ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၀၂ စာ. ၆
  • တိကျသောမှတ်တမ်းရရှိရန် သင်ထောက်ကူသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိကျသောမှတ်တမ်းရရှိရန် သင်ထောက်ကူသလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • လယ်ကွင်းလုပ်ငန်း၌ မှန်မှန်ပါဝင်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • သင့်အသင်းတော်စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးကို ကူညီပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • သတင်းကောင်း ကြေညာသူများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၁၂/၀၂ စာ. ၆

တိကျသောမှတ်တမ်းရရှိရန် သင်ထောက်ကူသလော

၁ ကျမ်းစာမှတ်တမ်းများစွာတွင် တိကျသောကိန်းဂဏန်းများပါဝင်ကာ ယင်းသည် ဖြစ်ပျက်ခဲ့သည့်အရာများကို ကွက်ကွက်ကွင်းကွင်းပုံပေါ်စေသည်။ ဥပမာ၊ ဂိဒေါင်သည် မိဒျန်စခန်းကို လူ ၃၀၀ မျှဖြင့်နှိမ်နင်းခဲ့သည်။ (သူကြီး. ၇:၇) ယေဟောဝါ၏ကောင်းကင်တမန်သည် အာရှုရိစစ်သား ၁၈၅,၀၀၀ ကိုရှင်းပစ်ခဲ့သည်။ (၄ ရာ. ၁၉:၃၅) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် လူ ၃,၀၀၀ ခန့်နှစ်ခြင်းခံခဲ့သည်၊ ၎င်းနောက်များမကြာမီ ယုံကြည်သူများ၏အရေအတွက်သည် ၅,၀၀၀ ခန့်အထိတိုးများလာခဲ့သည်။ (တ. ၂:၄၁; ၄:၄) ဘုရားသခင်၏ရှေးကျေးကျွန်များသည် ပြည့်စုံတိကျသောမှတ်တမ်းတစ်ခုပြုစုရန် များစွာကြိုးစားခဲ့ကြကြောင်း ၎င်းမှတ်တမ်းများကဖော်ပြသည်။

၂ ယနေ့ ယေဟောဝါ၏အဖွဲ့အစည်းသည် လစဉ်လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှုကို မှတ်တမ်းပေးရန် ကျွန်ုပ်တို့ကိုညွှန်ကြားသည်။ ဤအစီအစဉ်နှင့် သစ္စာရှိရှိပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဟောပြောခြင်းလုပ်ငန်းကို ထိရောက်စွာကြီးကြပ်နိုင်စေသည်။ ဓမ္မအမှု၏ကဏ္ဍတစ်ခုသည် အာရုံစိုက်ဖို့လိုအပ်ကြောင်း သို့မဟုတ် အချို့သောလယ်ကွင်းတွင် နောက်ထပ်လုပ်သားများ လိုအပ်ကြောင်း မှတ်တမ်းများကဖော်ပြပေမည်။ အသင်းတော်တွင် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများသည် ဓမ္မအမှုတိုးချဲ့ရန်အလားအလာရှိသူများကိုရော အကူအညီလိုအပ်မည့်သူများကိုပါ ခွဲခြားသိရှိရန် အကြီးအကဲများအားကူညီပေးသည်။ ထို့အပြင် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း တိုးတက်မှုမှတ်တမ်းများသည် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးအတွက် အားပေးမှုဖြစ်စေသည်။ တိကျသောမှတ်တမ်းတစ်ခုဖြစ်စေရန် မိမိအပိုင်းကို သင်လုပ်ဆောင်နေသလော။

၃ သင်၏ကိုယ်ပိုင်တာဝန်– လကုန်သည့်အခါ ဓမ္မအမှုတွင် သင်လုပ်ဆောင်ခဲ့ရာများကို မှတ်မိဖို့အခက်တွေ့သလော။ ထိုသို့ဖြစ်ပါက လယ်ကွင်းလုပ်ငန်းတွင် သင်ပါဝင်သည့်အခါတိုင်း သင်၏လုပ်ဆောင်မှုကို ရေးမှတ်ထားပါ။ အချို့သည် ပြက္ခဒိန် သို့မဟုတ် နေ့စဉ်မှတ်တမ်းစာအုပ်တစ်အုပ်ကို အသုံးပြုကြသည်။ အခြားသူတို့မူ သူတို့နှင့်အတူ လယ်ကွင်းလုပ်ငန်းမှတ်တမ်းစာရွက်အလွတ်တစ်ခုကို ဆောင်ထားကြသည်။ လကုန်သည့်အခါ သင့်မှတ်တမ်းကို သင့်စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးအား ချက်ချင်းပေးပါ။ သို့မဟုတ် သင်ပိုနှစ်သက်မည်ဆိုလျှင် သင်၏မှတ်တမ်းကို နိုင်ငံတော်ခန်းမရှိ မှတ်တမ်းသေတ္တာတွင် ထည့်နိုင်သည်။ သင့်မှတ်တမ်းပေးဖို့မေ့နေလျှင် သင့်ထံအလာကိုစောင့်နေမည့်အစား သင်၏စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးကို ချက်ချင်းဆက်သွယ်ပါ။ အသိရှိရှိတာဝန်သိသိဖြင့် သင်၏လုပ်ဆောင်မှုမှတ်တမ်းပေးခြင်းက ယေဟောဝါ၏အစီအစဉ်ကိုလေးစားကြောင်း၊ မှတ်တမ်းများကောက်ယူစာရင်းပြုစုရန် တာဝန်ရထားသောညီအစ်ကိုများအပေါ် မေတ္တာပါသောထောက်ထားစာနာမှုရှိကြောင်း ဖော်ပြသည်။—လု. ၁၆:၁၀။

၄ စာအုပ်ကြီးသင်တန်းကြီးကြပ်မှူး၏ကဏ္ဍ– နိုးကြားပြီး ဂရုစိုက်သောသိုးထိန်းတစ်ဦးအနေနှင့် စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးသည် တစ်လလုံးအတွင်း အုပ်စု၏လုပ်ဆောင်မှုကိုစိတ်ဝင်စားသည်။ (သု. ၂၇:၂၃) သူသည် ကြေညာသူတစ်ဦးစီ မှန်မှန်၊ အဓိပ္ပာယ်ရှိရှိနှင့် ရွှင်လန်းစွာပါဝင်နေမနေသိရှိကာ တစ်စုံတစ်ဦးသည် တစ်လလုံးတွင် တစ်ခါမျှမပါဝင်ပါက လျင်မြန်စွာအကူအညီပေးသည်။ အားပေးစကားတစ်ခွန်း၊ လက်တွေ့ကျအကြံပြုချက်တစ်ခု သို့မဟုတ် လယ်ကွင်းလုပ်ငန်းတွင် သူနှင့်အတူပါဝင်ရန် ဖိတ်ခေါ်ချက်တစ်ခုသည် လိုအပ်သည့်အရာများဖြစ်လေ့ရှိသည်။

၅ လကုန်သည့်အခါ စာအုပ်ကြီးသင်တန်းကြီးကြပ်မှူးသည် အတွင်းရေးမှူးက နောက်လခြောက်ရက်တွင် ဌာနခွဲရုံးသို့ တိကျသောအသင်းတော်မှတ်တမ်းပေးပို့နိုင်ရန် အုပ်စုရှိသူအားလုံး သူတို့၏လုပ်ဆောင်မှုမှတ်တမ်းပေးသည့်တာဝန်ကျေပွန်ကြကြောင်း သေချာစေသည်။ လကုန်ခါနီးတွင် စာအုပ်ကြီးသင်တန်းနေရာ၌ အုပ်စုအား နှိုးဆော်ကာ မှတ်တမ်းစာရွက်များပေးခြင်းသည် သူ့အတွက်အထောက်အကူပြုပေမည်။ တစ်စုံတစ်ဦးသည် မှတ်တမ်းပေးဖို့မေ့နေလျှင် သူသည် သင့်လျော်သလို နှိုးဆော်အားပေးနိုင်သည်။

၆ ကျွန်ုပ်တို့၏လယ်ကွင်းလုပ်ငန်းမှတ်တမ်းများကို အချိန်မီပေးခြင်းသည် လယ်ကွင်းတွင် ပြီးမြောက်ခဲ့ရာများကို အတိအကျဖော်ပြသည့် မှတ်တမ်းတစ်ခုကိုပြုစုရန် အထောက်အကူဖြစ်စေသည်။ လစဉ် သင်၏လုပ်ဆောင်မှုကို အချိန်မီမှတ်တမ်းပေးခြင်းဖြင့် သင့်အပိုင်းကို လုပ်ဆောင်မည်လော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ