ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၉၄ စာ. ၁
  • ယေဟောဝါ၏သားဦးကို ကြိုဆိုလေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏သားဦးကို ကြိုဆိုလေ!
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ဝင်စားမှုတင်ပြသူအားလုံးကို ကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ‘သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ကောင်းသောအမှုအရာအတွက် စိတ်ထက်သန်မှုရှိလော့!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • အောက်မေ့ရာပွဲ ကျင်းပဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေး
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၂/၉၄ စာ. ၁

ယေဟောဝါ၏သားဦးကို ကြိုဆိုလေ!

၁ စီ.အီး. ၃၃ နိသန် ၉ ရက် တနင်္ဂနွေနေ့တွင် “ယေဟောဝါ၏နာမနှင့် ကြွလာတော်မူသောဘုရင်” အဖြစ် ယေဟောဝါ၏သားဦး သခင်ယေရှုခရစ်အား လူအုပ်ကြီးသည် စွန်ပလွံခက်များကိုင်လျက် ကြိုဆိုခဲ့ကြသည်။ (လု. ၁၉:၃၈; ဟေဗြဲ ၁:၆) ကိုယ်တော့်မြေကြီးဆိုင်ရာ ဘဝအသက်တာ၏ နောက်ဆုံးနေ့ရက်များအဝင်ဖြစ်သည့် နိသန် ၁၀ နှင့် ၁၁ တနင်္လာနှင့် အင်္ဂါနေ့များသည် ယေရှု၏ ဓမ္မအမှုတော်ဆောင်ရွက်ချိန်အတွင်း အလုပ်အများဆုံး နေ့ရက်များဖြစ်ပါသည်။

၂ ယနေ့ ထိုထက်မက အရေအတွက်များပြားသော လူအုပ်ကြီးသည် ပုံဆောင်ရာစွန်ပလွံခက်များကိုင်လျက် ကြီးသောအသံဖြင့် ဤသို့ကြွေးကြော်ကြသည်– “ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်း။” (ဗျာ. ၇:၉၊ ၁၀) မတ်လ ၂၆ ရက်နေ့တွင် ခရစ်တော်သေခြင်း၏ သတိရအောက်မေ့ပွဲကို ကျင်းပခြင်းငှာ စည်းဝေးကြမည်။ ထိုနေ့ရက် နီးလာသည်နှင့်အမျှ ဓမ္မအမှုကို တိုး၍ကြိုးစားလုပ်ဆောင်နိုင်ကြမည်လော။ သို့ ဖြင့် ကမ္ဘာချီ ချီးမွမ်းထောမနာပြုခြင်းကို တိုးမြှင့်ပေးနိုင်ကြမည်လော။

၃ လယ်ကွင်းလုပ်ငန်းကို တိုးမြှင့်– မတ်လအတွင်း အရန်ရှေ့ဆောင်ရန် ကြေညာသူများစွာသည် နာမည်စာရင်းသွင်းထားနှင့်ပြီ။ သူတို့နည်းတူ အသင်လည်း ပြုလုပ်လိုသလော။ ထိုသို့ဆိုလျှင် မနှောင့်မနှေးဘဲ လျှောက်လွှာတင်ပါ။ လုပ်ငန်းတော်နှင့်စပ်လျဉ်း၍ သင့်မေးခွန်းများကို အကြီးအကဲတစ်ဦးတစ်ယောက် ဝမ်းမြောက်ဝမ်းသာဖြေဆိုပေးပါလိမ့်မည်။

၄ အရန်ရှေ့ဆောင်နိုင်သည်ဖြစ်စေ၊ မဆောင်နိုင်သည်ဘဲဖြစ်စေ မတ်လအတွင်း ဓမ္မအမှုဆောင်လုပ်ငန်းတွင် သင်အပြည့်အဝပါဝင်လိုပေမည်။ ထိုလအတွင်း အုပ်စုလိုက် နေ့စဉ်အမှုဆောင်ထွက်နိုင်ကြရန် အသင်းတော်က စီစဉ်ပေးနိုင်ပါလိမ့်မည်။ ထိုသို့အလို့ငှာ ရပ်ကွက်အလုံအလောက်ရှိရန် စီစဉ်ထားသင့်သည်။

၅ မတ်လ ၂၆ ရက် စနေနေ့တွင် လယ်ကွင်းလုပ်ငန်းအတွက်အစည်းအဝေးတစ်ခုကို အသင်းတော်တိုင်း အထူးစီစဉ်သင့်ပါသည်။ သတိရအောက်မေ့ပွဲအတွက် ပြုလုပ်ဆောင်ရွက်စရာ လုပ်ငန်းများစွာရှိဦးတော့ စနေနေ့နံနက်တွင် လယ်ကွင်းအမှုဆောင်ခြင်း၌ ပါဝင်နိုင်သူတိုင်း ပါဝင်လုပ်ဆောင်ကြရန် အားပေးတိုက်တွန်းပါသည်။ တစ်အိမ်မှတစ်အိမ် အမှုဆောင်သည့်အပြင် သတိရအောက်မေ့ပွဲကိုတက်ရောက်ရန် သင်ဖိတ်ကြားထားသူတို့အား ကြိုပို့ခြင်းအစီအစဉ်၊ စည်းဝေးမည့်နေရာနှင့် အချိန်ကို ရှင်းရှင်းလင်းလင်းသိမြင်စေပါ။

၆ အခြားသူများကို ဖိတ်ကြား၍ အားပေး– တပည့်တော်များအား ယေရှုဤသို့မိန့်တော်မူသည်– “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့။” (၁ ကော. ၁၁:၂၄) ထိုအမိန့်တော်ကို ယေရှု၏ဘိသိက်ခံတပည့်နောက်လိုက်များ နာခံကြသည်နည်းတူ ယေဟောဝါ၏ကျေးကျွန်တိုင်းလည်း သတိရအောက်မေ့ပွဲကို တက်ရောက်ကျင်းပကြမည်ဖြစ်သည်။ ဖိတ်ကြားခံရသူများတွင် သင့်ကျမ်းစာသင်အံမှုများ၊ ဆွေမျိုးဉာတိ၊ သင်နှင့် ကျမ်းစာဆွေးနွေးခဲ့ဖူးသူများ၊ မယုံကြည်သော အိမ်ထောင်ဖက်များနှင့် လုပ်ငန်းခွင်မှ အသိမိတ်ဆွေများပါ ပါဝင်သင့်သည်။ မည်သူ့ကိုမျှ ချန်လှပ်ထားမိခြင်း မရှိစေရန် နာမည်စာရင်းရေးဆွဲထားပါ။

၇ သတိရအောက်မေ့ပွဲကျင်းပချိန်၌ပင် စိတ်ဝင်စားသူများကို အားပေးတည်ဆောက်မှုပေးနိုင်သည့် ထပ်ဆင့်အခွင့်အရေးများ ပေါ်လာမည်။ ပထမအကြိမ် တက်ရောက်ကြသူ လူသစ်များကို ကြိုဆိုနိုင်ရန် စောစောရောက်ရှိနေပါ။ သင့်ကျမ်းစာသင်အံမှုအများအပြား တက်ရောက်မည်ဆိုလျှင် အခြားကြေညာသူတစ်ဦးအား သူတို့နှင့်အတူ စည်းဝေးအတွင်း ထိုင်ရန် စီစဉ်ထားလျှင် ကောင်းပေမည်။ မှန်မှန်ကျင်းပလေ့ရှိသော အသင်းတော်၏ လူထုဟောပြောချက်အစီအစဉ်ကိုလည်း တက်ရောက်ရန် လူသစ်များအား ဖိတ်ခေါ်ပါ။ လူထုဟောပြောချက်ပေးရန် ရွေးချယ်ခံရသောအကြီးအကဲသည် အားတက်သရောဟောပြောနိုင်ဖို့ ကောင်းစွာပြင်ဆင်မှုရှိသူ ဖြစ်သင့်ပါသည်။

၈ သတိရအောက်မေ့ပွဲကျင်းပပြီးသည့်အခါ “ယေဟောဝါရှင်၏သားဦးကို ကြိုဆိုလေ” သီချင်း နံပါတ် ၁၀၅ ကိုစုပေါင်းသီဆိုကြစဉ် ယေဟောဝါအား ချီးမွမ်းထောမနာပြုခြင်းငှာ သီအိုကရက်တစ်လုပ်ငန်းကို တစ်လလုံးလုံး ဇွဲလုံ့လရှိရှိ ဆောင်ရွက်ခဲ့သည့်အတွက် ကျေနပ်အားရမှု ရှိနိုင်ကြပါစေသတည်း!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ