို့သည် ဝေစာတစ်ခုမှ အပိုဒ်တစ်ခုကိုဖတ်ပြီး ယင်းကို အိမ်ရှင်မည်သို့သဘောထားကြောင်း မေးမြန်းခြင်းဖြင့် ကျမ်းစာသင်အံမှုများ စနိုင်ခဲ့ကြပြီ။
၄ အချို့ရပ်ကွက်များတွင် ဤသို့ချဉ်းကပ်ပြောဆိုလိုမည်။
◼ “များစွာသောသူတို့ဟာ ရှေးခေတ်က အိမ်ထောင်ရေးတန်ဖိုးထားတဲ့ပုံစံကို တွေ့ မြင်လိုကြပါတယ်။ ဘယ်လိုတန်ဖိုးထားသင့်ကြောင်း တစ်ဦးစီဆုံးဖြတ်စရာ၊ ဒါမှမဟုတ် လူတိုင်းအတွက် စံချိန်တစ်ခုရှိသင့်တယ်လို့ ခင်ဗျားသဘောထားသလား။ [ဖြေဆိုပါစေ။] ကျမ်းစာရဲ့ပညာရှိလမ်းစဉ်ကိုလိုက်လျှောက်ကြလျှင် အိမ်ထောင်ရေးဘဝ တိုး၍သာယာနိုင်လိမ့်မယ်လို့ များစွာသောသူတို့ သဘောတူညီကြပါတယ်။”
၅ ဤအချိန်တွင် ကောလောသဲ ၃:၁၂-၁၄ ပါ တမန်တော်၏စကားကို တင်ပြဆွေးနွေးခြင်း၊ သို့မဟုတ် မိသားစုဘဝကို မွေ့လျော်ခြင်း ဝေစာပါ “မည်သည့်နည်းဖြင့် အောင်မြင်နိုင်မည်နည်း” ခေါင်းစဉ်အောက်ရှိ အချက်များကိုအသုံးပြုခြင်းအားဖြင့် ပထမအကြိမ်လည်ပတ်ချိန်တွင် အိမ်တွင်းကျမ်းစာသင်အံမှုစတင်ရန် ကြိုးစားလိုပေမည်။
၆ အိမ်ရှင်သည် စိတ်ဝင်စားမှုတင်ပြမည်ဆိုလျှင် အသင်းမ၏ ၁၉၂ မျက်နှာရှိ စာအုပ်တစ်မျိုးမျိုး၏တန်ဖိုးကို သူအားတင်ပြပါ။ သူမည်မျှစိတ်ဝင်စားသည်ကို သင်မဝေဖန်နိုင်လျှင် ဝေစာ၊ မဂ္ဂဇင်း သို့မဟုတ် ဘရိုရှာပါ သင့်တော်သောအချက်တစ်ခုကိုတင်ပြခြင်းအားဖြင့် အခြားအရေးကြီးကိရိယာများကို ပညာရှိစွာအသုံးပြုပါ။
၇ ပထမရောက်ချိန်တွင် သင်အံမှုစတင်နိုင်ခဲ့မည်ဆိုလျှင် နောက်ပိုင်းရက်တစ်ရက်တွင် ဆက်ဆွေးနွေးနိုင်ရန် အသေအချာစီစဉ်ခဲ့ပါ။ အများမေးမြန်းတတ်သည့် “ဆင်းရဲဒုက္ခကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားရသနည်း” ကို နောက်တစ်ကြိမ်ဖြေဆိုပေးမည်ဟု အိမ်ရှင်နှင့်ပြန်တွေ့ဆုံဆွေးနွေးရန် ရေလာမြောင်းပေးထားနိုင်ပါသည်။ ပြန်လည်ပတ်သွားချိန်တွင် ယင်းအကြောင်းကို မည်သို့ဆွေးနွေးတင်ပြနိုင်ကြောင်း အောက်ပါဆောင်းပါးမှ အကြံဉာဏ်ရရှိနိုင်မည်။