အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးအတွက် သတိပေးချက်
နှစ်စဉ်ပင် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ဖေဖော်ဝါရီလထုတ်တွင်ပါသည့် ကြေညာချက်တစ်ခုက အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးအား “မှန်မှန်ရှေ့ဆောင်အားလုံး၏ လုပ်ငန်းကို ပြန်သုံးသပ်” ရန်ညွှန်ကြားပါသည်။ ဤသို့သုံးသပ်ကြည့်ခြင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း။ လုပ်ငန်းတော်နှစ်မကုန်မီ တောင်းဆိုထားသည့် နာရီပြည့်မီရန် မည်သူတို့အကူအညီလိုအပ်ကြောင်းကို ခန့်ခွဲကြည့်ရန်အတွက်ဖြစ်သည်။
မှန်မှန်ရှေ့ဆောင်များသည် ဓမ္မအမှုတွင် တစ်နှစ်လျှင် နာရီ ၁,၀၀၀ စာရင်းသွင်းကြရမည်ဖြစ်သည်။ ဖေဖော်ဝါရီလကုန်သည့်အခါ ရှေ့ဆောင်အချို့သည် သတ်မှတ်ချိန်မပြည့်ကြောင်း သတိပြုမိကြပြီး ယင်းက စိတ်ဓာတ်ကျစရာဖြစ်သွားစေနိုင်သည်။ အကြီးအကဲများသည် ရှေ့ဆောင်များကို လက်တွေ့ကျအကြံဉာဏ်များပေးကာ အားပေးကူညီနိုင်ပါသည်။ ယင်းသို့ ပြုခြင်းအားဖြင့် တစ်နှစ်တာအတွက် တောင်းဆိုထားသည့်အချိန်ကိုမီခြင်း သို့မဟုတ် ရှေ့ဆောင်စာရင်းမှ ထွက်လိုက်ရခြင်းဟူသည့် အဆုံးအဖြတ်ပေးရာ ဖြစ်နိုင်သည်။
ယင်းကိစ္စအပေါ် အကြီးအကဲများ တကယ်စိုးရိမ်မကင်းဖြစ်ခြင်းကို ရှေ့ဆောင်များ အမှန်တကယ်တန်ဖိုးထားပါလိမ့်မည်။ မိမိတို့ဓမ္မအမှုတွင် ပျော်ရွှင်မှုရရှိကာ တာဝန်ကို သစ္စာရှိရှိထမ်းဆောင်ကြသော ရှေ့ဆောင်များရှိသည့်အတွက် အသင်းတော်သည်လည်း အကျိုးကျေးဇူးများစွာခံစားရမည်။