လယ်ကွင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ပါ
၁ ကျွန်ုပ်တို့သည် လယ်ကွင်းလုပ်ငန်း၌ အပြုသဘောခြေလှမ်းများဖြင့် မှန်မှန်ပါဝင်သလော။ လစဉ် နိုင်ငံတော်ခန်းမတွင် ကျွန်ုပ်တို့၏လယ်ကွင်းလုပ်ငန်းမှတ်တမ်းများကို ချက်ချင်းသွင်းရန် ဝီရိယစိုက်ထုတ်ပါသလော။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို လစဉ် တစ်နည်းနည်းဖြင့် မတင်ပြဘဲမနေရန် ကျွန်ုပ်တို့အားလုံး အထက်ပါတို့ကို ကြိုးစားလုပ်ကိုင်သင့်သည်။—ရော၊ ၁၀:၉၊ ၁၀။
၂ ကိုယ်တိုင်မှန်မှန်ပါဝင်ခြင်းအပြင် အခြားသူများလည်း လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်စေရန် ကူညီပေးဖို့ နိုးကြားရကြမည်။ (ဖိ၊ ၂:၄) ယင်းကို မည်သို့ပြုနိုင်မည်နည်း။ ဓမ္မအမှုတွင် စအမှုဆောင်ခါစ နှစ်ခြင်းမခံရသေးသောကြေညာသူများအား ကျွန်ုပ်တို့နှင့်အတူ လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် ဖိတ်ခေါ်နိုင်ပေမည်။ မှန်မှန်ပါဝင်ရန် စီစဉ်ပေးထားခြင်းအားဖြင့် သူတို့နှလုံးထဲ သမ္မာတရားစွဲမြဲနေစေရန် အထောက်အကူပြုပေမည်။
၃ လယ်ကွင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ပါ။ လစဉ်လတိုင်း လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို သစ္စာရှိရှိသွင်းပါ။ အခြားသူများလည်း လုပ်ငန်းတော်၌ မှန်မှန်ပါဝင်ရန် ကူညီပေးပါ။ ‘ညီအစ်ကိုများအသင်းအပင်းတစ်ခုလုံးအတွက် ချစ်ခြင်း’ ကိုတင်ပြပါ။—၁ ပေ၊ ၂:၁၇။