ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၅ စာ. ၁
  • ခွန်အားပေးတော်မူသော ယေဟောဝါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခွန်အားပေးတော်မူသော ယေဟောဝါ
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတင်းကောင်းဝေငှခြင်း—ဆုတောင်းခြင်းဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • အဘယ်ကြောင့်မခြားမလပ် ဆုတောင်းသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယေဟောဝါသည် ခွန်အားပေးတော်မူ၏
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၆/၉၅ စာ. ၁

ခွန်အားပေးတော်မူသော ယေဟောဝါ

၁ ယေဟောဝါ၏လူမျိုးအနေနှင့် ‘လူတို့ရှေ့တွင် ကောင်းသောအကျင့်’ ကိုတင်ပြစဉ် သတင်းကောင်းဟောပြောရန်တာဝန် အပ်နှင်းခံရပေပြီ။ (မ. ၂၄:၁၄; ၁ ပေ. ၂:၁၂) ခဲယဉ်းသောကာလဖြစ်သည့်အပြင် ကိုယ်ကိုယ်တိုင်၏ အားနည်းချက်များ၊ ချွတ်ယွင်းချက်များကြောင့် ယင်းလုပ်ငန်းကို မိမိခွန်အားနှင့် အဘယ်နည်းဖြင့်မျှ ပြီးမြောက်နိုင်မည်မဟုတ်ပါ။ (၂ တိ. ၃:၁-၅) ကျွန်ုပ်တို့သည် ယေဟောဝါထံတော်မှ အကူအညီတောင်းဆိုနိုင်သည့်အတွက် ဝမ်းသာနိုင်သည်တကား!

၂ တမန်တော်ပေါလုသည် စုံစမ်းခြင်းအမျိုးမျိုးကို ခံရပ်နိုင်ခဲ့သည်။ (၂ ကော. ၁၁:၂၃-၂၇) သူသည် ယင်းတို့ကို ခံရပ်နိုင်ပြီး အပ်နှင်းခံရသောလုပ်ငန်းကို မည်သို့ ပြီးမြောက်နိုင်ခဲ့သနည်း။ “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ကို သူ့အား ယေဟောဝါပေးတော်မူခဲ့သည်။ (၂ ကော. ၄:၇၊ ကဘ) ပေါလုက ဤသို့ရေးသားရာတွင် ဘုရားသခင့်အကူအညီကို သူအသိအမှတ်ပြုခဲ့သည်– “ငါ့ကိုခွန်အားနှင့်ပြည့်စေတော်မူသောအရှင်၌ ငါသည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်၏။” (ဖိ. ၄:၁၃၊ သမ) ထပ်တူနည်းအတိုင်းပင် ကျွန်ုပ်တို့ကိုလည်း ယေဟောဝါ ကူညီပေးတော်မူမည်။ ဤအကူအညီကို မည်သို့ရရှိနိုင်မည်နည်း။

၃ မခြားမလပ်ဆုတောင်းခြင်းအားဖြင့်– အားမလျှော့ဘဲ ‘ဆက်၍တောင်း၊ ဆက်၍ရှာ၊ ဆက်၍ခေါက်’ ကြရန် ကျွန်ုပ်တို့ကို ယေရှုတိုက်တွန်းထားသည်။ (လု. ၁၁:၅-၁၀) ကျွန်ုပ်တို့ဇွဲရှိရှိဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှု မည်မျှကြီးကြောင်း၊ ကျွန်ုပ်တို့၏ဆန္ဒ မည်မျှပြင်းထန်ကြောင်း၊ ကျွန်ုပ်တို့၏ရည်ရွယ်ချက် မည်မျှစစ်မှန်ကြောင်းကို ယေဟောဝါရှေ့ သက်သေထူသည်။ (ဆာ. ၅၅:၁၇; ၈၈:၁၊ ၁၃; ရော. ၁:၉-၁၁) “မခြားမလပ်ဆုတောင်း” ရန်ပေါလုတိုက်တွန်းခြင်းအားဖြင့် ဇွဲရှိရှိဆုတောင်းခြင်း၏ အရေးကြီးမှုကို ပေါလုအသိအမှတ်ပြုနေခြင်းဖြစ်သည်။ (၁ သက်. ၅:၁၇) ဆုတောင်းခြင်းသည် ယေဟောဝါ၏အကူအညီရရှိနိုင်သည့် အဓိကနည်းတစ်နည်းဖြစ်သည်။

၄ သီအိုကရက်တစ် ညွှန်ကြားမှုကို လိုက်နာခြင်းအားဖြင့်– “သီအိုကရေစီ” အဓိပ္ပာယ်မှာ မေတ္တာရှင်ဖြစ်တော်မူသော “ဘုရားအုပ်ချုပ်မှု” ဖြစ်သည်။ ယင်းတွင် ယေဟောဝါ၏မေတ္တာပါ အခွင့်အာဏာကိုလက်ခံခြင်းနှင့် ဆုံးဖြတ်ချက်အကြီးအငယ်တွင် ကိုယ်တော်၏ညွှန်ကြားမှုကို လိုက်နာခြင်းတို့ပါဝင်သည်။ “သစ္စာနှင့်သတိပညာရှိသောကျွန်” သည် ကမ္ဘာပေါ်သီအိုကရက်တစ်အုပ်ချုပ်မှုကို ကိုယ်စားပြုသည်။ (မ. ၂၄:၄၅-၄၇၊ သမ) ယေဟောဝါ၏ကောင်းချီးခံစားလိုလျှင် ဤ “ကျွန်” အသုံးပြုသောအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည်။ (ဟေဗြဲ ၁၃:၁၇ နှိုင်းယှဉ်။) လိုအပ်သည့်အချိန်တွင် တန်ခိုးတော်ကိုပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏သစ္စာတည်ကြည်မှုနှင့် စိတ်စေတနာကို ယေဟောဝါဆုချတော်မူမည်။—ဟေဗြဲ ၄:၁၆။

၅ ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့် တရင်းတနှီးရှိခြင်းအားဖြင့်– ချစ်ခြင်းမေတ္တာသည် ယေရှု၏တပည့်တော်များကို ခွဲခြားသိမြင်စေသည့် အမှတ်အသားဖြစ်သည်။ (ယော. ၁၃:၃၄၊ ၃၅) ဥပဓိရုပ်အမျိုးမျိုးအဖုံဖုံရှိနေ၍ စိတ်သဘောကွဲလွဲမှုများကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်နိုင်သည်။ အချင်းချင်းအပေါ် သနားကြင်နာပြီး ခွင့်လွှတ်ဖို့လိုသည်။ (ဧ. ၄:၃၂) ယင်းသို့ပြုခြင်းအားဖြင့် ယုံကြည်ခြင်း၌ရှိသော ညီအစ်ကိုများနှင့် တရင်းတနှီးရှိပြီး စုံစမ်းခြင်းခံရသည့်အခါ သူတို့၏တည်ကြည်ခိုင်ခံ့သော ခံနိုင်ရည်ကြောင့် အားယူနိုင်သည်။ “လူပြည်အရပ်ရပ်တို့၌ရှိသော [ငါတို့] ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကိုခံရကြသည်ဟုသိမှတ်လျက်” ထပ်တူဖိစီးမှုများကို ရင်ဆိုင်နိုင်ရန်ကျွန်ုပ်တို့တွင် ဘုရားပေးခွန်အားရှိကြသည်။—၁ ပေ. ၅:၉။

၆ ကိုယ်ပိုင်လေ့လာမှုအစီအစဉ်ကောင်း ရှိထားခြင်းအားဖြင့်– ကျွန်ုပ်တို့၏စိတ်နှလုံးကို ဝိညာဉ်ရေးအရ ခိုင်ခံ့မြဲမြံစေခြင်းအားဖြင့် စာတန်၏တိုက်ခိုက်မှုကို ကျွန်ုပ်တို့တွန်းလှန်ဟန့်တားနိုင်သည်။ (၁ ပေ. ၅:၈) ကိုယ်ပိုင်လေ့လာမှုပြုရန် အစီအစဉ်ကောင်းရှိမည်ဆိုလျှင် ကျွန်ုပ်တို့၏ဘုရားရေးရာအသိပညာဘဏ္ဍာ တိုးပွားများပြားလာလိမ့်မည်။ နေ့စဉ်နေ့တိုင်း အခက်အခဲပြဿနာများ ရင်ဆိုင်ရသည့်အခါ ယင်းမှ ကျွန်ုပ်တို့ခွန်အားယူနိုင်သည်။ ကယ်တင်ခြင်းရရန် ‘တိကျမှန်ကန်သောအသိပညာ’ သည်အရေးကြီးကြောင်း ပေါလုအလေးအနက်ဖော်ပြသည်။ (၁ တိ. ၂:၃၊ ၄) ​ဝိညာဉ်​အစာကို မှန်မှန်စားသုံးရန် အရေးကြီးသည်။

၇ ကျွန်ုပ်တို့ခွန်အားရှိနေနိုင်ရန် လိုအပ်သမျှအကူအညီအားလုံးကို ခရစ်ယာန်အသင်းတော်မှတစ်ဆင့် လွယ်လင့်တကူ ရရှိနိုင်သည်။ အသင်းတော်၏လုပ်ငန်းဆောင်တာများကို ကျွန်ုပ်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထောက်ခံအားပေးခြင်းအားဖြင့် “ခရီးသွားသောအခါ မမောရကြ” ကြောင်းအာမခံထားပေသည်။—ဟေရှာ. ၄၀:၂၉-၃၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ